မနေ့ညက သူများတွေ တီဗွီရှေ့ထိုင် အကယ်ဒမီ ရင်ခုန်သံတွေ တဒိုင်းဒိုင်းမည်နေချိန်မှာ ကျနော်က ပေါက်ဖော်ကြီးတို့နဲ့ ချစ်ကြည်ရေးတိုးမြှင့်ဖို့ လုပ်တဲ့ ကပွဲထဲ ရောက်နေတာ.. တရုတ်စည်သံ၊ ဗမာစည်သံတွေ တဒုန်းဒုန်းကြားထဲ ဆွဲလာတဲ့ ဝါးတားတား ပုံလေးတွေ ကြည့်ကြပါအုံး ပေါက်ဖော်ကြီးတို့က သူတို့ပြည် ရိုးရာ အဆို အကတွေ၊ အတီးအမှုတ်တွေနဲ့ တင်ဆက်သွားသလို မြန်မာမှုအနေနဲ့ အိုးစည်ဒိုးပတ်ဝိုင်း၊ စည်တိုအက၊ ရုပ်သေးနဲ့လူ အပြိုင်ကတဲ့ ကကွက်တွေနဲ့ ဖျော်ဖြေခဲ့ကြလေရဲ့.. ထူးခြားတာက ရွှေပွဲလာတွေက ပေါက်ဖော်ကြီးတို့ အဆိုအကတွေက အိန္ဒိယကားထဲက ဟန်တွေနဲ့ အတော်ဆင်တယ် ပြောကြတာပါပဲ။ နိုင်ငံ ဘယ်ဒေသက လာတယ်တော့မသိ.. ဘင်္ဂလား၊ ပါကစ္စတန် နယ်စပ်နား ကျေးလက်ကများလား စိတ်ထဲမှတ်တယ်။ ဘေကျင်း အိုလံပစ်တုန်းက ကပြ ဖျော်ဖြေခဲ့တဲ့အကတွေ ကမာ္ဘ့ရိုးရာအကပွဲတွေမှာ ဆုရခဲ့တဲ့ […]


ပုံ-၂- ဖူးမျှော် ဦးတည် ဥပ္ပါတသိန္တိစေတီ ပုံ-၃- ရောင်စုံကုက္ကားတွေနဲ့ တံခွန်တိုင်  ပုံ-၅- ဘုရားလှိုဏ်ဂူအဝင်ဝက ကျောက်ဆစ်လက်ရာ ပုံ-၆- လှိုဏ်ဂူတော်အတွင်း မြင်ကွင်းကျယ်   ပုံ-၁၃- ရွှေတောင်ကြီးနဲ့ အရိပ် (ဒီပုံလေးရိုက်တော့ ရေထဲကအရိပ်ကို ခရေဇီဖြစ်တဲ့ သူတစ်ဦးကို သတိရ)   နေပြည်တော်မှာ နေထိုင်ပေမယ့်လို့ နေပြည်တော်တခွင်က လည်ပတ်စရာနေရာတွေကို တစ်လနေလို့ တစ်ခါ မသွားနိုင်ခဲ့ပါဘူး။ ရုံးဖွင့်ရက်မှာလည်း မိုးလင်းကစ ညနေ ၅ နာရီကျော်မှ အိမ်ပြန်ရောက်တာမို့ မသွားဖြစ်။ စနေ၊ တနင်္ဂနွေကျတော့ တပတ်လုံးပုံထားတဲ့ အိမ်အလုပ်တွေ ရှင်းရတာနဲ့ လည်ဖို့မလွယ်ပြန်။ ဒီလိုနဲ့ နေပြည်တော်က ရေပန်းဥယျာဉ်၊ တိရိစာ္ဆန်ဥယျာဉ်တို့၊ တိုင်းရင်းသားကျေးရွာ (National Landmark) ဆိုတာတွေဟာ နီးလျက်နဲ့ ဝေးနေခဲ့ရပါတယ်။ ဒီတပတ်ထဲမှာ မတွေ့တာ […]


