naywoon niJanuary 15, 20131min29318
တစ်ရက်က ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့အဆက်အသွယ်ရလို့ အင်တာနက်အကြောင်းပြောမိရာက သူဖေ့စ်ဘွတ်ပေါ်မှာ ရှိနေတယ်ဆိုတာသိလိုက်လို့ သူ့အကောင့်တောင်းပြီး ဂျီတော့ပေါ်မှာ စကားပြောဖို့ ခေါ်လိုက်ပါတယ်….။ ကျောင်းတုန်းကသူငယ်ချင်းဆိုတာက 88 ကျောင်းပိတ်တော့ကွဲကွာသွားတဲ့သူငယ်ချင်း နောက်တွေ့ဖြစ်တော့လည်းခဏတစ်ဖြုတ်ရယ်…။ စကားစမြည်ဆိုလို့ အားရပါးရ ပြောဖြစ်ချိန်ရယ်နဲတယ်…။ သူကလည်းသူ့အလုပ်နဲ့ ကိုယ်ကလည်းကိုယ့်ကိစ္စနဲ့ကိုဆိုတော့ တွေ့ရရင်လည်းခဏတဖြုတ် အေးအေးဆေးဆေးရယ်လို့မရှိခဲ့တာ….။ ဒါနဲ့ ခုတော့ဂျီတော့မှာအားရပါးရစကားပြောရပြီဟဲ့လို့ စိတ်ကူးလိုက်ပါတယ် …။ သတောင့်သားက တော်တော်နဲ့ ဂျီတော့ကနေအက်ထားတာ လက်မခံပြန်ဘူး….။ သေချာအောင်ဖုန်းနဲ့ဆက်ပြီးတော့ သူ့အကောင့်ပြန်မေးရင်း မင်းအင်တာနက်သုံးနေတာကြာပြီလားလို့ ပြန်မေးရသေးတယ်…။ မကြာသေးဘူးတဲ့ သူကဖေ့စ်ဘွတ်ပဲ သုံးတာတဲ့ ဟိုက်ရော…………။ အဲဒါနဲ့ဖုန်းထဲကနေဆဲလိုက်ရတယ်….။ နင့် xxxကလွှား လို့ ဟုတ်တယ် အင်တာနက်ပေါ်မှာ ဖေ့စ်ဘွတ်တစ်ခုထဲရှိတာကျနေတာပဲ….။ ဟုတ်တယ်…။ ဒါနဲ့ဂျီတော့ကိုလာခဲ့ အဲဒိရောက်မှ ဆက်ပြီး ဆဲမယ်လို့ပြောလိုက်တယ်…။ ညရောက်တော့ ဂျီတော့ပေါ်ကိုတက်လာပါတယ်…။ အဲဒိတော့မှာ သူကြည့်သင့်ဝင်သင့်တဲ့လင့်တွေ ပေးလိုက်တော့ ဘယ်လိုဖွင့်ရမှာလဲတဲ့……။ […]


naywoon niJune 28, 20121min62323
ကျုပ်တို့ ဗမာတွေက ဆဲစရာရှိရင် စာနဲ့ ပေနဲ့ သမိုင်းတွင်အောင် ဆဲတတ်ကလား….။ အောက်က တေးထပ်လေးဖတ်ကြည့်ရင် သိနိုင်ပါတယ်…။ အများကြီးရှိတဲ့ အထဲကမှ ထင်ရှားတာလေးရှာဖွေ ပေးလိုက်တာပါ….။ ယူလာတဲ့ လင့်လေးပါထည့်ပေးလိုက်ပါတယ်…။ အချုပ်တန်းဆရာဖေ(တေးထပ်) မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ဖြစ်ပြီ မှီးငြမ်းထောက်အသစ်မှီသည် ညစ်ပလီလူမျိုး မိပစ်လို့ဖရှောင်သွေတယ် ဂွကောင်တွေခွေးဖြစ်ပေါ့ဗျိုး။ ဗမာချင်းတော့ကြွားကြချင် ဓပြပင်သူခိုး