မြစပဲရိုးJanuary 13, 20121min25014
သူ့မျက်နှာ က စကား အများကြီးပြောနေတယ်။ တကယ်မှ လွတ်လာပါ့မလား ဆိုတဲ့ ယုံရနိုးနိုး အငွေ့အသက်နဲ့ စိုးရိမ်စိတ် တွေ အများကြီးဘဲ။ သူ့ စောင့်နေခဲ့ တဲ့လူ ပါ ခဲ့ရဲ့လား လို့ ကျွန်မ သိချင်နေမိတော့တာပါဘဲ။ အိမ်မှာ လဲ အိမ်ရောက်ရင် စားရအောင် စားဖွယ်လေး တွေ စီစဉ် ထားခဲ့လေသလား။ စောင့်ရကြိုးနပ်ပြီး ပြုံး ပျော်ရွှင်စွာ အိမ်ပြန်ခရီး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ နိုင်ငံတော် သမ္မတ၏ “လွတ်ငြိမ်းချမ်းသာခွင့်” ကြေညာချက်အရ လွတ်မြောက်လာမည့် နိုင်ငံရေး အကျဉ်းသားများအား လာရောက် စောင့်မျှော်နေသည့် အမျိုးသမီးကြီးတဦးအား အင်းစိန်ထောင်ရှေ့ တွင် ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)