manawphyulayJanuary 8, 20121min18317
၂၀၁၂ ခုနှစ်ကိုတော့ ချည်းနင်းဝင်ရောက်လို့ လာခဲ့ပါပြီ။ ဟိုအရင်သတင်းကြားနေရသလို ကမ္ဘာပျက်မယ်ဆိုတာတွေက ခုတော့ မဟုတ်ဘူးဆိုတာ သက်သေပြနေပါတယ်။ ၂၀၁၂ ကတော့ သူများအတွက်တော့ မသိဘူး။ မနောအတွက်တော့ အလွန်ကံကောင်းတဲ့နှစ်တစ်နှစ်ဆိုလည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ နှစ်သစ်ရောက်ခါနီးမှာ ဂေဇက်ရွာထဲက ခင်မင်ရသောသူများနဲ့လည်း စည်းစည်းလုံးလုံး ပျော်ရွှင်စွာ တွေ့ရသလို ခု ၂၀၁၂ ရောက်တော့လည်း ဒီလူတွေနဲ့ အခင်အမင်မပျက် ဆက်လက် ခင်မင်နေရလို့ပါပဲ။ ဒီကြားထဲမှာ မတွေ့ဖူးသေးတဲ့ ရွာသူရွာသားတွေနဲ့လည်း ခင်မင်ခွင့် ရရှိနေလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် စိတ်ညစ်နေတဲ့အခါ အားပေးကြတဲ့ မောင်နှမတွေသဖွယ် ဆွေမျိုးထက် ရင်းနှီးမှုပိုစေပါတယ်။ ဆက်လက်ပြီးလည်း ခင်မင်မှု အဓွန့်ရှည်စေဖို့ မနော နှစ်သစ်အစမှာ ဆုမွန်ချွေလိုက်ပါရစေရှင်…