ကုလားမြင် သူ့အမေရိုးတော့မလိုပ ခုမြေရှိုးပုန်းရှောင် မိုက်မနော်ပြုမဟေးတို့က သူ့ပထွေးတော့ခွေးသို့မဟောင် ပြောရောဟဲ့ ရာဇဝင်ပြောင်အောင် ဆာသင်တောင်ဒူးချလို့ ပလူးရပြေးကျို ့ကာ ခွေးသို့ပမာ တွေးမိတိုင်းအရိုးနာသည် အမျိုးပါဆဲချင်တော့လေး။ (အချုပ်တန်း ဆရာဖေ) ဆရာဖေ ဟာကုန်းဘောင်ခေတ် နှောင်းပိုင်း စာဆိုဦးပုည နဲ့ ခေတ်ပြိုင်ထင်ရှားခဲ့ပြီး မန္တလေးမြို ့ရိုး တောင်ဘက်ကျုံးထိပ် အချုပ်တန်းခေါ် မြင်းကုန်းနှီးတန်းမှာ နေထိုင်တဲ့ အတွက် အချုပ်တန်းဆရာဖေ […]


naywoon niJune 18, 20121min62429
ဟုတ်တယ်ဗျ…။ ကျုပ်ပိုမပြောဘူး..။ ကြွားစရာလည်းမဟုတ်ပါဘူး…။ ဗမာနဲ့ အဆဲက ခွဲခြားလို့မှမရတာ…။ ဗမာလူမျိုးလောက် အဆဲသန်တာ… ထွင်ထွင်ကျည်ကျည်ဆဲတတ်တာ….။ ဘယ်လူမျိုး ကလိုက်လို့မှီိမလဲ…။ ရှိလည်းနဲနဲပေါ့ ….။ ဟုတ်ဘူးလား…။ ဗမာတွေ ပါးစပ်ကိုက ဆဲတာ အရသာတွေ့နေသလိုပဲ….။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့….။ ကျုပ်က ရွာတွေ လှည့်သွားလာခဲ့ဖူးတော့ ဆဲတာလာက်ကတော့ အဆန်းတစ်ကျယ်မဟုတ်တော့ဘူး…။ လူကြီးရှေ့မှာသာ မခုတ်တတ်တဲ့ ကြောင်လိုလုပ်နေတာ ….။ အပေါင်းအသင်းကြားရောက်ရင်ဆဲတာပဲ…။ ယောက်ျားလေးတွေမှဆဲတာလား မဟုတ်ဘူး…။ ောင်မလေးတွေလည်း သူတို့အချင်းချင်းကျရင်ဆဲတာပဲ…။ ဆဲတာမှပျစ်ပျစ်နှစ်နှစ်ကိုဆဲတာ…။ မယုံမရှိနဲ့…။ မန္တလေးမှာကျောင်းတက်တုန်းက အနားမှဘယ်သူမှမရှိဘူးဆိုပြီး သူတို့ချည့် လွတ်လွတ်လပ်လပ်ဆဲနေတာ…။ ကျုပ်ကအနား ရောက်သွားတော့ကြားလိုက်ရတာ…။ ကဲ ဆဲတာက တော့ အကြောင်းမဟုတ်ဘူး…။ ဘာလို့ဆဲလဲ…။ မကျေနပ်လို့ အလိုမကျလို့ တစ်ခါတစ်လေကျတော့လည်း ဘာအကြောင်းမှမယ်မယ်ရရ မရှိပဲ ဆဲလိုက်ကြတာရှိတာပဲ…။ သူငယ်ချင်းတစ်ယောက်ရှိတယ်…။ သူ့ကိုသူကို […]


naywoon niDecember 11, 20111min922
