မိုး ….. အဲဒီမိုးပေါ့ … ကျမ သွားလေရာ တစ်ကောက်ကောက်လိုက်လို့ ရွာတတ်တာ …။ ဟုတ်ပါတယ် ရှင်တို့ရယ်။ ကျမ ဘဝဟာလေ ဘယ်လောက်တောင်မှ ကံဆိုးမှုတွေ ဆိုက်တိုက် လိုက်နေခဲ့သလဲဆိုရင် ကျမ တစ်ကိုယ်လုံး အပူတွေဖုံးလို့ အရူးလုံးလုံး ဖြစ်ခဲ့ရတဲ့ အထိပါပဲ။ ပြန်ပြီး အဖတ်ဆယ်လို့ မရတော့တဲ့ ဆုံးရှုံးမှုတွေ၊ ရင်ထဲက နှလုံးသားကိုတောင် ပေးလိုက်ရတဲ့ ဆုံးရှုံးမှုတွေ ဆက်တိုက်ဆိုသလိုပါပဲလေ။ ကျမက အားနွဲ့တဲ့ မိန်းမသား။ ထုထောင်းခံရတဲ့ ကံဆိုးမှုတွေက မိန်းမသား ဆိုတဲ့ စကားနဲ့မှမလိုက်၊ ခေတ်စကားနဲ့ ပြောရရင် အတုံးလိုက် အတစ်လိုက် ရိုက်နှက်ရက်ပါပေရဲ့။ ကျမဘဝ ဒီလောက် ကံဆိုးလှတာဟာ ဆင်းရဲလွန်းလို့တော့ မဟုတ်ခဲ့ပါဘူး။ ပြောရင် ယုံမလားတောင် မသိဘူး။ ကျမ မိဘနှစ်ပါးဟာလေ […]