Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လာထား လာထား ၁၀ဝ ဖိုး ၂ယောက်….

irrawaddy blog 9ei photo

ဒီ ပုံ ကို မြင်သွားတော့ ဟိုးတုန်းက ဖတ်ဖူးတဲ့ ဟာသ လေး တစ်ခု သွား သတိရတယ်။

အနောက်နိုင်ငံ က တက္ကသိုလ် တစ်ခု မှာ အဆောင်ထိန်းတွေက ကျောင်းသား တွေကို သတိပေးနေတာ

“ကျောင်းသားတွေ မိန်းကလေး အဆောင် ဘက်ကို အခွင့် မရှိဘဲ သွားတာကို မိရင် ပထမ တစ်ခါ မိရင် ၅ဒေါ်လာ ဒဏ်ကြေး 
ဒုတိယ တစ်ခါ ဆိုရင် ၁ဝဒေါ်လာ ဒဏ်ကြေး
တတိယ တစ်ခါ ဆိုရင် ၁၅ဒေါ်လာ ဒဏ်ကြေး ဆိုပြီး ကောက်သွားမှာ ဖြစ်တယ်” ဆိုပြီးတော့ပေါ့။

ပြီးတော့မှ မရှင်းတာ ရှိရင် မေးနိုင်တယ် ဆိုတော့ နားထောင် နေတဲ့ ကျောင်းသားတွေထဲက တစ်ယောက်က

“တစ်နှစ် စာ အပြီး အစီး ဆိုရင် ကော ဘယ်လောက် ကျပါသလဲ ခင်ဗျား” တဲ့။

အဲ့လိုပဲ ဒီထဲမှာလဲ ဘာသာခြား ကို ယူရင် သိန်း ၅ဝ ဆိုတော့ကာ တရုတ်ကြီး တို့ အကြိုက်ပဲ နေမှာ
ဟုတ်တယ်လေ သူတို့ ခမျာ မြန်မာ မိန်းမ တစ်ယောက် ရဖို့ကို သိန်း ၁၀ဝ လောက် ပေးနေရတဲ့ ကိစ္စ

ဒီမှာ လာယူရင် သိန်း ၁၀ဝ ဆို ၂ယောက် တောင် ရဦးမှာ…

ပုံကို ဒီက ယူပါတယ်

(ပို့စ် တစ်ခါ မှ မတင်ဖူးပါဘူးဗျ။ ဒီပုံလေး မြင်တော့ကာ ခေါင်းထဲက အဲ့လို ပေါက်ပေါက်ရှာရှာ တွေ တွေးမိသွားတာနဲ့ပဲ…..
အမှားပါရင် ပြောပြကြပါ။ ဝေဖန် လေကန် ကြပါ။ 🙂 )

17 comments

  • alinsett (gazette)

    June 26, 2014 at 8:09 pm

    ပိုစ့်တစ်ခါမှသာ မတင်ဘူးတယ်.. စာသားလေးကိုလင့်ချိတ်သွားတာလေးက
    အတော်သေသပ်တယ်နော်
    ဒီရွာနဲ ့ မစိမ်းဘူးလို ့… မှတ်ပါတယ်.. ။

    ဒီလင့်ခ်မှာ..
    http://myanmargazette.net/199523
    ဟောဒီပုံလေးနဲ ့ပဲ.. ဒီနေ့ပဲ…
    ပိုစ့်တစ်ပုဒ်တင်ထားသေးတယ် ..

    အဲဒီထဲမှာ..comment နဲ ့ ဝင်ပြောလည်း..ရကြောင်းပါ… .