အဲဒိရောက်စညက ရုံးမှာပဲ အိပ်ဖြစ်တယ်….။ မန်နေဂျာလုပ်တဲ့သူက လည်းအဲဒိမှာနေတာဆိုတော့ အိပ်ရတာအဖော်တော့ရတာပေါ့…..။ သိတဲ့ အတိုင်း မြန်မာပြည်က ကျောင်းတို့ ရုံးတို့ ဆိုတာတွေက ဟုတ်တာလည်းမဟုတ်ပဲနဲ့ ဘာရှိသလေး ညာရှိသလေး နာမယ်တော့ အကြီးသား….။ ပြီးတော့ သူတိုတွေက ရုံးဆင်းချိန် တန်းပြီး အိမ်ပြန်ကြတာမဟုတ်……။ နဲနဲ ဂလုပြီးမှ….. အားလေးဘာလေးသွက်လာရင် သီချင်းတွေ ဘာတွေ ဆိုကြ ကကြနဲ့….။ နေဝန်းနီကတော့ အဲဒိညက သိပ်မရောပါဘူး………။ တစ်ခွက်ပဲ သောက်လိုက်တယ်….။ (ဟီးး ပီပါ ကိုင်းတပ်ထားတဲ့ မတ်ခွက်ကြီးနဲ့) ……..။ ဘီအီးပါ……။ အရက်ဖြူဆိုင်က ဝယ်လာတာ……..။ ရွာတစ်ရွာက လာ ပို့ထားတဲ့ ထန်းရည်က နဲနေလို့တဲ့……..။ မန်နေဂျာ ဦးခင်မောင်စိန်နဲ့ နေဝန်းနီ အဖေတို့က ဟိုဘက်မှာ ထန်းရည်နဲ့….။ အဲဒိတော့ ဒီဘက်မှာ […]


naywoon niDecember 5, 20111min1284
မနက် အစောဆိုပေမဲ့ ကိုးနာရီလောက်ဆိုတော်တော်နေပူနေပြီ….။ ဧပြီလဆန်းကိုး…..။ ဒါနဲ့ ရုံးချိန်လည်းရောက် တော့မှာဆိုးပြီး သူတို့ခရိုင်ရုံးဘက်ကို ထွက်လာပါတယ်….။ မြင်းလှည်းကတော့ ကားဆိပ်ကို ရုံးစောင့်နဲ့ အတူသွားနှင့်ပြီ….။ ရုံးရောက်တော့ မန်နေဂျာအမျိုးသမီးက ထွက်ကြိုပါတယ်….။ မနက်စာစီစဉ်ထားပြီးပြီတဲ့….။ အင်း အမျိုးသမီးအရာရှိ ဆိုတော့ သေချာ စီစီစစ်စစ် စီစဉ်ထားတာပဲ….။ ဟင်းတွေ ဝယ်ချုင်းပြီး ရုံးမှာပဲ ပြင်ကျွေးတယ်….။ နေဝန်းနီကတော့ မျက်စိသူငယ် နားသူငယ်ပေါ့….။ မီးရထားဆိုတာ ရုပ်ရှင်ထဲလောက်မှာပဲ မြင်ဖူးတဲ့ ဒီအရပ်က လူတွေ ဘယ်လိုများနေထိုင်စားသောက်ကြပါလိမ့် စူးစမ်းချင်လာတယ်…..။ သူတို့ကလည်း နေဝန်းနီတို့ သားအဖကို မရဲတစ်ရဲ ဆက်ဆံကြတာပဲ….။ ဒါပေမဲ့ ထမင်းစားလို့ မပြီးခင်ပဲ တော်တော်လေးရင်းနှီးမှု ရလာပါတယ်….။ သူတို့ အတွက် သူလိုကိုယ်လိုပဲ လို့ သိသွားကြပါတယ်…။ နေဝန်းနီက ရုံးကကောင်မလေးတွေ ကိုအတည်ပေါက်စတာကိုး……။ […]


naywoon niDecember 1, 20111min963
