maung khinminJune 27, 20121min29814
တစ်ခါ တစ်ရံ ကာရံ နုသစ် ပျိုမြစ် စိတ်ကူး ပေါင်းကူး ချိတ်ဆက် အိပ်မက် ပန်းခင်း အသက် သွင်းကာ ကဗျာ တစ်စ လှပ နရီ သံစဉ် ညီညွတ် လွတ်လပ် ပုံဖော် ရုပ်လုံး ပေါ်စေ သန္ဓွေ  လွယ်လျှက် ခက်လက် ဝေဆာ တန်ဆာ ဆင်မြန်း ကဗျာ ပန်းပွင့် ရဲရင့် စမ်းကွယ် လွမ်းလို ့ နွမ်းသူ ကြမ်းလို ့ ပမ်းသူ အပူ သောက လူ ့လောက ထဲ အပမ်း လည်းပြေ စိတ်ဖြေ ကြည်နူး ပွင့်ဖူး မာလာ ဥယျာဉ် သာ၌ ကဗျာ ရေးစပ် ကျေနပ် သူ..။။။


maung khinminJune 26, 20121min24110
ကြည့်လေရာ…ကိလေသာ…အတိ အရှိကို…အသိအောက်မှာ…. ထားကြည့်ဖို ့…..ကိုယ့်စိတ်ကိုယ်… ကြိုးညှိ  ရင်း…….အဲဒီ အလင်းများ    ရှိရာ  ဒုန်းစိုင်း မုန်တိုင်း တွေ ကြားမှာ… ဒေသနာ တွေ  နာကြားရဦးမယ်   ဘယ်မှာ နားမလဲ……. ဇရာ ရဲ့..ဓါးသွား က   ငါ့ ခန္ဓာကို.. ပါးပါးလှီး  လာလိုက်တာ မရဏ  ရဲ့တံခါး ဝ… ရောက်လုနီး..ခဲ့ပေါ့   အျည်းအနှီးမဲ့  လောကဓံ ရေ သစ္စာ တရားဆီ….အဆန်ခရီးမှာ အလျှံ ညီးညီး  မီးတောက်တွေ..ကြားကနေ ငါဟာ…….ပျံပြီး တတ်မယ့် ဖီးနစ်(စ်) ငှက်  တစ်ကောင်လဲ.. မဟုတ် ပြန်ဘူး..။။။


maung khinminJune 25, 20121min23911
တစ်ယောက်  တစ်လက်….ကိုယ် စီ  ယှက်ပြီး.. တစ်စိတ်တစ်ဝမ်း….ဦးပဲ့ ထမ်းကာ တတ်လှမ်း ရွယ်ရည်….ပန်းတိုင် ဆီသို ့ ရွှေပြည်တော်ကြီး….ပြန်လည်တည်……   မှုန်ရီ ဝေဝါး….အတိတ်ခါးကို လှေကား လိုတတ်…သမိုင်းဆက်ရန် ပိုင်းဖြတ် ပညာ…စာမျက်နှာသစ် ရာဇဝင်ဖြင့်…ကျန်ရစ်စေ……   တိုင်းရင်း စုံလင်….မြန်ပြည် ခွင်ဝယ် စည်ပင် ယဉ်ကျေး…ပေါင်းစု ဝေးလျှက် ချစ်မြတ် ကြည်ဖြူ…ဖေးမ ကူရင်း ဒို ့သွေးရင်းမို ့….ညီအစ်ကို ပေ…   ဒီမို ကရေစီ…ညီအစ်ကိုတတွေသည် သည်မြေ သည်ရေ..ဘိုးဘွား အမွေကို တိုးပွား ဆင့်ကဲ…ဒို ့လက်ထဲ မှာ ရှေ့သို ့ ရဲရဲ….အားမာန်ချီ………   ခေါင်းဆောင် ဟူသည်…တူညီမျှတ လမ်းမှန် ပြလျှက်…အတတ် အသိ ထန်းညှိ မောင်းနှင်….ပြုပြင် စိတ်ဓါတ် […]


maung khinminJune 24, 20122min1694
အမှားတစ်ရာ  မကကြတော့ဘူး… အမှန်တရားဆီ  ခရီးနှင် ခဲ့ကြတယ်… နောက်ပြန်မလှည့်ချင်တဲ့  စိတ်ကို အတိတ်  တွေက  ပဲ့ကိုင်ခဲ့……….   ကောင်းကင် အမိုးကို  ဖောက်ခွဲ ဆန္ဒ မျိုးစေ့တွေ ကြဲချ…. ညည်းတွား မှုတွေကို  ခဝါချဖို ့.. ခွန်အားအသစ် …မွေးဖွား ဖို ့လိုတယ်…   လွတ်လပ်မှု ကငါ့ထံ  မလာတော့လည်း.. လွတ်လပ်ခြင်းဆီ…ငါပျံ ရမှာ ပ တစ်နေ ့ တစ်လံ မက….ခရီးဆန် ့… နောက်ပြန် စီးဆင်းနေတဲ့…မြစ်ထဲ တစ်ကယ်ဆို….လုံ ့လ ကအားနည်းနေသေး….   တစ်မိန် ့ တစ်သံကို…. နိမ္ဗာန် ထင်မှတ်ခဲ့ကြတာတော့….မဟုတ်ဘူး.. စိတ်မမှန်တဲ့  အရူးတွေရဲ့  လက်မှာ အနာဂတ် ဆိုတာ….မှုန်ဝါးဝါး ဒီလိုနဲ ့..လုံးပါးပါးခဲ့ကြ…. […]


