ခုအချိန်မှာခေတ်စားနေတာတစ်ခုက သမဂ္ဂတို့ အသင်းတို့အစည်းအရုံးတို့ ဖွဲ့ကြတာဘဲဗျ…ဒါနဲ့ဘဲ ကျုပ်လဲခေတ်မှီအောင် တစ်ခုခုဖွဲ့ဖို့ စဉ်းစားတယ်.. အဲဒီတော့ ငါဘာကျွမ်းကျင်လဲ ဘာဝါသနာပါလဲ အရင်စဉ်းစားရတယ်… ဟုတ်တယ်လေ အသင်းအဖွဲ့တစ်ခုထောင်တယ်ဆိုတာ ကိုဝါသနာပါမှ ကျွမ်းကျင်မှလည်းဖြစ်မှာကိုး…နောက် ဖွဲ့ပါပြီတဲ့ အသင်းဝင်တွေရအောင် ဘယ်လိုစည်းရုံးမလဲ…ဒါလဲအရေးကြီးတယ်…သေသေချာချာ စဉ်းစားကြည့် တော့လဲ ကိုယ်ကျွမ်းကျင်တာ ဝါသနာပါတာက သောက်တာတစ်ခုတည်း ရှိတယ်…ဒီတော့လည်း ကျုပ်အတွေးတွေအကောင်အထည်ဖေါ်ဖို့ ခက်ပြန်ရော.. ဒီလိုနဲ့ဘဲ အကြံအိုက်ပီး ထုံးစံအတိုင်း ကျုပ်လက်က ပုလင်းဆီရောက်သွားတော့တာပေါ့ အရက်ကလေးသောက်မှ အတွေးသစ် အမြင်သစ်တွေ ရတတ်တာမဟုတ်လား.. (သဂျီးကပြောတာဘဲ) အရက်ကလေးနှစ်ပက်လောက်ထည့် ရေခဲလေးနှစ်တုံးလောက်နဲ့ ဆော်ဒါလေးနဲနဲ စပ်ပီး ဂလွပ်ဆိုမော့ချလိုက်တုံးမှာဘဲ..ကျုပ်ရဲ့ဖုန်းကလေးကထအော်ပါလေရော… ဖုန်းကိုင်လိုက်တော့…ကျုပ်ဘော်ဒါကြီး ရွှေတိုက်စိုး..သူကကျုပ်ကို“ရွာသားဘော်ဒါတစ်တွေဆုံ ကြရအောင်ဗျာ…အရေးကြီးကိစ္စတစ်ခုလည်းရှိလို့တဲ့…ရန်ကင်းဆန်တာနောက်ကနိုက်စ်ဆိုတဲ့ဆိုင်ကို အခုလာခဲ့ပါတဲ့..” ..အင်း..ကျုပ်လဲအကြံအိုက်ပီး အရက်သောက် နေတာဆိုတော့..လာခဲ့မယ်ဗျို့ဆိုပီး ထလိုက်သွားတာပေါ့..ကျုပ်ရောက်သွားတော့ ဝိုင်းကအတော်တောင်စည်နေပြီ.. ရွှေတိုက်စိုးနဲ့တကွ ဝါသနာတူ တူရဇော် ကမ်းကြီး အမတ်မင်း […]