နေ့လည် ထမင်းဆိပ်နဲ့ အိပ်ပျော်သွားတာ နေထိုးတာနဲ့နိုးလာတယ်…။ ကားကတော့ မြေနီ မှုန့်တွေ တစ်ထောင်းထောင်းကြားထဲ မောင်းကောင်းနေတုန်းပါပဲ…။ ဟိုး အဝေးဆီမှာတော့ နှမ်းခင်းတွေ လူတစ်ရပ်လောက်ရှိမယ်…။ ဒါကြောင့် မကွေးတိုင်းကို မြန်မာပြည်ရဲ့ ဆီအိုးကြီးလို့ ပြောကြတာဖြစ်မယ်…။ မြေအနေအထားကတော့ တွေ့ ရသလောက် စပါး စိုက်လို့ရမဲ့ မြေ မျိုးမဟုတ်ဘူး…..။ မြေက နီပြီ ဖွာနေသလိုပဲ…။ ထမင်းဆိပ်တက်ပြီး အိပ်ငိုက်သွားတာ ကျ,နေက မျက်နှာထိုးလို့ ပြန်နိုးလာတာ……..။ အနားက အဖေက “ မကွေးရောက်ခါနီးပြိ” တဲ့…။ ဝန်ထမ်းများတစ်နေရာကနေ တစ်နေရာ ပြောင်းလိုက်ရတာ…။ တစ်နေကုန်ခရီးနဲ့ မပြီးပါ့လား….။ မကွေးမှာ ညအိပ်ရမယ်တဲ့…..။ တိုင်းရုံးမှာ ဝင်နားမယ်ဆိုတဲ့ အကြောင်း ဖုန်းနဲ့ အကြောင်းကြားထားရပါတယ်…။ ဆက်သွားမယ်ဆိုရင်တော့ မြစ်ကူးပြီး မင်းဘူးမြို့ အထိ ရောက်မှာပါ…။ […]


naywoon niNovember 30, 20111min841
စက်တင်ဘာ ၆ ရက်နေ့ မနက်ရထားနဲ့ ပါမသွား သူတွေအားလုံး ညထွက်သမျှ ရထားသုံးစီးပေါ်ကို မျှဝေ တင်ပေးပါတယ်…။ နေဝန်းနီက ည ခြောက်နာရီရထားနဲ့လိုက်လာခဲ့တယ်….။ ကျောင်းသားအတော်များများက မူးနေပါပြီ…။ အားလုံး နောက်လို့ ပြောင်လို့ စိတ်ညစ်တဲ့ ဟန်တစ်ယောက်မှ မရှိကြဘူး…..။ ကောင်မလေးတွေသာ မျက်နှာငယ်လေးတွေနဲ့ပါလာကြတာ……။ နောက်ပိုင်းလည်း ရထားက ဒီအတိုင်း အလွတ်ထွက်နေတာပါပဲ……။ လက်မှတ်စစ်ရယ်လို့ မရှိတော့ဘူး…။ နှစ်ပတ်လောက်ကြာမယ်နဲ့တူရဲ့……။ ဘာအလုပ်မှမရှိတဲ့သူတွေ ဒီရထားကြီးစီးပြီး ရန်ကုန် မန္တလေး လျှောက်သွားနေကြတာပဲ……။ ဒီလို သွားမှရောက်ဖူးကြမှာလေ…..။ သူရို့ ခင်မြာမှာလည်း…..။ ရထားတွေ အစုန်အဆန် ဒီအတိုင်း ဖရီးဆွဲပေးနေတာ ပျော်စရာကြီးတဲ့……။ ကျောင်းက ရက်အကန့်အသတ်မရှိဘူး ပိတ်ထားတာ….။နေဝန်းနီတို့ဆို ကျောင်းစာအုပ်တောင် စုံအောင်မသိမ်းခဲ့ဘူး…..။ ဒီအတိုင်းပြန်ချလာတာ….။ အရက်ပုလင်း ခါးကြားထိုးပြီး တွေ့ရာ ရထားတွဲပေါ်တက်လာတာ…………။ မှတ်ကရော……..ပဲ…။ […]


naywoon niNovember 26, 20111min22711
