ဆရာလေး ကယ်ပေလို့ (ပေ၊စီ၊ဂီ ပါဝင်တင်ဆက်သည်..)
မြို့တွေမှာတော့ လူသေရင် သချိုင်းဆိုတာ သတ်သတ်မှတ်မှတ် ရှိတယ် .. တောရွာမှာတော့ သုံးလေးရွာပေါင်းမှ သုဿန် တစ်ခုလောက်ပဲ ရှိတာကလား ..။ဒီတော့ လူသေရင် တတ်နှိုင်တဲ့ လူများကတော့ ကိုယ်ပိုင်တဲ့ လယ်ကွင်းထဲမှာ အုတ်ဂူလေး သွင်းထားနှိုင်တာပေါ့..။ မတတ်နှိုင်တဲ့သူအများစုကတော့ မီးပဲ ရှို့လိုက်ရတာပဲ များကြပါတယ်….။ အရင် ကတော့ ဒီဓလေ့ကို မသိပါဘူးဗျာ .. ကျွန်တော်က ဒီအရပ်သားမဟုတ်ဘူး။မူလတန်းပြဆရာဘဝနဲ့ ဒီရွာကို တာဝန်ကျလို့သာ လာလုပ်နေရတာ ငါးနှစ်ကျော်ပြီ . အင်း…. တောရောက်တော့လဲ တောသားပေါ့ဗျာ..။
ရောက်ခါစကတော့ လူသေကောင်ကို မီးရှို့တာ မြင်ရတာ ကျောချမ်းသား..နောက်တော့လဲ ရိုးသွားတာပါပဲ..။တောကျောင်းက ဆရာဆိုတော့ တောမှာ သာရေး နာရေးမှန်သမျှ ရွာလူကြီးနီးနီး ပါဝင်ရတာကိုး..။ ဒီတော့ အသုဘမှန်သမျှ အနဲဆုံး ပြာကျတဲ့အထိတော့ နေရတာပါပဲ..။ ဆရာလေး ၊ ဆရာလေးနဲ့လဲ ရွာက အားကိုးကြတယ်လေ.။
ခင်ဗျားတို့ကတော့ ဘယ်သိမလဲ.။ လူသေကောင် မီးရှို့ရတယ်ဆိုတာ လွယ်တယ်များ မှတ်သလား ။လူတစ်ကိုယ်လုံးကို ပြာကျသွားအောင် မီးနဲ့တိုက်ရတာ။ တစူးဝါးနဲ့ ဟိုဘက်က လှည့်ထိုး ၊ ဒီဘက်ကလှည့်ထိုး .. တခါတလေ လူသေကောင်က အကြောဆွဲပြီး ကုန်းကုန်းထလာတတ်လို့ ဖိပေးထားရသေး..။အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများဆို ပိုဆိုးတယ်..။အစိမ်းသေကိုး ..။အစိမ်းသေ အလောင်းကောင် ထင်းပုံပေါ်ကနေ ရွာဘက်ကို လက်ညှိုးထိုးရင် ရွာခိုက်တယ်ဆိုပြီး အယူရှိလို့ အဲဒါမျိုး အစိမ်းသေ ဆို မီးသဂြိုလ်ခင် တခေါက်ခွက်ကြော ပေါင်တွင်းကြော လက်မောင်းကြောတွေကို ဓါးနဲ့ အရင် ဖြတ်ပေးရတယ်.. ဒါမှ စိတ်ချရတာ …။
အော်…. မီးသဂြိုလ်တာနဲ့ ကျောင်းဆရာ၊ ဘာမှတော့ မဆိုင်ဘူးပေါ့ဗျာ.. ဒါပေမယ့် ခင်ဗျားက မီးသဂြိုလ်ပေးတဲ့ ကောင်တွေကို ဒီအတိုင်း ယုံကြည်ပြီး ပစ်ထားလို့ ရတယ် ထင်လို့လား ..။ မှားသွားမယ်… ။ မီးသဂြိုလ်ခံရတဲ့ အလောင်းကောင်လဲ သေကာမှ အဖြစ်ဆိုးသွားမယ်..။ ဒီကောင်တွေက မီးသဂြိုလ်စရာရှိလို့ရှိရင် ရဲဆေး ရဲဆေးဆိုပြီး အရက်ကလေးတမြမြနဲ့..။ ထိုးဝါးလေးနဲ့ တချက်နှစ်ချက် ထိုးလိုက်.. အရက်တစ်ခွက်သောက်လိုက်.. အလောင်းကတော့ တဝက်လောက်ပဲ လောင်သေးတယ် ။လူုတွေကတော့ လေးဘက်ထောက်နေပြီ..။