maung khinminJune 24, 20121min35711
အလှပေါ် အယဉ်ဆင့်ပါလို  ့ ပန်းတော်ဝင်  သဇင်ပွင့်တွေက ပင်မြင့်မှာ…စံ   တောဂနိုင် နံနက်ခင်းမှာလ ပန်းရောင်စုံ  ကတ္တီပါခင်း တွေနှင့် အလှချင်း လည်းပြိုင်   ဘယ်မနိုင် ပြိုင်စံရှားပါပေ့.. မော်ကြွားကာ လှဂုဏ်မောက်မာတယ်.. ကွယ်…….တစ်နေ ့တော့ ရင်ဖြင့်.. ကြွေလွင့်မှာ ဓမ္မတာ…သူမသိပေ သမို ့ ဝေပွင့်ပါ….ပင်ယံထက်ဆီမှာ စွမ်းကုန် ဝင့်ဝါလို ့… ပန်းတို ့ သဘော…..။။။။


maung khinminJune 23, 20121min2798
ဒို ့တိုင်း ဌါနီ…မြန်မာပြည်ဝယ် ဆန် ရေ စပါး…လွန်ပေါများပြီး သစ် ကျောက် လောင်စာ…ပေါလျံ ပါ၏…   သို ့ပေငြားလည်း…ဒို ့ပြည်သားတို ့ ဝမ်းမီးတောက်လောင်…လူတို ့ဘောင်ဝယ် မကြွယ်ဓန…မလောက်ငှရှာ တစ်နေ ့စာအတွက်…အရှာ ခက်မြဲ..   ငတ်မြဲ ကြာရှည်….မြန်မာပြည်မှာ အာဇာနည်ဘွား…ပြည်ချစ်သားတို ့ ကြိုးစား မျှော်ရည်…တန်းတူညီဖို ့ ညီညာ ပေါင်းစု….ဓိဌါန် ပြုရင်း ဖြေရှင်း ပညာ…အနာဂတ်သာအောင် ညီ နောင် တိုင်းရင်း….သွေးစည်းခြင်းဖြင့် ရင်း နှီးအောင်ပြု….ပြည်ထောင်စု မှာ တိုး တတ် ချမ်းသာ….မြန်ပြည် သာမည် တွဲလက် များလည်း….ညီစေသော်…။။။    


maung khinminJune 23, 20121min39013
ဖြူစင်စိတ်ထား…စကားတည်စေ သွေးချင်း ညီမျှ…ပေါင်းစည်းအားမာန် ဒို ့နိုင်ငံအတွက်….ပေးဆပ် ကြိုးစား ကမ ္ဘာတစ်လွှားမှာ….မော်ကြွား ရဲရင့် ပွဲလယ် တင့်အောင်….ကြံဆောင် လုံ ့လ ဝိရိယထူ…ဉာဏ်ကူဆောင်ရွက် အမျိုးမြတ်မှ…တိုးတတ်တိုင်းပြည် ခိုင်ခံ့ တည်မည်……. ထိ်န်ညီး ရောင်ဝါ…သာသနာလည်း နေ မီး လျံထွက်…လင်းလက်စေသား နိုးကြွား ထလော့….အို မြန်မာ..။။။


maung khinminJune 22, 20121min42718
လူအများက…သင့်အား ယုံကြည် အားထား မည်ဟု…တူညီ စိတ်ထား တင်မြှောက် ထားရျ်…သင်ကား သမ္မတ…ဖြစ်ရသည်   ချစ်ရ ပေမည်….ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်ပြည်သူ အတွက်….မားမား ရပ်လျှက် မွန်မြတ် နှလုံး….ကျင့်သုံး ရွက်ဆောင်…..နာမည် ပြောင်မည်   လူထု စကား….ဦးထိပ် ထားစေ ပေးဝေ စွန် ့ကြဲ…သူဆင်း ရဲကို လက်တွဲ မြှင့်တင်…ပြုပြင် နိုင်မှ…သမ္မတ   ကြက်ဥ အရောင်…တိမ်တောင် သဖွယ် မင်းရေး ကျယ်လင့်…သမို်င်းတွင် ရစ်အောင် ကြံဆောင် မျှော်တွေး….ပြည့်ရှေ့ရေးအတွက် ပေးဆပ် သူမှ….သမ္မတ   သားအတွက် မလုပ်….မယားအတွက် မဟုတ် အများဘက် ရပ်တည်…ဘက်ညီ မျှတ ကိုင်တွယ် ပြမှ….ခေါင်းဆောင် ပီသ……သမ္မတ   အို……သမ္မတ အချိန် ကျပြီ….ပြည်သူ […]