မဆုံးတဲ့ …သီချင်း—၃၈ “ကျောင်းပိတ်လို့ ပျော်နေတာမဟုတ်ဘူးဗျို့…။ ပြန်စရာလမ်းစရိတ်မရှိလို့ ဘယ်နားသွားတောင်းရမလဲ … သီချင်းတိုက်နေတာ” ကိုကိုဦးက ဝင်ပြောတယ်..။ ကိုမြင့်ဇော်က “ ကျောင်းသားတွေ အတွက် ရထားစီစဉ်ထားတယ်..။ ကြိုက်တဲ့ရထားတက်စီးလို့ရတယ် ဘူတာတိုင်းရပ်ပေးမယ်လို့ပြောတယ်..။ ပါချုပ်နဲ့ ရုံပိုင် ညှိထားပြီးပြီ…။” ကိုမြင့်ဇော်က ပြောတော့ ဘကြီးသန်းက “ အေးပေါ့…။ မန္တလေးမှာ ကျောင်းသားရှင်းသွားဖို့က ဒီနည်းပဲရှိတာကိုး…။ ရှိသမျှ အကုန်ရောင်းပြီး အရက်တွေ မူးအောင်သောက်သွားတာပဲကောင်းတယ်..။ကျုပ်တို့က မိတ္ထီလာပြန်ရမှာ… ရထားလမ်းပေါက်တာမဟုတ်ဘူး… ကားနဲ့ပြန်မှအဆင်ပြေမှာ…။ ရထားက သာစည်အထိပဲရောက်မှာ… ဟိုဘက် 12 မိုင်လောက် ဘယ်ကားကမှ အလကားတင်မှာမဟုတ်ဘူး …။ အဲဒါဘယ်လိုစီစဉ်ပေးမှာလဲ” အဲဒိတော့ ဘကြီးသန်းက “ သာစည် ဘူတာမှာဆင်းပြီး တောမရောက်အောင်သာ ခြေလျင်လျှောက်ပြန် ဒါအကောင်းဆုံးပဲ…။” လို့ ဝင်ပြောရင်းနဲ့ ကိုမြင့်ဇော်က […]


naywoon niOctober 26, 20111min1121
မဆုံးတဲ့…..သီချင်း—၃၇ အဲဂလို နေဝန်းနီတို့ သုံးယောက်သားအရက်သောက်နေကြတုန်း အခန်းတံခါးကို ဖြတ်ကနဲ ဆွဲအဖွင့် ဘကြီးသန်းကလည်း အရက်ပုလင်းကိုအောက်အချ…။ တံခါးဝကို ကြည့်လိုက်တော့ တံခါးဆွဲဖွင့်လိုက်တဲ့သူက အဆောင်ပိုင်ရှင်ရယ်…။ ကွိုင်ပြီ လို့ထင်လိုက်တယ်…။ ဒါပေမဲ့ အခန်းထဲမှာ သုံးယောက် လုံးကို ပြုံးကြည့်နေတယ်..။ ပြိးတော့ “ ငါ့တူတို့ ဘယ်ကလာခေါ်ခေါ် မလိုက်နဲ့နော်” တဲ့..။ ဘာကိုပြောလိုက်မှန်းမသိသေးဘူး..။ သုံးယောက်သားအူကြောင်ကြောင် ဖြစ်သွားကြတယ်..။ သူကပဲဆက်ပြီး ……… “ အေး…။မင်းတို့ မသိသေးရင်ပြောပြထားရဦးမယ်..။ မြို့ထဲမှာ ပိုက်ဆံ သိမ်းတာ မကျေနပ်လို့ စုရုံး ဆန္ဒပြဖို့ လူစုနေတယ်..။ ကျောင်းကလည်း ပိတ်ဖို့ သေချာသွားပြီ..။ စောစောက ကောင်စီရုံးက ခေါ်ပြီး အဆောင်မှာ နေတဲ့ ကျောင်းသားတွေကို အဆောင်ပိုင်ရှင်က စုရုံးဆန္ဒ ပြတဲ့အထဲမပါဖို့ တာဝန်ယူပြီး လက်မှတ်ထိုးထားပေရတယ်..။ […]


naywoon niOctober 23, 20111min912
