fattyOctober 6, 20101min1774
ယခင် … မောင် ..မောင့်အနားမှာအနမ်းလေးပေးချင်တယ် …..။ ယခု …… အောင်မယ်လေး ရှင့်လစာနဲ့လောက်တာမှတ်လို့ .. ဒီလိုဘဲ ယောကျာင်္းတွေနဲ့တန်းတူရှာနေရတာဘဲ ..။ ယခင် ….မောင် …မကိုရှာကျွေးရတာပင်ပန်းလှပြီလားဟင်လို့ …..။ ယခု ……… တိုင်ကီထဲရေဖြည့်ပြီး အဝတ်တွေရေစိမ်ထား လိုက်အုံး .. ထမင်းအိုးကဝေကျတော့မယ် …။ ယခင် …… မောင် ..မောင့်အတွက်သားသားလေးမွေးရမလား ..မီးမီးလေးလိုချင်လား ..လို့ …။ ယခု …… ဟဲ့သေနာလေးတွေ … နင်တို့လုပ်စာများစားနေရရင် … ဟင်းမပြောလိုက်ချင်ဘူး …။ ယခင် ….. မောင်လို့ ..ဒီနားကိုလာပါဆို .. မျက်နှာထားကြီးကလဲနော် …ငိုလိုက်မှာ နော်လို့ ….။ ယခု ……ဟာ ..မီးမလာလို့ပူရအိုက်ရတဲ့အထဲ …ဟိုဘက်တိုးနေစမ်းပါ …တကထဲ …။ […]