ကန်တော်ကြီးထဲက မျှော်စင်ကျွန်းဘက်ကို လာဖူးတဲ့ သူလဲရှိမယ်.. မလာဖူးတဲ့သူလဲရှိမယ် ထင်ပါတယ်.. ဒါကြောင့် ဒီနေ့ မျှာ်စင်ကျွန်းထဲဝင်ပြီး P3 စားသောက်ဆိုင်ကို ဝင်ရိုက် ပစ်လိုက်တယ်..မှားစရာ အကြောင်းမရှိပေမယ့် မသိသေးတဲ့ သူတွေအတွက် မျက်စိထဲမှ မြင်ယောင်နေအောင် တင်ပေးလိုက်တာဖြစ်ပါတယ်.. မျှော်စင်ကျွန်းကို ဝင်တဲ့ အပေါက် ၂ ဖက် ရှိပါတယ်..  တာမွေဖက်က ဝင်တာရယ်.. သိမ်ဖြူဘက်က ဝင်တာရယ်.. ပုံမှာ မျှားအဝါနဲ့ ပြထားတာက တာမွေဘက်က ဝင်ရင် တွေ့ရမယ့် မြင်ကွင်းများ ဖြစ်ပြီး မျှား အနီက သိမ်ဖြူဘက်က ဝင်ရင်တွေ့ရမယ့် မြင်ကွင်းတွေ ဖြစ်ပါတယ်.. ပုံတွေမှာ  နံပါတ်တပ်ထားပေး ပြီး နံပါတ်တွေကို မြေပုံပေါ်မှာ ပြန် ဖော်ပြပေးထားပါတယ်..ပုံ နာမည်တွေမှာ  L1 ပုံဆိုရင် မြေပုံပေါ်က L1 လို့ပြထားတဲ့ နေရာမှ ရိုက်ထားတာပါ.. L နဲ့စတာတွေက သိမ်ဖြူဘက်က ဝင်တာဖြစ်ပြီး R1, R2.. စတာတွေ ကတော့ တာမွေဘက်က ဝင်တဲ့ လမ်းကြောင်းပါ..   […]