နေဝန်းနီကလည်း နေဝန်းနီပေပဲလေ….။ မူးလာရင် ဇောက်တိ ဇောက်ထိုးနဲ့ ဆိုတော့ မူးလာရင် သူတို့တွေ ဆော့စရာအရုပ် …။ အဲဒိလောက်ထိသောက်ခဲ့တာ…။။ ကိုယ်ခံအားကလည်း ကောင်းတုန်းကိုး….။ အဲဒါနဲ့ ကိုကိုဦး ငှဲ့ပေးတဲ့ အရက်ခွက် ကိုယူသောက်လိုက်မိတော့ ရင်ထဲက တစ်ချက်ပျို့လာသေးတယ်…။ ကမန်းကတန်း မော့ချလိုက်ပြီးတော့ ရေသောက်ချလိုက်တော့မှ နဲနဲသက်သာသွားတယ်..ကိုကိုဦးက “ လဒ ဒီအတိုင်းသာ ဆက်သွားနေလို့ကတော့ နောက်ဆယ်နှစ် တောင်နေရမှာမဟုတ်ဘူး…။ အရက်မသောက်ခင်ရေလေးဘာလေးလည်း ခံသောက်ဦး ဟကောင်ရ” တဲ့…။ ဟုတ်တော့လည်း ဟုတ်တယ်..။ နေဝန်းနီ အရက်သောက်ခဲ့တဲ့ သက်တမ်း တစ်လျှောက်လုံး အရက်နဲ့ ရေ ရောသောက်တာ နဲပါတယ်…။ ပေါ့သွားမှာ စိုးလို့ပါ…..။ အရက်ရဲ့ အရသာကို ဒီအတိုင်းသောက်တာက ပိုသိပါတယ်……။ နောက်ပိုင်းသောက်တဲ့ မီးတောက် ချက်အရက်တောင် ဒီအတိုင်းသောက်ခဲ့တာပါ……။ နောက်ပိုင်းကျတော့ […]


naywoon niOctober 22, 20111min1734
မဆုံးတဲ့….သီချင်း—၃၅ စက်တင်ဘာ-၅ ရက်နေ့ မိုးတွေလည်း အုံ့ပြီး အိုက်ပြုတ်ပြုတ်ကြီး ဖြစ်နေတယ်…။ အဆောင်မှာ ကိုကိုဦးဆိုတဲ့ ကောင်က သီချင်းလေးတစ်အေးအေးနဲ့ အဆောင်ပေါ်ကိုတက်လာတယ်..။ သူများတွေက ပိုက်ဆံတွေ သုံးမရတော့ လို့စိတ်ညစ်နေတဲ့ အချိန်မှာ ဒီကောင်မို့ သီချင်းလေးတစ်အေးအေးနဲ့လို့ နေဝန်းနီ အခန်းဖေါ် ကပြောတယ်..။ ကိုကို ဦးရဲ့ အသံက တစ်ဖြေးဖြေးနီးလာတော့ နေဝန်းနီတို့ အခန်းဘက်လာနေတာဖြစ်တယ်..။ အဆောင်က မျက်နှာချင်းဆိုင် အခန်းတွေ ကြားမှာ လမ်းကကျဉ်းမြှေင်မြှောင်လေး ….။ မျက်နှာကျဉ်းကျဉ်း နောက်ဘက်ခပ်ကျယ်ကျယ် နဲ့ မန္တလေးရဲ့ ခြံမြေဖွဲ့စည်းပုံအတိုင်းး …..။ “ အေ့….။ နေဝန်းနီ ဆိုတဲ့ ကောင် ရှိလား အေ့” မမူးသေးဘဲနဲ့ မူးသယောင် အသံပေးပြီး အခန်းထဲဝင်လာတဲ့ကိုကိုဦးကိုကြည့်ပြးီ….။ “နေဝန်းနီနော် ဘယ်လဒ မှ ငှက်မထင်ဘူး…။” […]


naywoon niOctober 11, 20111min601
