black chawJanuary 19, 20121min72132
ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ် 1987 လောက်က မောင်စိန်ဝင်း(ပုတီးကုန်း) ၏ သောကခြေရာ ရတနာ ကဗျာများ ဆိုသည့် ကဗျာစာအုပ်လေး အလွန်နာမည်ကြီးခဲ့ပါသည်။ ရည်းဇားစာပေးတာတောင် မှ မောင်စိန်ဝင်းကဗျာနဲ့ မှ ဆိုပြီး တစ်ခေတ် ဖြစ်ခဲ့ဘူးပါသည်။ ချစ်သူရည်းဇားကို မောင်စိန်ဝင်း ကဗျာစာအုပ် လက်ဆောင် ပေးတာလည်း ခေတ်စားခဲ့ဘူး ပါသည်။ ပြောရင် ယုံနိုင်ဖွယ်ပင် မရှိပါ။ အရောင်းရခက်ခဲသော ကဗျာစာအုပ်ဈေးကွက်တွင် မောင်စိန်ဝင်း ကဗျာစာအုပ်မှာ အကြိမ်ကြိမ် ရိုက်နှိတ်ခဲ့ရပြီး ယခု ကျွန်တော် အပိုင် ဝယ်ယူထားခဲ့သော မောင်စိန်ဝင်း ကဗျာစာအုပ်မှာ ပဉ္စမအကြိမ် ထုတ်ဝေသော စာအုပ်ဖြစ်ပါသည်။ ပထမအကြိမ် မှ စတုတ္ထအကြိမ် (၁၉၈၉ စက်တင်ဘာ) အထိ အုပ်ရေ ၁၄၀၀ဝ နှင့် ပဉ္စမအကြိမ်အဖြစ် (၁၉၉၁ […]