loneSeptember 13, 20111min21913
၄။ ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ ဘဝင်မကျမှုတွေကိုအနိုင်ယူကျော်လွှားပါ။ သင့်ခန္ဓာကိုယ်ကို သင်စိတ်တိုင်းမကျတဲ့ရက်တွေ ရှိနေပါလိမ့်မယ်။ အစာစားတာ ကိုမထိန်းချုပ်နိုင်လို့၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိလို့စသဖြင့်ဘယ်လိုအကြောင်း ပြချက်ကြောင့်ပဲဖြစ်ဖြစ် စိတ်ညစ်မနေပါနဲ့။ အဲဒီအတွက်နဲ့ ကိုယ့်စိတ်ကိုယ် ညှင်းဆဲ ပြီးအရာရာကို အဆိုးမြင်နေစရာမလိုပါဘူး။ သင့်ရဲ့ ခံစားချက်ကို လက်ခံလိုက်ပါ။ ပြီး တော့ ဒါလည်း အချိန်တန်ရင်ပြီးသွားမှာပဲ ဆိုတာ သိထားပါ။ ၅။ ပျော်ရွှင်မှုဆိုတာ ရုပ်ပိုင်းနဲ့မဆိုင်ဘူးဆိုတာ အမြဲသတိရပါ။ စိတ်ကျေနပ်မှုရှိစေဖို့ သင့်ကိုယ်သင်ပိုကြည့်ကောင်းအောင် လုပ်ချင်လုပ်ပါ။ ဒါပေမယ့်သင့်ခန္ဓာကိုယ်နဲ့ အသွင်ပြင်ပေါ်မှာ အစွဲလမ်းကြီးလွန်းပြီး တခြားလူတွေနဲ့ နှိုင်းယှဉ်နေမယ်ဆိုရင် သင့်ကိုယ်သင် ယုံကြည်မှုပျောက်အောင် လုပ်တာနဲ့ အတူတူပါပဲ။ ကိုယ့်ရဲ့အသွင်အပြင်က ကိုယ့်ကိုပိုမိုပျော်ရွှင်အောင် လုပ်နိုင်သလားဆိုတာ သင့်ကိုယ်သင် ပြန်မေးကြည့်လိုက်ပါ။ ၆။ သဘာဝကပေးတဲ့ရုပ်ခန္ဓာနဲ့ ကျေနပ်ပါ။ လူသိများ ကျော်ကြားတဲ့သူတစ်ဦးနဲ့တူချင်လွန်းလို့ မျက်နှာကို ခွဲစိတ်ပြုပြင်တာ ဟာ […]