ဆန်းဒေး တုန်းက အိမ်မှာ အားနေတာနဲ့ ရုပ်ရှင်တွေ ကြည့်လိုက် ယူကျု တွေ ကြည့်လိုက်နဲ့ နားဖြစ်တယ်ဗျ။ အဲ့ဒီမှာ ကြည့်မိတာက 9GAG.TV က ဗီဒီယိုအပိုင်းလေး တစ်ခု။ ဘာအကြောင်းလဲ ဆိုတော့ Fifty Shades of Grey ဆိုတဲ့ စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာကို ဖိုးဖိုး ဖွားဖွားတို့ အဖွဲ့ တစ်ခုကနေပြီးတော့ trailer လေးကြည့်ပြီး သူတို့ မြင်တဲ့ အမြင်တွေကို ပြောပြကြ ဆွေးနွေးကြတာပေါ့။ Fifty Shades of Grey ဆိုတာကလဲ အနောက်နိုင်ငံတွေမှာ လိင်ကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ကြီး ပွင့်ပွင့်လင်းလင်း ရေးထားတဲ့ စာအုပ် ဖြစ်နေလို့ အတော် ပွဲဆူ ထားတဲ့ စာအုပ်ပါ (မြန်တျန့် က ရိုမန်းဘော့ထ် လိုပေါ့)။ ပထမတော့ ဒီတိုင်းပဲ အဖိုးကြီး အဖွားကြီးတွေ ဘယ်လိုတွေ ပြောကြမလဲ ဆိုပြီး […]


  Facebook မှာ ပရလောကမှ ရှားပါးမှတ်တမ်းများ ဆိုတဲ့ ပေ့ချ် မှာ တင်ထားတဲ့ ရွှေတိဂုံစေတီတော် ရဲ့ ပုံရိပ် ဆလိုက်မီး ထိုးလို့ မိုးသားတိမ်အနိမ့် မှာ ထင်နေတဲ့ ပုံမှာ တွေ့လိုက်ရတာပါ။မယုံတဲ့သူတွေ ယုံတဲ့သူတွေ နမိတ်ဆိုပြီးပြောတဲ့လူတွေ ရူပဗေဒ သဘောနဲ့ ရှင်းပြနေတဲ့လူတွေ ကုလားမုန်းတဲ့လူတွေ ရွှေပြည်အေး တရားဟော ဆရာတွေ ရဲ့ မျိုးစုံသော ကောမန့်တွေကို အိပ်ငိုက်ပြေလေး လိုက်ဖတ် မိနေတုန်းပဲ ဒီကောမန့်ကို တွေ့လိုက်တာပါ။ “မင်းတို့က ဗုဒ္ဒ ဘာသာဝင်တွေ မဟုတ်လား။ ဗုဒ္ဒ ဘာသာဝင် ဆိုရင် ဘာမှကို မဝေဖန် နဲ့” ဆိုပဲ။ hitler nazi, neo nazi, grammar nazi, spelling nazi တွေပြီးတော့ […]


ဒီ ပုံ ကို မြင်သွားတော့ ဟိုးတုန်းက ဖတ်ဖူးတဲ့ ဟာသ လေး တစ်ခု သွား သတိရတယ်။ အနောက်နိုင်ငံ က တက္ကသိုလ် တစ်ခု မှာ အဆောင်ထိန်းတွေက ကျောင်းသား တွေကို သတိပေးနေတာ “ကျောင်းသားတွေ မိန်းကလေး အဆောင် ဘက်ကို အခွင့် မရှိဘဲ သွားတာကို မိရင် ပထမ တစ်ခါ မိရင် ၅ဒေါ်လာ ဒဏ်ကြေး  ဒုတိယ တစ်ခါ ဆိုရင် ၁ဝဒေါ်လာ ဒဏ်ကြေး တတိယ တစ်ခါ ဆိုရင် ၁၅ဒေါ်လာ ဒဏ်ကြေး ဆိုပြီး ကောက်သွားမှာ ဖြစ်တယ်” ဆိုပြီးတော့ပေါ့။ ပြီးတော့မှ မရှင်းတာ ရှိရင် မေးနိုင်တယ် ဆိုတော့ နားထောင် နေတဲ့ ကျောင်းသားတွေထဲက […]