ဦးကောလဟာလဆိုတဲ့လူကြီးမတင်သမျှကျွန်တော့်ဆီနောက်ဆုံးပုံပြီးတာဝန်တွေလာပေးနေတော့ဒီပို့စ်လေးကို တင်ရပါတော့တယ်……. ကျွန်တော့်ပို့စ်တစ်ခုမှာအဲလူကြီးကလျှာလျှာရှည်ရှည်နဲ့အတည်ပေါက်ကြီးရွာသူားတွေကို ရှမ်းစကားသင်ပေးမယ်လေး ဘာလေးနဲ့ဝင်ပြီးဖောရှောလုပ်သွားလို့…ကျွန်တော်ကတင်ဖို့ပြောတော့ငါမအားသေးဘူးတဲ့…..မင်းလဲတတ်သင့်သလောက် တတ်နေတာပဲသင်ပေးလိုက်ပေါ့လို့ဘုတောပါတယ်……တကယ့်တိုင်းရင်းသားစစ်ဖြစ်တဲ့ဦးကောကြီးတာဝန်မယူတော့လဲ.. ကျွန်တော်ကပဲတူတစ်ယောက်ရဲ့တာဝန်ထကျေရတော့မပေါ့….ဟင်းဟင်းဦးကောတူမပေးဖို့သာပြင်ပေတော့…. သင်ခန်းစာလေးမစခင်အားလုံးပဲကျွန်တော်ဟာရှမ်းဘာသာစကားကိုမတတ်တခေါက်သာတတ်သောဗမာလူမျိုးတစ်ဦးဖြစ်တဲ့ အတွက်အမှားအယွင်းလေးများပါနေခဲ့ရင်သိသူများကခွင့်လွှတ်ပေးကြပါလို့ဦးစွာတောင်းပန်တကပြုအပ်ပါတယ်….. အရင်ဆုံးမိတ်ဆက်စကားလေးနဲ့သင်ခန်းစာလေးကိုဖွင့်လိုက်ကြရအောင်…….. ၁။မိုင်ဆွန်ခ……….. မင်္ဂလာပါခင်ဗျာ….မင်္ဂလာပါရှင်…. ၂။မိုင်ဆွန်ခ…..ယူလီဟ…… မင်္ဂလာပါခင်ဗျာ….နေကောင်းပါသလားဗျ….. ၁။ယူလီယူခဩော…….. ဟုတ်ကဲ့…နေကောင်းနေပါတယ်ခင်ဗျ….. စိ  ံဆူဝါဟီ  ံခ………(အေ+အီ=-ိ  ံ)တွဲ၍အသံထွက်ပါ…… ခင်များနာမည်ဘယ်လိုခေါ်ပါသလဲခင်ဗျ…… ၂။စိ  ံခါ့ပဲင် က+ဈိုင်းမောင်မြခဩော……(ကနဲ့စကိုတွဲ၍အသံထွက်ဖတ်ပါ) ဟုတ်ကဲ့ကျွန်တော့်နာမည်စိုင်းမောင်မြဖြစ်ပါတယ်….. ၁။ဟောင်းပဲင် က+ဈိုင်းအောင်လျန်းခ ကျွန်တော်ကတော့စိုင်းအောင်လှိုင်းဖြစ်ပါတယ်….. ဆူယူကာလိုင်ခ……. ခင်ဗျားကဘယ်မှာနေတာပါလဲ……. ၂။ခါ့ယူတီတောင်ကီးခဩော…..စဲဝ်ကောဝ်ကော့ယူတီလိုင်ခ…. ဟုတ်ကဲ့ကျွန်တော်ကတောင်ကြီးမှာနေပါတယ်….ခင်ဗျားကကောဘယ်မှာနေသလဲခင်ဗျ……. ၁။ဟောင်းယူတီရန်ကုန်ခ……. ကျွန်တော်ကရန်ကုန်ကပါ….. ၂။ကိုင်နာနော်……. အိုးတော်တော်ဝေးတာပဲ….. ၁။ဩောခ….ကိုင်နာခ…. ဟုတ်ကဲ့တော်တော်လေးဝေးပါတယ်ခင်ဗျ……. ကဲအားလုံးပဲဒီနေ့တော့ဒီလောက်လေးနဲ့ရပ်ကြတာပေါ့နော်…….တိုင်းရင်းသားချင်းညီကိုရင်းပမာသွေးချင်းနီးအောင်စကားချင်း အရင်နီးကြဖို့သိသလောက်နဲ့ပြန်ပြီးရှယ်ယာပေးလိုက်ပါတယ်နော့်…….. မဟုကမ်းတိုင်း…. (ရှမ်းစကားမသိဘူး)ဆိုတာမရှိတော့ဘူးပေါ့နော့်……. ရှမ်းပြည်ကိုဒါ့ပုံတွေနဲ့အလည်ခေါ်ပြီးပြီးရှမ်းစကားသင်ပေးမယ်…နောက်ကျရင်ရှမ်းအစားသောက်ချက်ပြုတ်နည်းသင်ပေးမယ်….. ရှမ်းတို့ရဲ့ဓလေ့စရိုက်တွေကိုတော့ဖြေးဖြေးချင်းမှပြောပြပါ့မယ်…. အားလုံးကိုခင်တဲ့……မောင်ခ……ရှမ်းပြည်သား(တောင်ပိုင်း)