ညရောက်တော့ ကိုမြင့်ဇော် အဆောင်မှာပဲ လိုက်အိပ်လိုက်တယ်..။ 73 မိန်း မုတ်ဦးကနေ ဝင်သွားရင် ပထမဆုံး တွေ့တဲ့ အရှေ့ အနောက်ဖြတ်လမ်း အတိုင်း အနောက်ဘက်ကိုလျှောက်သွားရတယ်…။ အရှေ့ဘက်ထွက်သွားရင် ကျောင်းဆောင်တွေကိုကျော်ပြီး အပြင်ဘက်ထွက်သွားတဲ့ မလွယ်ပေါက်ရှိတယ်…။ ကျောင်းဆောင်တွေထဲမှာ မန္တလေးတက္ကသိုလ်မှာ နာမယ်ကျော်တဲ့ ကျောင်းသူအဆောင်ရှိတယ်လေ…..။ နေဝန်းနီတို့ မူးတိုင်းပြောတတ်တဲ့ မိန်းမမှာ သစ္စာမရှိဘူး …။ သစ္စာမှာပဲ မိန်းမရှိတယ်ဆိုတဲ့ သစ္စာအမျိုးသမီးဆောင်ရှိတယ်..။ အနောက်ဘက်ကိုသွားရင်တော့ လမ်းကတော်တော်လေးဆိုးတယ်..။ ကျောက်ခဲ တွေ ပေါ်နေပြီ..။ ကျောက်ကြမ်းလမ်း သာသာလောက်ပဲရှိတာ…။ အဲဒိလမ်း အဆုံးပေါ့ ရေနီမြောင်းက တောင်မြောက်ကန့်လန့်ဖြတ်စီးနေတယ်…။ ရေနီမြောင်း မရောက်ခင်လေးမှာ အမှတ်သုံး ဘတ်စကားတွေ ရပ်တဲ့နေရာရှိတယ်..။ အမှတ်သုံး ဘစ်ကားစထွက်တဲ့နေရာပေါ့….။ နောက်တော့ ယူတီစီ ကွင်းထဲ ပြောင်းသွားပါတယ်..။ ရေနီမြောင်းကူးတဲ့ တံတားလေးကိုကျော်လိုက်ရင် ကိုမောင်မောင်တို့ […]


naywoon niOctober 10, 20111min1072
မဆုံးတဲ့…. သီချင်း–၃၃ နေဝန်းနီတို့က ရတနာဘုမ္မိနယ်မြေ လမ်း80×35 လမ်းမှာကျန်နေခဲ့တာ…။ နောက်နှစ်တော့ တူမှာပေါ့…။ ဒီနှစ် ကျောင်းက နေ့လည်ပိုင်းတက်ရတာဆိုတော့… ညနေပိုင်းမှ အမှတ်3 ဘတ်စကားစီးပြီး သွားရတာဆိုတော့ ကိုမြင့်ဇော်အဆောင်မှာပဲ အိပ်ဖြစ်တာများပါတယ်..။ ကိုမြင့်ဇော်က အစိုးရဆောင်ရတယ်လေ…..။ အဆောင်က တိုက်မဟုတ်ပါဘူး….။ အမှတ်3 ဘတ်စကားက ကျောင်းဝိုင်းထဲမှာ ဂိတ်ထိုးတာ…။ အဲဒိ ဂိတ်ကနေ အနောက်ဘက် ဆင်းလိုက်ေတော့ တောင်မြောက်စီးဆင်းနေတဲ့ ရေနီမြောင်းကလေးကိုကျော်လိုက်တော့ ဇေယျာ / မန္တလာဆောင်ကို ရောက်ပါတယ်…။ ကိုမြင့်ဇော်က အနောက်ဘက်ပိုကြတဲ့ အဆောင်မှာ ရတာပါ…။ သစ်သား နှစ်ထပ်ဆောင်ပါ..။ ဒါပေမဲ့ နှစ်ယောက်ခန်းတွေ ဆိုတော့ ပိုကောင်းတာပေါ့…။ ကျန်တဲ့ အဆောင်တွေက လေးယောက်ခန်းခြောက်ယောက်ခန်းနဲ့ ဟောလ် ခန်းတွေချည့်ပဲလေ……..။ အဲဒိတော့ သောကြာနေ့ ညနေဆိုရင် ကိုမြင့်ဇော် အဆောင် […]