မိုးကချုပ်နေပြီ… အလောင်းကလဲ ပြာမကျသေး ..။ဒီတော့ ဘာလုပ်တယ်ထင်တုန်း..။မီးတဝက်တပျက်လောင်တဲ့ အလောင်းကောင်ကို မီးပုံထဲက ဆွဲထုတ် ၊ ဓါးနဲ့ နုတ်နုတ်စင်းပြီးမှ ပြန်ရှို့ကြတယ်ဗျား…။ သေးသေးလေးတွေဆိုတော့ ရှို့ရတာ လွယ်တာပေါ့..။စဉ်းစားသာကြည့် ဘယ်သူက ကိုယ့်ဆွေမျိုးသားချင်းကို ဓါးနဲ့ နုတ်နုတ်စင်းတာ ကြိုက်မတုန်း..။
ဒါက နဲနဲတော်သေးတယ်.. တချို့ကောင်တွေဆို ပိုဆိုးတယ်..။ မူးမူးနဲ့ သောက်လိုက် စားလိုက် .အမြည်းကုန်တော့ အလောင်းက ပေါင်သားကို အရက်နဲ့ မြည်းကြသဗျား..။ ပထမတော့ စားဖူးတယ်ရှိအောင် နဲနဲမြည်းကြည့်ကြတာပါ..။အရသာက ကောင်းတော့ တစ်တို့ တစ်တို့ နဲ့ အရင်တလော ဗိန္ဓောဆရာ ဦးပေါက်ကြီးတုန်းကဆို ပေါင်တစ်ချောင်းလုံးကုန်ပါရောလား..။
ဒါမျိုး ဒါမျိုးတွေ မဖြစ်အောင် မီးသဂြိုလ်ပြီဆိုရင် လူရင်းထဲက တစ်ယောက်ကတော့ ရှိကိုရှိရတယ်..။ အသုဘရှင်တော်တော်များများကလဲ ဝမ်းနည်းကျေကွဲနေရတဲ့အထဲ ဒီလို မီးအရှို့ခံရတာ မြင်ချင်ကြတာ မဟုတ်ဘူးလေ..။ဒီတော့ ဆရာလေးရယ် .စိတ်ချရတဲ့ အထိ နေပေးပါနော်..စိတ်ချရတဲ့အထိ နေပေးပါနော်နဲ့..ကြာတော့ ကျွန်တော့မှာလဲ မသာစောင့်ကြီးလုံးလုံး ဖြစ်ပါရော …။
ဒီနေ့လဲ ရွာထဲက ဒေါ်စိန်တုတ်ကြီး ဆုံးပြန်ပြီ.. မီးပဲသဂြိုလ်မှာပါပဲ..။သူ့ခမျာလဲ မွေးထားတာ သမီးကြီးပဲ သုံးယောက် ၊ မအေ့အလောင်းကြည့်ပြီး ငိုတဲ့သူငို . မေ့လဲတဲ့လူ မေ့လဲနဲ့ မီးသဂြိုလ်တာသာမြင်ရရင် နှစ်လောင်းပြိုင်လား သုံးလောင်းပြိုင်လားပဲ…။ထုံးစံအတိုင်း သူကြီးနဲ့ ကျွန်တော်ပဲ ကြီးကျပ်ရေးပေါ့..။ သူကြီးတို့လယ်ချက်များ.. ဆရာလေး ခင်ဗျားကိုယုံတယ် ခင်ဗျားက စိတ်ချရတယ်..ပြာကျတဲ့အထိ ကြည့်လုပ်နော်တဲ့.။
အော် ဒါမျိုးကျ စိတ်ချတယ်.. အရင်တခါ ရွာကို မြို့က တက္ကသိုလ် ဆရာမလေးတွေ ကွင်းဆင်းလာတုန်းက ငါမှ ဖြစ်မှာ ငါမှဖြစ်မှာနဲ့…။ ကြိုတော့လဲသူ .. ပြန်ပို့တော့လဲ သူ.. နေရေးထိုင်ရေးလဲ သူ.. ၊ ရွာထွက်လက်ဆောင်လေးတွေလဲ မမေ့စေရ.. မျက်နှာကြီးကို ပြုံးလို့ … ။ အေးပေါ့လေ မသာကြတော့ ငါ့ကို စိတ်ချပြီပေါ့…။ လုပ်ပေါ့သူကြီးရယ် ရှင်တို့က ရဲပဲ…။
