Kaung Kin PyarApril 4, 20121min20514
ကောင်းကင်ပြာ ခုရောက်ရှိနေတာကတော့ နေပူတော်..အဲ…နေပြည်တော်ဆိုတဲ့ အလွန်ပူပြင်းခြောက်သွေ့သစ်ပင်သိပ်မရှိတဲ့ ဒေသကိုပါ။ ရောက်နေတာတော့ ကြာပြီပြောမလား၊ မကြာသေးဘူး ပြောမလား….(၃)လဆိုတော့ ရွာသူားတို့ပဲ သတ်မှတ်ကြပါတော့….။ အဆောင်နဲ့အလုပ်က ဖယ်ရီလေးနဲ့ဆိုတော့ ဟိုမရောက်ဒီမရောက်ဘဝပါ…။ (ကြီးကျယ်ခန်းနားသော နေပူတော်၏ အထင်ကရ နေရာများကို ဆိုလိုပါသည်။) ပိတ်ရက်တိုင်းလဲ ရန်ကုန်ပြန်၊ တစ်ချိန်လုံးလဲ ရုံးမှာပဲရှိပေါ့…။ ဒီနေ့တော့ ရုံးက ဝန်ထမ်းအမျိုးသမီးတစ်ယောက် ဆေးရုံတက်လို့ သတင်းသွားမေးပါတယ်…..။ လား……..လား…….. ဆေးရုံဆိုတာ အတော်ဝေးသကိုးရှင့်……….။ နေ့လည် (၁၁)နာရီမထိုးခင်က သွားလိုက်ဆိုတာ အသွားအပြန် မိုင်နှုန်းမြင့်ဘယ်မှမရပ်မောင်းတာ အသွား တစ်နာရီကျော် အပြန် တစ်နာရီကျော်ရှင်…။ ဒါတောင် ရုံးက ကားနဲ့မို့နော်….။ ရွာကို သတင်းအတိအကျတင်မယ်ဆိုပြီး ကားမောင်းသူကို စပ်စုကြည့်တော့ နေပြည်တော်နဲ့ ဆေးရုံဆို (၂၅)မိုင် ကျော်သတဲ့….။ အစကတော့ နေပြည်တော် ပတ်ဝန်းကျင် ရှုခင်းလေး […]