moonpoemAugust 28, 20121min60022
ကုမ်မဏီ တစ်ခုကိုု ကျွန်မပြောင်းလာပြီးတဲ့နောက်အခြေအနေတစ်ခုကြောင့် ဘန်ကောက်ကို တစ်လအလုပ်ဆင်းဖို ့ ဖြစ်လာပါတယ်။ ကိုယ်တစ်ခါမှ မရောက်ဘူးတဲ့ နေရာတစ်ခုကို သွားရမှာဖြစ်တဲ့အတွက် ကျွန်မပျော်နေမိပါတယ်။ နိုင်ငံခြားဆိုတာ ဘာကြီးလဲဆိုတဲ့ ကလေးကလားအတွေးမျိုးတွေလည်းတွေးမိပါသေးတယ်။ ပတ်စ်ပို့လုပ်ချိန်၊ ဗီဇာလျှောက်ချိန် ခက်ခဲတာတွေကိုတော့ စာမဖွဲ ့တော့ပါဘူး။ ဘန်ကောက်ကို စရောက်တော့ ကုမ်မဏီက ဒရိုက်ဘာက လာကြိုပါတယ်။ အဲဒီနေ ့အလုပ်ဆင်းတော့ ထိုင်းဝန်ထမ်းတွေပြောတဲ့ အင်္ဂလိ်ပ်စကားကို ကျွန်မ လုံးဝနားမလည်ပါဘူး။ Pronunciation အခက်အခဲကြောင့် ကျွန်မပြောတာလည်း သူတို့ နားမလည်ပါဘူး။ ခြေဟန်လက်ဟန်တွေနဲ ့တစ်ကိုယ်လုံးအလုပ်လုပ်ပြီးပြောမှ အဆင်ပြေပါတယ်။ ပုံမှန်ထက်ပင်ပန်းတာပေါ့နော်။ စစချင်း ၃၊၄ရက်ကတော့ သိပ်မသိသာသေးပါဘူး။ တဖြည်းဖြည်းရက်ကြာလာတော့ ဘာကိုလည်း မသိလွမ်းလာတယ်။ နေရတာကလည်း ကုမ်မဏီက ငှားပေးထားတဲ့ ဟိုတယ်မှာ ၁ယောက်တည်း နေရတာပါ။ဒီကြားထဲ ရုံးကမန်နေဂျာက သူအရင်တစ်ခေါက် ဒီမှာ […]