မီးအားကောင်းလို့ တော်သေးတာပေ့ါ နှစ်နာရီလောက်ရှို့လိုက်တော့ သုံးပုံ နှစ်ပုံလောက်တော့ ကုန်ပါပြီ ..။နေအပူရှိန် ၊ လေအပူရှိန်နဲ့ လူကလဲ ဖျားချင်သလိုလို ဖြစ်လာလို့ ရွာခေါင်း မောင်ဂီကိုပဲ လွှဲပြီး ပြန်ခဲ့လိုက်တော့တယ်..။သုံးပုံနှစ်ပုံ ကုန်ပြီဆိုတော့ စိတ်တော့ချရလောက်ပါပြီလေ ။ ကျွန်တော် အိမ်ပြန်ရောက်တော့ နေစောင်းနေပါပြီ ..။သုဿန်က ပြန်လာတာမို့လို့ ခြေလေး လက်လေးဆေး ၊ ပြီးတော့မှ ကွမ်းရွက်ပြုတ်ရည်လေး သောက်ပြီး နားနေလိုက်ပါတော့တယ်..။
မှေးခနဲ့ ဖြစ်သွားတာ ဘယ်လောက်ကြာပြီမသိ ..။ ဝုန်းတိုင်းကျဲ ရွာတဲ့ မိုးကြောင့် လန့်နိုးလာပြီး နာရီကို ကြည့်လိုက်တော့ ည ကိုးနာရီခွဲနေပြီ…ဟိုကောင် မောင်ဂီတို့ ဒီအချိန်ဆို ကိစ္စ ပြီးလောက်ပြီပေါ့.. ပြန်မှေးမလို့ ကြံရုံရှိသေး အိမ်အောက်က ခပ်အုပ်အုပ် ခေါ်နှိုးတဲ့ ရွာခေါင်း မောင်ဂီ အသံကို ကြားလိုက်ရပါတော့တယ်…။
+++ ဆရာလေး ဆရာလေး ထပါဦးဗျ..
— မောင်ဂီလားဟေ့ ဘာတုန်းဟ ညကြီးမင်းကြီး..
+++ ပြဿနာတော့ တက်ပြီ ဆရာလေးရေ .. ဒေါ်စိန်တုတ်ကြီး ခုချိန်ထိ ကျန်နေသေးလို့ဗျ….
— ဟာ မင်းတို့ လေးနာရီထဲက လုပ်တာ အခု ၁ဝ နာရီ ထိုးတော့မယ် အခုထိ ကျန်တုန်းလား …
+++ ကျွန်တော် ကိုရင်စည်တို့ ၊ ကိုပေ တို့ကို ပြောပါသေးတယ် ဆရာရယ် .. သောက်တာ နောက်မှသောက် အရင် ကုန်အောင်လုပ်ဥိးဆိုတာကို အချိန်တန် ပြာကြမှာပေါ့ အေးအေးပေါ့နဲ့ သူတို့ အချိန်ဆွဲကြတာလေ.. အဲဒါ အခု မိုးက ရွာတော့ တင်ပိုင်းကြီး မီးမလောင်ဘဲ ကျန်နေတယ်ဆရာလေး..အဲဒါ ဆရာလေး လိုက်ခဲ့ပါဦး
— ခက်လိုက်တာ မောင်ဂီရာ ငါသေချာ မှာထားရက်နဲ့ကွာ .. မီးသဂြိုလ်ထားတဲ့ အလောင်း မြေမမြှုတ်ကောင်းဘူးဆိုတာလဲ မင်းသိရက်နဲ့ ၊ အခု မိုးကလဲ ရွာနေပြီ..။ မနက်လင်းလို့မှ ဒါကြီး ဒီတိုင်းရုပ်ပျက်ဆင်းပျက်ဆို ငါတို့ ဘယ်နှယ့်လုပ်ကြမတုန်း . သူကြီးအကြောင်းလဲ မင်းသိသား..အလကားနေ သူ့နှလုံးပြူးကြီးပဲ ထုတ်ထုတ်ပြနေတာ.. ငါပါအချောင်ရောပြီး နာတော့မယ်ထင်ပါတယ်ကွာ… ဒုက္ခပဲ . နေမကောင်းလို့ တစ်ခါလေး ပြန်အိပ်မိပါတယ်.. ခြောက်ပေါက်နဲ့ကို တည့်တည့်တိုးတာပဲ. နေဦး နေဦး မင်းတို့ ဟိုဟာတော့ မလုပ်ပါဘူးနော်..
