အရင်နှစ်တွေတုန်းဆီက ဒီအချိန်ရောက်လာပြီဆိုရင် ဒီနေရာလေးတွေဟာ ပြည့်ကျပ်နေတဲ့လူပင်လယ် ကထိန်ရဲ့ဈေးတန်းမ အရုပ်ပူဆာတဲ့ကလေး သေနတ်သေးသေး မလိုချင်လို့လွှင့်ပစ်တဲ့ကလေး ရီမုကွန်ထရိုးနဲ့ ကားမရလို့ အမေကိုရန်တွေ့တဲ့ကလေး ပွက်ပွက်ကိုညံနေရော ပြန်တွေးကြည့်ရင်တောင် ကြားယောင်နေရတုန်း…………။ ဟိုတစ်ဘက်နားဆီက လူခေါ်နေတဲ့ပွဲခမ်းမ တစ်ထိန်ထိန်တီးလို့ ရုတ်ရုတ်သဲသဲနဲ့ရယ်က အလှည့်ကားလာပြီဆိုရင်လဲ လိုက်ကြည့်ကြ လမ်းလျှောက်ဖို့တောင်မလိုပါပဲ လူလှိုင်းကိုစီးရင်း ကထိန်အလှည့်ကားရှေ့မှောက် ဒါရိုက်အရောက်…..။ ကားပေါ်မှာစတိတ်စင်ထိုးတင်ပြီး ညလုံးပေါက်လှည့်စမ်းမြို့အနှံ့ဆိုပြီး သီချင်းတွေဆိုတဲ့ကထိန်………..။ အရှေ့ဆီကရောင်နီချိန်ရောက်အောင် သီချင်းတွေဆိုလို့ကောင်းတုန်း……။ ဒီနှစ်တော့ဝေးပေါ့…. ဟိုတစ်ခါခေတ်မကောင်းစဉ်ကတောင် ကားတွေနဲ့နေ့ခင်းလှည့် ပွဲဈေးကိုကိုးနာရီပိတ် ဇာတ်ပွဲတွေနေ့ခင်းက အဲဒိလိုရှိခဲ့တာ နှစ်လေးဆယ်ကျော်ခဲ့ပြီလေ………။ တို့အရပ်တို့ဇာတ် တို့ကထိန်ဆိုတာက မြို့ပေါ်ကောတောနယ်ရောအားခဲ တစ်နှစ်မှတစ်ကြိမ်နွဲရတဲ့ပွဲတစ်ခု ကျန်တဲ့ရာသီ ပွဲဆိုတာမရှိရှာဘူး….။ ရွာသားတွေ မြို့ပေါ်ရောက်ဖြစ်တဲ့ကထိန် ရွာသူတွေ ပွဲကြည့်တဲ့ကထိန် သူတို့တစ်တွေမှာလည်း တစ်နှစ်လုံးတစ်ပိန်ပိန်တစ်လိန်လိန်နဲ့ နွားနဲ့ဖက်ရုန်းရတာ ဖင်ထဲရွှံ့တစ်ပိဿာဝင်ချင်ဝင်ပါစေ ကထိန်ချိန်မြို့ပေါ်ရောက်ရင်ပြီးရော…….. အဲဒိလိုအားထားကြတာ….။ ဒီကထိန်ဟာသူတို့အတွက်တော့ စက်စဲနဲ့ပေးမလဲ ချောင်းသာနဲ့အလိုက်ပေးလို့မရ […]