padonmarAugust 20, 20121min62627
နေဝင်းမောင်ရဲ့ ဆက်ဆံရေး အနုပညာ စာအုပ် ကို ဖတ်ညွှန်းလေး ကျမရေးမိပါတယ်။ နေဝင်းမောင်ရဲ့ ဆက်ဆံရေး အနုပညာ မှန်တာပြောရရင် ကျမ နေဝင်းမောင်ရဲ့ စာတွေ လေးစားပေမယ့် သူ့အကြောင်း သိပ်မသိပါဘူး။ သူ လူရည်ချွန်ဖြစ်ခဲ့တယ်ဆိုတာတောင် သူကွယ်လွန်ပြီးမှ သူ့အမေရဲ့ဆောင်းပါးတွေ ဖတ်ပြီးသိရတာပါ။ ကျမတို့ ခေတ်က လူရည်ချွန်ဆိုတာ တကယ့်ကို ကျောင်းပညာ၊ဗဟုသုတ၊အားကစား၊အနုပညာ ဘက်စုံအတော်ဆုံးမဟုတ်တောင် တီးမိခေါက်မိရှိတဲ့ လူတော်တွေကို မျက်နှာကြီးငယ် မလိုက် ရွေးချယ်ခဲ့တာဖြစ်လို့ လူတော်တိုင်း လူရည်ချွန်မဖြစ်ပေမယ့် လူရည်ချွန်တိုင်းဟာတော့ လူတော်တွေဖြစ်ပါတယ်။ (ကျမတော့ လူရည်ချွန်ထဲမပါခဲ့ပါဘူးနော်၊အလွန် အားကျမိတဲ့ဘဝပါ) ဒီလို လူတော်တွေ တော်တော်များများ ပြည်တွင်းမှာ မရှိကြတော့တာလည်း ကျမ မကြာခဏရေးဖြစ်ခဲ့ပါတယ်။ အဲဒီထဲက မြန်မာပြည်မှာ ကျန်တဲ့၊ နိုင်ငံ့အပြင်ထွက်ပြီးမှ မြန်မာပြည်ကိုပြန်လာတဲ့ လူရည်ချွန်တွေထဲက တစ်ယောက်ဖြစ်တဲ့ နေဝင်းမောင်အကြောင်းကို […]


padonmarAugust 20, 20121min34419
ကျမနဲ့နေဝင်းမောင် ကျမနဲ့နေဝင်းမောင်ဟာ ဆေး(၁)မှာ တစ်တန်းတည်းသားတွေပါ။ ဒါပေမယ့် ခင်မင်တဲ့ သူငယ်ချင်းတွေတော့ မဟုတ်ခဲ့ပါဘူး။ သူက ပညာတတ်အရာရှိ မိဘကမွေးတဲ့သူဖြစ်ပြီး ကျမက ပညာမတတ်တဲ့ ကုန်သည်မိဘက မွေးတဲ့သူဆိုတော့ Orbit မတူတဲ့ အသိုင်းအဝိုင်းတွေကြားမှာ ကျောင်းနေစဉ်က သိကျွမ်းခဲ့ခြင်းတောင် မရှိပါဘူး။ 3rd MB အရောက်မှာ သူဟာ ကျမတို့အတန်းနဲ့ လမ်းခွဲခဲ့ရပါတယ်။ ကျောင်းပြီးလို့ အနှစ် ၂ဝ အကြာ သူငယ်ချင်းတွေ ပြန်ဆုံကြတဲ့ပွဲလေးမှာ နေဝင်းမောင်နဲ့ ပြန်တွေ့ခဲ့ပါတယ်။ သူရဲ့ပါတနာဖြစ်တဲ့ ကျမတို့အတန်းရဲ့ မရှိမဖြစ် ခိုင် ကမိတ်ဆက်ပေးလို့ ပြော ဖြစ်တဲ့ စကား ၄-၅ ခွန်းထက်မပိုပါဘူး။ ကျမတို့ သူငယ်ချင်းတွေ နောက်ပိုင်းမှာ အဲဒီနေဝင်းမောင် ဆိုတာ ဟိုတစ်ယောက်မလားလို့ တီးတိုးတီးတိုး လုပ်ခဲ့ကြရုံပါဘဲ။ ကျမတို့ အတန်းရဲ့ […]