    • JackSkellington

      June 26, 2014 at 8:18 pm

      ရွာ နဲ့ မစိမ်း ဆို မန်ဘာ ဝင်ထားတာ နှစ် ကို တော်တော် များ နေပြီ ထင်တယ် း)
      ပို့စ် က တော့ ခုမှ တင်ဖူးတာပါဗျာ။

  • Shwe Poe

    June 26, 2014 at 8:41 pm

    ဈေးဆစ်လို ့ရောရလား
    😀

    • JackSkellington

      June 27, 2014 at 6:45 am

      တစ်ခွန်းဈေး ထင်တယ်…
      ဝယ်ပြီး ပစ္စည်း ပြန်လဲလို့လဲ မရဘူး တဲ့။

  • ဇီဇီ

    June 27, 2014 at 7:57 am

    ဂလိုမှ ပေါ့။။
    တွေ့တဲ့ ပုံလေးနဲ့ တွေးမိတဲ့အတွေးလေးနဲ့ ပို့(စ)။
    ဟိုဘက်မှာတော့ ဒီ ဓာတ်ပုံတစ်ပုံတည်း တင်ပြီး ပို့(စ) ဖြစ်အောင်လုပ်စားနေလေရဲ့။

    ဟိုလိုလည်းဖြစ်နေဦးမယ်။
    သစ်တစ်ပင်ခုတ် အချုပ် ၃ လ။
    တစ်တတောလုံးပြောင်အောင်ရောင်းနိုင်ရင် လူဂျီး သမီးပါရ တဲ့ ကခေတ်ဆိုတော့လည်းးးး
    ဟို ဘာသာခြား အဆိုတော်လေးကို ယူတဲ့ ဝန်ကြီး သာမီးကျ ဘာမှ ပြောကြဝူးလားဟမ်??

    :mrgreenn:

    • JackSkellington

      June 27, 2014 at 8:52 am

      ပြောကြတယ်လေ။ ဝန်ကြီးသမီး က တခုလပ် တို့ အဆိုတော်လေး က သိုက်တူးတယ်တို့။
      မျိုးချစ် များက အဆိုတော်လေး ဘက်ကတောင် နာသလိုလို ရှိကြသေးတာ။ ဟိဟိဟိ း)

  • နောင် ရိုး

    June 27, 2014 at 1:58 pm

    အားပေးသွားပါတယ် ဗျာ…..

  • kai

    June 27, 2014 at 3:18 pm

    ဘုန်းကြီးက.. ကျိုက်ထီးရိုးရင်ပြင်မျာ စုံတွဲတွေကြိမ်နဲ့လိုက်ဆော်တဲ့သဘောမျိုးပဲထင်မိတယ်..။
    ဆိုတော့…
    နည်းနည်းခေါင်းယားတဲ့နေ့ကျရင်.. သိန်း၅ဝဒဏ်ကြေး..
    ဗိုက်နာနေတဲ့နေ့ကျရင်.. သိန်း၁၀၀
    သူနေမကောင်းတဲ့နေ့များနဲ့တိုးလို့ကတော့.. သိန်း၅၀ဝ ဖြစ်ချင်ဖြစ်မယ်ဖြစ်ပြီး..
    ရွာထိပ်ကအောင်ဘု.. အချိုးမပြေတာကို.. ဒေါကန်နေတဲ့နေ့ကျရင်တော့.. အဲဒီကောင်ရောကောင်မရော..အသေသတ်.. ဆိုပြီးဖြစ်ချင်ဖြစ်မှာပေါ့…။

    ဥပဒေအပေါ်မှာနေပါတယ်ဆိုမှ.. ဂဏန်းတွက်ပြနေချင်သေးသလားကွယ်..
    အနိစ္စ…။ :mrgreen:

    • JackSkellington

      June 27, 2014 at 3:53 pm

      သိပ္ပံမောင်ဝ ရဲ့ ဝတ္ထုဆောင်းပါး ထဲက တစ်ပုဒ် ကို သွားသတိရသေးတယ်။
      ရွာမှာ တွဲရေး ခွဲရေး မဲပေးရမယ် ဆိုတော့ ရွာဘုန်းကြီး က တွဲရေးဖက် မဲထည့်ဖို့ တစ်ရွာလုံး ကို သစ္စာရေ တိုက်သတဲ့။ း)

