စေနDecember 21, 20101min1737
ဗိုလ်ချုပ်ဟောင်း၏ သားကို နေရွှေသွေးအောင် လူလွှတ်၍ ရိုက်ခိုင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင်(ဖိုးလပြည့်) က ၎င်း၏ နောက်လိုက်များအား စေလွှတ်ပြီး ဗိုလ်ချုပ်ဟောင်း ဝင်းလှိုင်၏သား ဝင်းထွေးလှိုင်ကို ရိုက်နှက်ထိုးကြိတ်စေခဲ့ကြောင်း သတင်းရရှိသည်။ နေရွှေသွေးအောင်သည် ရန်ကုန်မြို့ရှိ လစ်လပ်နေသည့် ဝန်ကြီးဌာနပိုင် မြေနေရာများနှင့် ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်များကို ငွေကြေးရယူ လုပ်ကိုင်ဆောင်ရွက် ပေးနေကြောင်း၊ ၎င်းပြောဆိုထားသည့် မြေနေရာကို ကာကွယ်ရေး ဝန်ကြီးဌာန ပစ္စည်းဝယ်ယူရေး (ကက ဝယ်) ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ဝင်းလှိုင်၏သား ဝင်းထွေးလှိုင်ကလည်း ဝင်ရောက် လုပ်ကိုင်ရန် ကြိုးစားရာမှ ပြဿနာ စတင်ခြင်းဖြစ်သည်ဟု သိရကြောင်း စစ်အစိုးရနှင့် နီးစပ်သူ လုပ်ငန်းရှင်တဦးက ဧရာဝတီ သို့ ပြောသည်။ “ဝင်းထွေးလှိုင်ကို ဖိုးလပြည့်က ဒီနေရာဟာ သူဦးထားတဲ့အတွက် […]