+++ ဟာ ဆရာလေးကလဲ ကပ်သီးကပ်သပ်..မလုပ်ပါဘူး..။အဲ အခုတော့ ဟိုကောင် နှစ်ကောင်ပဲ ကျန်တော့တာ သူတို့နှစ်ကောင်ကတော့ စိတ်ချရတာ မဟုတ်ဘူး.. ကဲ မြန်မြန်လိုက်ခဲ့ပါ ဆရာလေးရာ
မတတ်နှိုင် နေမကောင်းဖြစ်တာလေးကို နောက်ထား..အတင်းသာ ခြေကုန်သုတ်ရတော့သည်။ ဟုတ်သည် ကစည်တို့ ကပေတို့က ယုံရတာ မဟုတ်..။အရက်မူးနေတုန်းဆို ပြဿနာကို ထွန်ခြစ်ဆွဲပြီး ရှာတတ်တာ သူတို့ နှစ်ယောက်.. တော်ကြာ မူးမူးနဲ့ အမြည်းသာကုန်လို့ကတော့ ဒေါ်စိန်တုတ်ဘဝ မတွေးရဲစရာ ..။သချိုင်းကုန်းရောက်တော့ ဟိုနှစ်ကောင်ကို ဒီတိုင်းတွေ့ရလို့ စိတ်အေးရသည်..။သူတို့လဲ မိုးရေထိလိုက်တာ တစ်ကြောင်း ၊ ဒေါ်စိန်တုတ် ပြာမကျသေးတာ တစ်ကြောင်း အမူးတော့ နဲနဲ ပြေစပြုနေပါပြီ ..။ ဒေါ်စိန်တုတ်ကြည့်လိုက်တော့ .. တင်ပိုင်းကြီးက မီးကျွမ်းလျှက်သား မိုးရေမိတော့ အဆီတွေနဲ့ ပြောင်ဝင်းနေပြီ .. ဒီမိုးနဲ့ကတော့ ထပ်ရှို့လို့ ရတော့မှာ မဟုတ်..။မီးသဂြိုလ်တဲ့ အလောင်း မြေမမြုတ်ရဆိုတဲ့ ဆိုရိုးကလဲရှိ..။ မောင်ဂီ..မောင်ပေ .ကစည်တို့ မျက်နှာလေးတွေများ ဇီးရွက်လောက်ပဲ ရှိတော့သည်..။နောက်ဆုံး ကဲ မင်းတို့ နှုတ်လုံကြနော်…
တွင်းတတွင်းကို အမြန်တူး… ဒေါ်စိန်တုတ် နောက်ဆုံးပစ္စည်းကြီးကို အလျှင်အမြန်မြေဖို့.. ခြေရာလက်ရာ မပေါ်အောင်ဖျက် .. အားလုံးပြီးတော့ ၁၂ ကပ်ပါတော့မယ်..။သူကြီးသာသိလို့ကတော့ မလွယ် … ခင်ဗျားကို စိတ်ချလို့ ထားခဲ့ကာမှ ဆရာလေးရယ်ဆိုတာနဲ့ အရင်ကိုင်ပေါက်မှာသေချာသည်…။အဓိကက နှုတ်လုံဖို့ …။ စိတ်ပူစရာတော့သိပ်မလို ဟိုသုံးယောက်ကတော့ သူတို့နာမယ့်ကိစ္စ ဖွင့်မပြောလောက် ..။သေချာအောင်တော့ အထပ်ထပ်အခါခါ မှာပြီးမှ ပြန်ခဲ့ရသည်.။
တွက်ကိန်းကတော့ ထုံးစံအတိုင်း မှားပါတော့တယ်… ပေ၊စည်၊ဂီ ကိုယုံမိတာ ကိုယ့်အမှား ၊ နေ့ပင် မကူးလိုက် ထိုသတင်း က သူကြီးဆီ ရောက်သွားတော့သည်။ဘာလိုသိလဲဆိုတော့ ဆရာလေးကို ကျေးဇူးတင်လွန်းအားကြီးလို့ သိတာပါတဲ့.. ဒါက မောင်ဂီ့ အပြော..။ ဖြစ်ပုံက ထိုနေ့ည ကိစ္စတွေပြီးတော့ သူတို့ ရွာထိပ် အရက်တဲလေးမှာ ဆက်လက်ဝိုင်းဖွဲ့ဖြစ်သည်တဲ့..