      • ကို ငြိမ်းမောင်

        June 27, 2014 at 4:01 pm

        အဲဒီ ရွာကသူတွေ အကုန်သောက်ကြရောလားဗျ

        • JackSkellington

          June 27, 2014 at 7:31 pm

          “တနေ့က လှဲကျိုး ရွာတွင် ဘုန်းတော်ကြီး ဦးဝိဇယ က မိမိ၏ တပည့်များအား တွဲရေးဖက် ခဲပြားထည့်ရန် သစ္စာရေ တိုက်၏။ ဘုန်းတော်ကြီး ကို ကြောက်သောကြောင့် သောက်ခဲ့ကြလေသည်။ တရွာလုံး ဆူနေလေပြီ။”

          တဲ့ဗျ။

          ကျေးလက် မှာ ရွာဘုန်းကြီး ရဲ့ ဩဇာညောင်း တာတွေပေါ့ဗျာ။

  • Paing Lay

    June 27, 2014 at 4:01 pm

    ကျိုက်ထီးရိုးရင်ပြင်ပေါ်တက်ပြီး Happy New Year လို့အော်ရင် ဦးအောင်ဇေယျလို ဝါးရင်းတုတ်စာ ကျွေးလောက်မယ် 😀

  • TNA

    June 27, 2014 at 6:06 pm

    တယောက် သိနါးငါးဆယ်ဆိုတော့ ဆယ်ယောက်စာတခါတည်းပေးးမယ်ဆိုရင်ျကာရလားဟင်

    • JackSkellington

      June 27, 2014 at 7:51 pm

      ရလောက်တယ်ဗျ။ ဒစ်စကောင့် 😛

  • kotun winlatt

    June 27, 2014 at 11:37 pm

    ကျနော်ကြားဘူးတာကတော့ အသားဖြူဖြူ မျက်ပေါက်ကျဉ်းကျဉ်း ညီအစ်ကို နှစ်ယောက်က မြန်မာမလေးတစ်ယောက်ကို စပ်တူဝယ်ပီး နေ့တစ်ယောက် ညတစ်ယောက်ဆိုလား ဆိုလားးး

    • JackSkellington

      June 28, 2014 at 6:39 am

      အဲ့ဒါကို ဖေ့စ်ဘွတ်ခ် မှာလဲ အကို တစ်ယောက် ရေးသွားသေးတယ်။
      အဲ့ဒီ ဆွေမျိုး ပေါက်ဖော် ကျေးဇူးရှင်ကြီးတွေက သူတို့ပြည်မှာ မိန်းမ ရှားလာလို့ အိမ်ထောင် ပြုစရာ (ကလေး မွေးပေးစရာ) မိန်းမ မရှိလို့ မြန်တျန့် ပြည်ကြီး ကနေ သတို့သမီး လာရှာ တာ မဟုတ်ဘူးလားဗျ။

      အဲ့လို နေ့တစ်ယောက် ညတစ်ယောက် ဆိုရင် ကလေးမွေးတော့ ဘယ်သူ့ အဖေတော်ရပါ့မယ်????

      ဒါမှ မဟုတ် ညီအကိုချင်း ဆိုတော့ မျိုးရိုး က ဒီမျိုးရိုး ပဲ ဆိုပြီး များ ဇွတ် လိုက်တာလား။

      ကုတင်ပေါ်က ကိစ္စ အတွက်လောက်ပဲ ဆိုရင် သူတို့ ဆီမှာလဲ မီးအိမ်နီ ရပ်ကွက် တွေ ရှိမှာပါ။

  • စုန်းမ

    June 28, 2014 at 3:10 am

    ပြီးရင်
    အဲဒီ ဒါဏ်ကြေးတွေကို
    ဘယ်မှာ
    ဘယ်သူက
    ဘယ်လို
    ဘာလုပ်
    ???
    :-)))

Leave a Reply