(၆၃) ကြိမ်မြောက် အာဆီယံ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကော်မတီ အစည်းအဝေး (The 63 rd Meeting of the ASEAN Committee on Science and Technology) ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ မေလ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပနေပါတယ်။ အဆိုပါအစည်းအဝေးတွင် အာင်္ဆီယံဒေသတွင်း နိုင်ငံများအချင်းချင်း သိပ္ပံနှင့်နည်းပညာဆိုင်ရာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး သုတေသနပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာပူးပေါင်းဖလှယ်ရေး ၊သိပ္ပံနှင့်နည်းပညာဆိုင်ရာ ရန်ပုံငွေကိစ္စများ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး ကျင်းပသည့် နောက်ဆုံးရက်(၁၈.၅.၁၂)တွင်  ဆွေးနွေးဘက်နိုင်ငံများအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂ၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့လည်း တက်ရောက်မှာဖြစ်ပါတယ်။ ယနေ့ အစည်းအဝေးတွင် အဆိုပါဆွေးနွေးဘက်နိုင်ငံများအနေဖြင့် အာဆီယံနိုင်ငံများအား သိပ္ပံနှင့်နည်းပညာ […]


(၄၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်က မဏိရတနာကျောက်စိမ်းခန်းမမှာ ၂၀၁၂ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ (၉-၃-၂၀၁၂) ဖွင့်ပွဲနေ့မှာ ပြပွဲကို ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး တတ်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ နေပြည်တော်တွင် ဆဌမအကြိမ်မြောက်  ကျင်းပတဲ့ပြပွဲမှာ ကျောက်စိမ်းအတွဲ ၁၆၆၉ရ တွဲ၊ ကျောက်မျက်အတွဲ ၂၂ရ တွဲ၊ ပုလဲအတွဲ ၃၆ရ တွဲကို တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ပြသရောင်းချမှာဖြစ်ပါတယ်။ ပြပွဲသို့ နိုင်ငံပေါင်း ရှစ်နိုင်ငံ၊ ပြည်ပကုမ္ပဏီ ၄၃၂ ခုမှ နိုင်ငံခြားသား ရတနာကုန်သည် ၁၉၅၁ ဦးနှင့် ပြည်တွင်းကုမ္ပဏီ ၆၄၉ ခုတို့မှ ရတနာကုန်သည် ၃၀၃ရ ဦးခန့် ရောက်ရှိနေသည်ဟု နိုင်ငံပိုင်သတင်းစာ ကြေးမုံတွင် ရေးသားထားပါတယ်။ […]


နေပြည်တော် ဆိုတာနဲ့ ကျဲကျဲတောက်ပူတဲ့နေ၊ ကွန်ကရစ် လမ်းမကျယ်ကြီးတွေနဲ့ ဝန်ကြီးဌာန အဆောက်အဦးတွေ၊ ခုမှ အသစ်ဖော်ဆဲ ခြံ၊ မြေကွက်၊ စီမံကိန်း နေရာလွတ်ကြီးတွေ ဆောက်လက်စ အိုးအိမ်၊တိုက်တာတွေကိုပဲ စိတ်ကူးထဲမြင်တတ်ကြတဲ့ ရွာသူရွသားများအတွက် လက်ဆောင်လေးပါ။ စိမ်းမြမြ လယ်ကွက်တွေနဲ့ အဝေးမှာ မှုန်ပြပြ စေတီ ထန်းပင်၊ ထန်းတော.. လယ်သမားကြီးတော့ လယ်စောင့်တဲမှာ စည်းစိမ်ယူနေမလား ?