။ ဆရာလေးသာ မကယ်ရင် တို့အားလုံး ခြောက်ပေါက်ပဲ ဟုဆိုကာ ဆရာလေးကယ်ပေလို့ ဆရာလေး ကယ်ပေလို့နဲ့ တဖွဖွ ပြောရင်း ပြောရင်း သူကြီး မနက်ပိုင်း မောနင်းပက်လာလုပ်တာနဲ့ တည့်တည့်တိုးသည်..။လူရည်လယ်သောသူကြီးက ထိုစကားကိုပင် တဖွဖွ ပြောနေသော သူတို့သုံးယောက်ကို နဲနဲ ဟောက်စားလုပ်လိုက်သောအခါ အကုန်ပေါ်ကုန်တော့သည်..။ မောနင်းပက်ကိစ္စ သူကြီးကတော်သိသွားမှာ စိုးရိမ်နေသောသူကြီးက အကျယ်အကျယ် မလုပ်တော့သော်လဲ နားပူလောက်အောင်တော့ ဆုံးမဩဝါဒကို ခံလိုက်ရသည်..။ပြီးတော့ ဆရာလေးကို ပတ်ရှာနေပါသည်တဲ့..။
ပြန်မည်.. ပြန်မည်… နေမကောင်းတာကို အကြောင်းပြ .ကိုယ့်မြို့လေးကိုပဲ ပြန်တော့မည်.။သူကြီး မမြင်အောင် ရှောင်ရတာ တမျိုး၊နေမကောင်း ပိုဖြစ်လာတာ တစ်မျိုး .. သေချင်းသေရင်တော့ မြို့မှာပဲ အသေခံတော့မည်…။ဒီမှာသေရင်တော့ ဟိုသုံးယောက်က ကျေးဇူးတင်လို့ ကျေးဇူးတင်လို့နဲ့ ဝါးလုံးနဲ့ဝိုင်းထိုးတာ ခံရမည်..။ကံမကောင်းလျှင် တို့ဆရာလေးအသား အမှတ်တရဆိုပြီး အရက်နဲ့မြည်းတာတောင် ခံရနှိုင်သည်..။နေကောင်းအောင် တစ်လ လောက်တော့ မြို့မှာ ရှောင်နေမှ … ဒီကြားထဲ သူကြီးသေတဲ့သတင်းကြားရရင်တော့ တမျိုးပေါ့နော်… ကဲ ကားလဲထွက်တော့မယ်…သွားပြီဗျာ..နောက်မှ တွေ့မယ်.. သူကြီးသေတယ်သတင်းကြားရင်တော့ ချက်ချင်းအကြောင်းကြားနော.. ကိုယ့်ကျေးဇူးရှင်ကြီး ဘယ်ပြစ်ထားလို့ ဖြစ်မလဲ ….။ တာ့ တာ…………….. …………. ………… ………… ………….. ………….. ……………. ……… …….. …………. ….
(မှတ်ချက် – ဒေါ်စိန်တုတ် ဟု သေသေချာချာ ရေးထားခြင်းဖြစ်ပါသည် ..။ ဒေါ်စိန်သော့ဟု သေသေချာချာ မှားယွင်း မဖတ်ပါနှင့် ….။)
24 comments
မှော်ဆရာ
December 4, 2011 at 6:42 pm
ကိုပေါက် လက်ဆောင်ပါးပါးလေးထဲက မီးသဂြိုလ်တဲ့အကြောင်း ဖတ်ပြီးတော့ ကြားဖူးတဲ့ အတွေ့အကြုံလေးကို ပြန်ရေးပြလိုက်ပါတယ်.. တောရွာဘက်မှာ အခုထက်ထိ ရှိနေပါသေးတယ်နော…
NAJA
December 4, 2011 at 6:58 pm
ဆဂီ့ ဟာလို အခန်းဆက်လိုက်ဖတ်ရမလားလို ့… မင်းသမီးတွေတစ်ယောက်မှမပါသေးဘူး… ဆက်လုပ်ပေးပါဦး… 🙂
ဒါထက် ဘယ်နယ်ဘက်က ရွာတွေမှာလဲမသိဘူး..
