panpanAugust 26, 20121min49548
ကနေ့ကတော့ဖြင့်… အများသူငါတို့ သိထားပြီးကြတဲ့ မန်းလေးက အဘတြောက်ရဲ့ မွေးနေ့မင်္ဂလာ အခါသမယပါပဲလား အရပ်ကတို့ငဲ့။ ဪ…အဘနာမည်လား အဲ့အဘကတော့ ဘယ်သူလဲဆိုတာဖြင့် သိချင်ကြပေလိမ့်မယ်..သိချင်ကြပေမယ် အဟမ်း! ဧတေန သစ္စဝစ္စေန…တဲ့ ဤမှန်သောသစ္စာစကားကြောင့်…အယ် ဘယ်တွေရောက်ကုန်ပါလိမ့်။ အိမ်း….သူကတော့ နာမည်တစ်လုံးနဲ့နေတဲ့လူပါပဲ သူက အရမ်းကိုထောင်မောင်းထွားကျိုင်းတဲ့ လူထွားကြီးတစ်ယောက်ပါပဲလေ အသက်ကတော့ ငယ်ငယ်ရွယ်ရွယ် လူငယ်တစ်ယောက်မို့လား (ချောတော့မချောရှာပေဘူးပေ့ါလေ)—ဤကား စကားချပ်။ သူ့မဒမ်လေးကိုလည်း အတော့်ကို ချစ်ခင်မြတ်နိုးရှာတယ် စကားအရာမှာလည်း တတ်လိုက်တာမှ…… ဟာသတွေ ကဗျာလေးတွေနဲ့ ပြောတတ်ရေးတတ်တယ်လေ သဘောလည်းကောင်းသလို ရှက်ကီလည်း သူခုံမင်တယ်လေ ပြီးတော့ အလုပ်တွေလည်း တော်တော်နှံ့စပ်တယ် ဂျိတ်လို့အခေါ် ကျောက်မျက်အရောင်းအဝယ်လုပ်မလား၊ ဖြစ်တယ်လေဖြစ်တယ် ပြီးတော့ ဘောပွဲလည်းလောင်းတတ်သေးသမို့လား အွင်းးး…..တလောလေးဆီက ရှမ်းပြည်ဖက်မှာ မြေရိုင်းမြေကွက်တွေ အစိုးရဆီက ဝယ်လို့ရတယ်ဆိုတာလေးရယ်….နောက်ပိုင်း ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာလေးရော အကြောင်းစေ့ ပေါင်းစပ်လို့ ပိုစ့်တင်သေးပါပကောလေ […]