စဆရ ႀကီးApril 12, 20121min18211
ကျွန်တော်သည်ကား ဘဝကားကြီးကို တအိအိဖြင့် မောင်းနှင်နေပါသည်။ လူအများတင်စားဆိုကြသော ဘဝရထားမဟုတ်ပဲ ဘဝကားဟုဆိုရခြင်းမှာ တစ်ဦးတည်းပိုင်ဟု ယူဆနိုင်သောကြောင့်ဖြစ်သည်။ ရထားဆိုသည်မှာ လူအများကြီးကို ပုံစံတူဘဝများ ဖန်တီးပေးနေသလိုဖြစ်သည်ဟုထင်သောကြောင့်ဖြစ်သည်။ အမှန်တော့ လူသားတစ်ဦးချင်းစီတိုင်းတွင် ကိုယ်ပိုင်ဘဝပုံစံတစ်ခုစီရှိလေသည်။ ကျွန်တော်သည်ကား ၁၉၈၃ မော်ဒယ်ကားတစ်စီးကို ပိုင်ဆိုင်ထားလေသည်။ ကားဂိုဒေါင်မှ ထုတ်ပြီးနောက် မပြည့်မစုံ ထိန်းသိ်မ်းစောင့်ရှောက်မှုများဖြင့် မောင်းနှင်လာရလေသည်။ သွားရမည့် နေရာသည်ကား ယမမင်းဆိုသည့်အရပ်သို့ဖြစ်သည်။ ထိုနေရာသည် ကျွန်တော်မောင်းနှင်နေရာဖြစ်သည်။ ဂိုဒေါင်အတွင်းမှ ထွက်လာပြီးနောက် ပါတ်ဝန်းကျင်တွင် မြင်မြင်သမျှ ဆိုင်းဘုတ်များ၊ အဖြစ်အပျက်များကို ငေးမောကြည့်ရင်း တစ်ရွေ့ရွေ့ဖြင့် ခရီးဆက်လာခဲ့သည်။ မိုင်တိုင်အမှတ် ၁၉၈၈ တွင် လူအများ သတ်ဖြတ်နေကြသည်ကို ယာဉ်လမ်းကြောပိတ်ဆို့နေသဖြင့် ရပ်ပြီးကြည့်ခဲ့ဖူးသည်။ ကားများပေါ်တွင် အနီရောင်ဝတ် ဦးရည်းပြောင်ပြောင်များမှ သေနတ်များမြှောက်ကာ ကြွေးကြော်သံများ ကြွေးကြော်ကာ မောင်းနှင်ထွက်ခွာသွားကြသည်ကို မြင်ခဲ့ရသည်။ သို့နှင့် […]