windtalker
December 4, 2011 at 7:00 pm
အောက်ပါ အကြောင်းအရာသည် ယခုပို ့စ်နှင့်တော့ ဘာမှ မဆိုင်ပါ ။
ကလေးအဖေများအတွက် ဘာမီတွန် အသုံးဝင်ပုံ
ဘာမီတွန် တစ်ပြားကို အမှုန် ့ကြိတ် ပါ ။
နို ့မှုန် ့ ဖျော်နေကြ ပမာဏ အတိုင်း ကို ဘာမီတွန်အမှုန် ့နှင့်ရောပါ ။
ပြီးလျှင် နို ့ဘူး ထဲ ထည့်ပြီး ရေနွေးပူပူလေးဖြင့် သမနေအောင် ဖျော်ပါ ။
ကဲ..ကလေးအဖေ မောင်ကျော့်အတွက် ၊ မိတ်ဆွေတစ်လက်ရပါပြီ ။
မှော်ဆရာ
December 4, 2011 at 7:09 pm
လူကြီးနော် လူကြီး တော်တော်ဆိုး … တွား လူဂျိုး… ဝီလေး နဲနဲရောလဲ ရတာပဲဟာကို..
KING
December 4, 2011 at 7:56 pm
မှတ်သားစရာ နည်းလမ်းများကို ပို့ချပေးနေသော
ဆရာများ ဖြစ်ကြပါသည်
အားလုံးပဲ
ဉာဏ်ပူဇော်ခ ထည့်ဝင် လှူဒါန်းနိုင်ပါရန် ……. 😀
(စာကြွင်း၊ 50% ဖြတ်မည်။ 20% အခွန်ဆောင်ရမည် နောက်ပြီး …. ) 😀
MaMa
December 4, 2011 at 9:02 pm
မှော်ဆရာရယ်-
သဂျီးနေရာယူတတ်တာလည်း ပါရဲ့ 😀
ဂီဂီလည်း ရွာခေါင်းဖြစ်။
တော်ပါသေးရဲ့
ဒေါ်စိန်သော့
အဲ မှားလို့ ဒေါ်စိန်တုတ် လည်း
ပေ၊ စည်၊ ဂီ အမြည်းခံရတော့မလို့။ 😀
(စွယ်စုံရ ဆရာလေးရေ-သူများကိုကျတော့ နင်ဒါလည်း ရတာပဲလားတဲ့ လား) 😆
မှော်ဆရာ
December 4, 2011 at 9:17 pm
စက်ကြာမင်း သတိရတွားပီ ဟီးဟီး
ဒါကြောင့် လုပ်စရာ တစ်ခု ရှိပါတယ် ထင်နေတာ… ဆောရီးပါ မမ ခင်ဗျား…
MaMa
December 5, 2011 at 8:47 am
စက်ကြာမင်းဘွဲ့ကို ထိန်းသိမ်းထားတာပေ့ါ နော်။
အရိပ်ပြတော့ အကောင်ထင်သားပဲ 😆
Diamond Key
December 5, 2011 at 11:48 am
လေးဘက်ထောက်မူးနေသူမှပင် ဒေါ်စိန်တုတ် ဟု သေသေချာချာ ရေးထားခြင်းဖြစ်သည် ကို မမူးပဲ ဒေါ်စိန်သော့ဟု သေသေချာချာ မှားယွင်း ဖတ်ပါက ထိုသူများကို ဆြာမှော၏ နောက်ဆက်တွဲ တွင် မင်းသမီးတွေ လုပ်ပစ်ကာ တစ်ဝက်ကျန်ထားခြင်း၊ အကျန်များကို ဆြာလေးမှ စားပြစ်ခြင်း (မြေမမြုတ်ရပါသောကြောင့် 😆 ) ကျန်သေးလျှင် ဗိန္ဓောဆရာ ဦးပေါက်ကြီး (ပုလင်းတစ်လှုတ်လှုတ်နှင့်) ကို လက်ဆောင်ပေးမည် ဖြစ်ကြောင်း……. 👿 …..