အရင်ပို့စ်မှာ ကိုကြောင်ကြီးက နေပြည်တော်မှာ ရွေးကောက်ပွဲ အခြေအနေလေးရေးပါဦးလို့ မန်းထားတော့ အဲဒါနဲ့ပတ်သတ်ပီး စိတ်ထဲကျလိကျလိဖြစ်ရတာ ပြောချင်တာလေးတွေ ရှိထားလို့ အမှတ်(၂) ဆိုပီး ဆက်ရေးလိုက်ပါတယ်.။ ပြီးခဲ့တဲ့ အပတ်ထဲမှာ နေပြည်တော်က ဝန်ထမ်းအားလုံး မဲပေးနိုင်ဖို့ရာအတွက် မိမိတို့ လက်ရှိစာရင်းပေါက်တဲ့ အိမ်ထောင်စုဇယားမှ အထွက်စာရင်းလုပ်လာပီး ဒီမှာအိမ်ထောင်စုစာရင်းဝင်ကြရမယ်လို့ အုတ်ကျော်သောင်းနင်း ဖြစ်လိုက်ပါသေးတယ်။ မည်သည့် ပုဂ္ဂိုလ်က ဘယ်သို့မှလိုက်မမှီသော ညဏ်နီ၊ ညဏ်နက်၊ ညဏ်စိမ်း၊ ညဏ်ပြာ၊ ညဏ်မဆလာတွေ သုံးလေသည်မသိ လူဝင်မှုကြီးကြပ်ရေးက စာရောက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့စည်းကမ်းများနဲ့ လျော်ညီစွာ မဲပေးနိုင်ကြစေဖို့ အိမ်ထောင်သည်၊ တခုလပ်နဲ့ တစ်လင်ကွာ၊ လူပျို ̸အပျိုသိုး အပုပ်အပွ နုနုရွရွပါမကျန် နေပြည်တော် တင်းပြည့်အိမ်ထောင်စုဇယားနဲ့ ပြောင်းကြရမှာပါတဲ့။ ဤလုပ်ငန်းစဉ်ကြီး လျှင်မြန်ချောမွေ့စေရေး စနေ၊တနင်္ဂနွေပါမကျန် ဆောက်ရွက်ပေးကြရန် သူတို့ဘက်က […]


ကာတွန်းကိုရွှေထူးက ကျွန်တော်တို့ရပ်ကွက်ထဲမှာဗျာ ဆိုပီး သူ့ရပ်ကွက်ထဲက ဗြုတ်စဗျင်းတောင်း သောင်းပြောင်းထွေလာအကြောင်း ရေးထားတာကို တုပလို့ ရွာစားကျော်လည်း ကိုယ် အပိုင်စားရ.. အဲလေ လက်ရှိစတည်းချနေတဲ့ ရာဇဌာနီ မင်းနေပြည်တော်ကြီးက ဟိုအကြောင်းဒီအကြောင်းလေတွေ မန်းဂဇက်မှာ ပွားချင်တာကြောင့် အထက်ပါ ခေါင်းစဉ်ကိုတပ်ပြီး သကာလ……   ပြောချင်နေတာတော့ကြာပီဗျာ.. မင်းနေပြည်တော်ကြီးက ရုံးတော်ကြီးတခုမှာ ကချောက်ကချက် ဝန်ထမ်းလေးတစ်ယောက် ဖြစ်တာကြောင့် မကြာမကြာကြုံ တတ်တဲ့ အဖြစ်လေးကိုပါ..။ သိတော်မူကြတဲ့အတိုင်း မင်းနေပြည်တော်ကြီးမှာက နိုင်ငံ့ အထွဋ်အခေါင် မှူးကြီးမတ်ရာ သေနာ ပတိ ကြီးများဟာ ပြည်သူ့အရေး နိုင်ငံ့အရေး ကြီးလေးတဲ့ လုပ်ငန်းတာဝန်နဲ့ ပျားပန်းခတ်မျှ သွားလာ နေကြတာကလား..။ နိုင်ငံ့တာဝန်တွေနဲ့ အရေးတကြီး အချိန်မလင့် လျင်မြန်ထိရောက် ခရီးပေါက်စိမ့်သောငှာ (ဥပမာ) ရွာစားကျော်တို့လို သာမန်သေးနုတ်တဲ့ အောက်ခြေ […]