မြို့တွေမှာတော့ လူသေရင် သချိုင်းဆိုတာ သတ်သတ်မှတ်မှတ် ရှိတယ် .. တောရွာမှာတော့ သုံးလေးရွာပေါင်းမှ သုဿန် တစ်ခုလောက်ပဲ ရှိတာကလား ..။ဒီတော့ လူသေရင် တတ်နှိုင်တဲ့ လူများကတော့ ကိုယ်ပိုင်တဲ့ လယ်ကွင်းထဲမှာ အုတ်ဂူလေး သွင်းထားနှိုင်တာပေါ့..။ မတတ်နှိုင်တဲ့သူအများစုကတော့ မီးပဲ ရှို့လိုက်ရတာပဲ များကြပါတယ်….။ အရင် ကတော့ ဒီဓလေ့ကို မသိပါဘူးဗျာ .. ကျွန်တော်က ဒီအရပ်သားမဟုတ်ဘူး။မူလတန်းပြဆရာဘဝနဲ့ ဒီရွာကို တာဝန်ကျလို့သာ လာလုပ်နေရတာ ငါးနှစ်ကျော်ပြီ . အင်း…. တောရောက်တော့လဲ တောသားပေါ့ဗျာ..။ ရောက်ခါစကတော့ လူသေကောင်ကို မီးရှို့တာ မြင်ရတာ ကျောချမ်းသား..နောက်တော့လဲ ရိုးသွားတာပါပဲ..။တောကျောင်းက ဆရာဆိုတော့ တောမှာ သာရေး နာရေးမှန်သမျှ ရွာလူကြီးနီးနီး ပါဝင်ရတာကိုး..။ ဒီတော့ အသုဘမှန်သမျှ အနဲဆုံး ပြာကျတဲ့အထိတော့ နေရတာပါပဲ..။ […]