ပေါက်ဖော်
December 5, 2011 at 12:12 pm
ကြားတယ်နော်..ကြားတယ်နော်..
ဒေါ်စိန်တုတ်ပါဆို..ဒေါ်စိန်သော့ မလုပ်ကြနဲ ့..
ဒေါ်စိန်သော့က ဒေါ်စိန်တုတ်လို မဟုတ်ဘူး…..
မယုံရင် ကမှော်ချာကိုမေးဂျိ..လက်၂လုံးလောက်ရှိ..
😆
MaMa
December 6, 2011 at 8:43 am
ဒီပိုစ့်မှာ လာမန့်တော့ ပိုစ့်ပိုင်ရှင်ကို လေးစားသောအားဖြင့် မမူးပဲ ရမ်း မိတာကို သည်းခံပါ..
ဒေါ်စိန်သော့ရှင့် အဲ မှားလို့ ကိုစိန်သော့ရှင့်။
(ပိုစ့်ပိုင်ရှင်က မှားစေချင်လွန်းလို့ကို bold လုပ်ပေးထားတာဆိုတော့ကာ….) 😛
မှော်ဆရာ
December 4, 2011 at 9:20 pm
မသိတဲ့လူတွေက နောက်ပြီး ရေးတယ်ထင်မယ် ။။
လူသားမီးကင် စားတာတွေက တကယ်ရှိတယ်ခင်ဗျ …မရှားဘူး .. ကျွန်တော်တို့ မြို့ ဝန်းကျင်က ရွာတွေမှာကို ရှိတာ..
အခု ဇတ်လမ်းလေးကလဲ အဲဒီ့ ဆရာလေးကိုယ်တိုင် ပြန်ပြောပြတာကို ရွာသားတွေ နာမည် ထည့်ရေးလိုက်တာ …
inz@ghi
December 4, 2011 at 9:47 pm
တိန်…. သည်ဇာတ်မှာ ဂေါင်းလာဖစ်ရပြန်ဘီ…ဟင့် …
ကိုယ့်ဟာကိုယ် ဘူလို့ စာမရေးဘဲနေဘာဒယ် …..
ဟိုဇာတ် သည်ဇာတ်တွေမှာ သည် နာမည်ရီး ထွက်ထွက်ကျနေဒယ် ……
ဟွန့်……(သဂျိုင်ခီး နဲ့ စစ်ဖြစ်နေတာတော့ ဘယ်သူမှ ဝင်ကူမတိုက်ပေးဝူး ….)
😛
တော်ဘီ ခေါ်လော့ဝူး …..
(ဇိ ကလေးပဲကောင်းတယ် ..ဂီဂီ့ကို နားလည်ပေးဒယ် .. ဂီဂီ့ ကို ခရက်ဒစ်ပေးဒယ်…)
မှော်ဆရာ
December 4, 2011 at 9:55 pm
ဟ နင့်တို့ဟာ နင်တို့ လင်မယားလုပ်တိုင်းဆော့တာ ..တို့နဲ့ဘာဆိုင်တုန်း
ဟုတ်တာလဲ မဟုတ်ပဲနဲ့ သူကြီးက ဟိုလိုပြော.. နင်က ဒီလိုပြန်ပြော …
တို့မှာ ကြားတဲက ဘာမသိ ညာမသိလေးတွေဆိုတော့ မျက်လုံးလေးတွေ အကြောင်သား ဟိုကပြောရင် ဟုတ်ကဲ့ပါခင်ဗျ…ဒီက ပြောရင် ဟုတ်ကဲ့ပါခင်ဗျ နဲ့ နေရတာ…
ဟိုဘက်က ဝင်ရမလိုလို ဒီဘက်က ဝင်ရမလိုလို ကြာတော့ တို့ပဲ အရူးဖြစ်တော့မယ်.
ကြာပါတယ်ကွာ နှစ်ယောက်လုံး ရှို့ဟာ …. မီးတုတ် မီးတုတ် …
ပြီးမှ အရက်နဲ့ မြီးမယ်….:)
windtalker
December 4, 2011 at 10:08 pm
မိုးစက်ကလေးတော့ ချမ်းသာပေးလိုက်ဘာ
မှော်ကီးရဲ ့
သူကလေး က လိမ်မာရေးခြားရှိရှာပါတယ်
ဟီဟိ
inz@ghi
December 4, 2011 at 10:16 pm
နာ ကျော ရမှာ နီ လာကျောဝါးဒယ် …
ကျေနပ်ဝူး …
🙁
ဇက်ကလေး …ဖက်ကြီး ဘက်က စစ်ကူပေးဦး..