maung khinminJune 22, 20121min32011
 တုနှိုင်း ရာမဲ့…မေတ္တောဓါတ်နှင့် မွန်မြတ် စင်ကြယ်…ကြင်နာလွယ်သူ တွယ်ကပ် ရင်ခွင်…နို ့ချို မင်စ လူမမယ် လေး…ငယ်နုသေးချိန် ယုယ ပိုက်ထွေး…ရင်ငွေ ့ပေးလျှက် တေးဆို ချော့သိပ်…မေ့သား အိပ်ရန် ညဉ့်ယံ သန်းခေါင်…ပင်ပန်းမထင်… ခုနှစ်စင်ကြယ်…မြီးထောင် ပြန်လည်း… ညည်းပေါင် ဆင်းရဲ….မေတ္တာ ကဲသူ အိပ်ယာ မဝင်…မိုးစင်စင် လင်း လင်းကြက် တွန်မှ..ခဏထထိုင် ငုတ်တုတ် ငိုက်မြည်း…သားအနီးမှာ အနှီး အပုံ….အညစ် စုံကြား မအား မအပ်…သားဇော ကပ်ခါ လူလား မြောက်ရေး…အမေ ပေးဆပ် ကြီးမြတ် ကျေးဇူး…ဂုဏ်အင် ထူးကို ဦးချ ခါခါ…မြတ်မာတာ အား လက်ဖြာ စုံမိုး…ကျိုးနွံ ရိုသေ တောင်းဆု ဝေသည်….အမေ ချမ်းမြေ့ မွေ ့ကြည်စေ…။။။     […]


maung khinminJune 21, 20121min2628
ဒီည…ပေါ့ ငိုမရ  ရယ်မရနဲ ့…..ရှင်မ ရေ ရင်ဝမှာ ဆို ့နေတဲ့…အတ္တ အထင်ကရ  ကျန်ခဲ့တာက ဝေဒနာ…..ဆိုတာ သေ ချာ ခဲ့ပြီ  ပ………..   မြင်သမျှ  အရာရာဟာ.. စိတ်အလွှာ ကို လိပ်ပြာ မလုံ  စေတော့… ကြိတ်ခံ ရုံ ပ…….. ဘ ဝဆိုတာ.. အချို သကာ ဆမ်းပြီး.. မာ ယာ နဲ ့ထောင်ဖမ်း… အိမ်မပြန်ချင်လောက် အောင်… လွမ်း စရာ ကောင်းလွန်း နေခဲ့ပြီ တဲ့လား…   အိပ်ပျက် ညများမှာဆို ရှင်မ  ရေ………… လိုအပ် ချက် များစွာနဲ ့.. ပြိုပျက် အက် လို ့ […]


maung khinminJune 21, 20121min32212
ငါ     ဘဝဆိုတာ မိုးနဲ ့မြေကြား လှုပ်ရှားရုန်းကန် ဝမ်းတစ်ထွာတွက် သေမယ့်ရက်ကို လက်ချိုးရေစောင့် အလှည့်ရောက်ရင် အထုပ်ပြင်လို ့ သံယောဇဉ်ဖြတ် အတ္တဖက်ပြီး ခရီးသံသရာ ဝင်္ကပါထဲ ကံဆွဲချရာ သတ္တဝါတိုင်း အနတ္တလှိုင်းစီး ဒုက္ခမီးလောင် သံသရာထောင်တွင်း ရှောင်ကွင်းမရ တစ်နေ ့ကျလျှင် သေမင်းအစာ သည် ခန္ဓာသည် အို နာ သေ မြဲ ငါ စွဲစွဲလျှက် နှုတ်ဆက်နောက်ဆုံး ပြည်ဖုံးကားချ လူ ့ဘဝမှာ အတ္တဆိုတာ သံသရာရဟတ် ခန္ဓာဆက်စေတဲ့ လောင်စာတစ်မျိုး   ပါတကား။။။


maung khinminJune 20, 20121min34510
စိတ်ကို..အဆိတ်ခံရပေါင်းများတော့ အာရုံတွေက….ထုံပေပေနဲ ့………. အနာဂတ်နောက်ကိုလိုက်ရင်း… တောမှောက်ခံနေရ….   ဂါထာမန ္တရားတွေ…ရွတ်ဖတ်ရုံနဲ ့… လုံခြုံမှု   ရှိရင်   အကောင်းသား ကောင်းကင်နဲ ့မြေလွှာကြားမှာ…. သီဆိုမိတဲ့….တေးသွားတိုင်း… ကောလဟာလ   ဖြစ်ဖြစ်သွားကြ….   အမှန်ခြစ်လိုက်တိုင်း….ကြက်ခြေခတ်(×) ခံရ… အဲလို……မလှမပနဲ ့….. ဘဝ ဟာ…ပါးလျလာလိုက်တာ… နောက်ဆုံး…. “သုည” ကို  ဂတုံးတုံးပြီး.. ငါ  ဟာ….ဝလုံးတစ်လုံး…. ဖြစ်လို ့ ဖြစ်မှန်းမသိ….. စိတ်  မှာ….အဆိပ်မိနေ လေရဲ့..။။။