manawphyulayJuly 17, 20112min1437
(၁၉ ဇူလိုင် မမေ့နိုင်) အို… မိတ်ဆွေအပေါင်းတို့နှစ်တွေကြာညောင်း ဘဝတွေ ဘယ်လိုပြောင်းပြောင်းဗိုလ်ချုပ်တို့ခွဲခွာ၊ နေရှိန်ထိုးကျလောကပိန်းမှောင်၊ အလင်းရောင်ပျောက် မိုးအောက်လေရင်၊ ဆူပွက်လတ်သော် လှိုင်းတွေရပ်သမုဒ္ဒရာ၊ ငြိမ်သက်ရှာကြတဒင်္ဂလျှင်ငါတို့အားလုံး ဝမ်းနည်းပူဆွေးဦးညွတ်ကြကုန်၏။ အို… သင်္ခါရ၊ အနိစ္စတည်းဗိုလ်ချုပ်တို့သွားနှင့်၊ ဖြစ်သဖြင့်ကြောင့် အောက်မေ့ခွင့်ကြုံ၊ ငါတို့ဆုံရဤဘဝ သောကတောင်ထုရှိချေပြီတကား….ထွက်ခွာသွားပြီ၊ တို့မျက်ရည်များ ဖြည်မဆည်နိုင်၊ မိုးနှင့် ပြိုင်ပြီအောက်မေ့တမ်းတ၊ လွမ်းရက်ရှည်ကြာ နောက်ဆုံးတော့ဘဝ တွေ့ကြုံဆုံကွဲတည်း…. ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့အတိုင်းပဲ။ ဆိုင်းမဆင့် ဗုံမဆင့်ဘဲ ရန်ကုန်မိုးဟာ ဗြုန်းခနဲရွာပြီး တိတ်သွားသော်လည်း အခုတော့ ဘယ်အငြိုးကြောင့် ဒေါမာန်ကြီးစွာနဲ့ ရွာသွန်းနေရပါလိမ့်လို့ မနော စဉ်းစားနေမိတယ်။ လမ်းသွားလမ်းလာတွေလည်း မရှိသလောက် ဖြစ်နေပြီး မနောတစ်ယောက်ထဲ မိုးရွာထဲ လျှောက်သွားနေမိပါ တကား။ ဪ… ဘာလိုလိုနဲ့ မမေ့သင့်၊ မမေ့အပ်၊ မမေ့နိုင်တဲ့နေ့လေးတစ်နေ့ကို ရောက်တော့မှာပါလား။ ဒီလိုဘဲ […]