လက်စားခြေပေးဦး။။။
နော်နော်နော်……………..
Moe Z
December 6, 2011 at 8:29 am
ကိုပေ…..
သူ့ဟာသူ သဂျီးနဲ့ ကိုအင်ဂျီးကို ပြောနေတာ
ဘာကိစ္စ မဆီမဆိုင်မိုးစက်ကပါလာရတာတုန်း 🙁
comegyi
December 4, 2011 at 10:08 pm
ဒီပို့စ်လေး ဖတ်ရတာ သရဲကားကြည့်ရသလိုပါလား …..။ ဖတ်ရင်း ဖတ်ရင်း ပေါင်သားဖဲ့မြည်းတယ်လို့ပါလာတော့တွန့်သွားတယ် ။ ဖတ်လို့ကလည်းကောင်းတော့ ဆက်လည်းဖတ်ချင်တယ် ကျွန်တော်လည်း အလောင်းတွေနဲ့ လက်ပွန်းတတီးနေခဲ့ဘူးတာတောင် တုန်တုန်သွားတယ် ကိုမှော်ဆရာရေ့ …..
မှော်ဆရာ
December 5, 2011 at 6:33 pm
ိဒါဆိုရင် အဲဒီ့ အတွေ့အကြုံတွေ ပြန်ရေးလေဗျာ ..
ကျွန်တော်နဲ့ အလောင်းများဆိုပြီး …..။
နောက်တာမဟုတ်ဘူးနော် အတည်ပြောတာ …။
koyinmaung
December 4, 2011 at 10:58 pm
ဒီဇာတ်လမ်းမျိုးကအပြင်မှာလဲရှိပါတယ်
တချို့တောရွာတွေမှာခုချိန်ထိမီးသဂြိုလ်နေတုန်း
မီးကျွမ်းနေတဲ့လူအသားကိုမူးမူးနဲ့စားဘူးတဲ့
လူတောင်တွေ့ဘူးပါတယ်…
အရေးအသားကတော့ရှယ်ဘဲဟေ့
သဂျီးလဲရွာထဲ့မှာညောင်ထောက် တံတားခင်းနေလေရဲ့
အိမ်မက်မကောင်းလို့တဲ့လေ….
ပေါက်ဖော်
December 5, 2011 at 11:08 am
ဟေ့လူကြီး..
ဒေါ်စိန်သော့ရဲ့ဘယ်အပိုင်းတွေကိုဆွဲပြီး ဘယ်အပိုင်းတွေကို မြှုပ်လိုက်တာလဲဂျ
မှော်ဆရာ
December 5, 2011 at 1:08 pm
ဆရာပေါက်ရေ ယောကျင်္ားဆိုရင် ရင်အုံ ၊ မိန်းမ ဆိုရင် တင်ပါးဆုံက နောက်ဆုံးမှ ပြာကျပါတယ် …
ဒေါ်စိန်တုတ်ကတော့ မိန်းမဖြစ်တဲ့ အတွက် တင်ပါးဆုံကြီး ကျန်နေတာပါ ..
ချွင်းချက်အနေဖြင့် ဂီဂီလို လူမျိုး မီးလျှို့လျှင်တော့ လျှာ မီးမလောင်ပဲ ကျန်ခဲ့မည် ဖြစ်ပါကြောင်း …..
E.T
December 5, 2011 at 1:34 pm
ပေ၊ စီ၊ ဂီ က နောက်ဆုံးကျန်တဲ့ ဒေါ်စိန်သော့ရဲ ့ တင်ပါးဆုံးကြီးကို တစ်ယောက်တစ်လှည့်စီ ဝိုင်းမြည်းကြပါသတဲ့ 😛
Nishida
December 6, 2011 at 10:56 am
ခုမှတွေ့လို့ ခုမှရန်တွေ့ရမယ်…
ဘယ်တုန်းကတည်းက သမထားတယ်မသိ…
🙁
ရှင်တို့လို ..ဒါ့ပုံဆြာဒွေလောက်ပဲတော်ကီ ကောင်းနိုင်ဦးမလားကွယ်….