မန်းဂဇက်ချစ်သူများစာပေဆု (နိုဝင်ဘာ+ဒီဇင်ဘာ ၂၀၁၄) ဆုရပို့စ်လေး ကြေငြာပေးရပေအုံးမပေါ့နော.. 🙂 မကြေငြာခင်… ရွာသူားတွေ တွေးကြည့်ဖို့ စကားစုလက်ဆောင်လေးပေးပါရစေအုံးဗျာ….. ထုံးစံအတိုင်း ကျုပ်ပြန် ဖတ်နေတဲ့ ဆရာသက်လုံဘာသာပြန်တဲ့ စေ့ထားသောတံခါးများ စာအုပ်ထဲက..“တောက်တယ်ကျင်း” ရဲ့ ၄၈ ပုဒ်မြောက်စာပိုဒ်ကလေးပါ… နှစ်သစ်ကူးလက်ဆောင်ပေါ့…တကယ်ပါတာက ၈၁ပုဒ်တောင်ပါ…..   ၄၈။ ကျေးဇူးပြုခြင်း ပညာရှိ၏ စိတ်အာရုံသည် လွတ်လပ်၏။ သို့သော် လူတို့၏အကျိုးသို့ ညွတ်သည်။ ကောင်းသူအပေါ်ရော မကောင်းသူအပေါ်ရော တစ်သဘောတည်းထား၏။ ငါကားကောင်းရမည်။ အဘယ့်ကြောင့်ဆိုသော် အကျင့်တရားဟူသည် ကောင်းမှုပင် ဖြစ်သောကြောင့်တည်း။ ရိုးသားသော သူများအပေါ်ရော မရိုးသားသူများအပေါ်ပါ တစ်သားတည်းပင် ငါသည်ရိုးသားမှုကို ဆောင်နှင်းသည်။ အဘယ့်ကြောင့်ဆိုသော် အကျင့်တရားဟူသည်                                                  ရိုးဖြောင့်သော သဘောရှိသောကြောင့်တည်း။                                                   ………………. …………………….                                                  ပညာရှိသည် လမ်းထွက်သောအခါ […]