ပြောတောင်မပြောချင်ပါဘူးဗျာ… ဒါပေမဲ့လည်း ပြောပြပါရစေအုံး…  :p: ကျုပ်မှာအကျင့်တစ်ခုရှိသဗျ..အဲ့တာကတော့ နေ့စဉ်အလုပ်ကပြန်ရောက်တာနဲ့ အဝတ်အစားလဲ၊ ခဏတဖြုတ်ထိုင်နားပြီး လမ်းထိပ်ထွက် လဘက်ရည်ဆိုင်ထိုင်ပြီး မိတ်ဆွေတွေနဲ့လေပစ်လေ့ရှိတာပဲဗျ ပီးခဲ့တဲ့ စနေနေ့ကလည်း အလုပ်ကပြန်လာပြီး ထုံးစံအတိုင်း လမ်းထိပ်လက်ဘက်ရည်ဆိုင်ထွက်ခဲ့လိုက်တယ်.. အချိန်ကညနေလေးနာရီခွဲလောက်…လဘက်ရည်ဆိုင်မှာဘော်ဒါတွေနဲ့ လေကန်နေရင်း ၆ နာရီဝန်းကျင်လောက်မှာ ကိုဘလက်ဆီကဖုန်းဝင်လာတယ်…ထုံးစံအတိုင်းမတွေ့တာကြာလို့ ဆိုင်တစ်ဆိုင်ထိုင်ကြမယ်ပေါ့..ကိုအမတ်မင်းလည်းပါမတဲ့…ကျုပ်လည်း၆ခွဲလောက်အရောက်လာခဲ့မယ် ပြောပြီး လမ်းထိပ်ကဘော်ဘော်တွေနှုတ်ဆက်ပြီး လမ်းလျှောက်ပြီးအိမ်ပြန်ခဲ့တယ်… အိမ်ရောက်တော့..အဝတ်အစားလဲ..ပိုက်ဆံအိတ် ကလေးကိုင်ပြီး ထားနေကျ ဘုရားစင်ထောင့်က ကားသော့ယူဖို့ကြည့်တော့ ကားသော့ကမရှိ..မဒမ်မိုက်ကိုမေးတော့ သူလည်းကျုပ်ရုံးကပြန်လာတော့ အဲ့နေရာကားသော့ထားလိုက်တာမြင်ပါသတဲ့…ကျုပ်လည်းထိတ်ကနဲဖြစ်သွားပြီး ကမန်းကတန်း အိမ်ပြင်ထွက်၊ ကားရပ်ထားတဲ့နေရာသွားပြေးကြည့်တော့ ကားကမရှိ… အဲ့မှာတင်ငယ်ထိပ်မြွေပေါက်ခံရသလို ပူထူပြီးပျာယာခပ်တော့တာပဲ…  :b: တစ်အိမ်လုံးလည်းအုံးအုံးကျွက်ကျွက်တွေဖြစ်…ဘယ့်နယ်ညနေကြောင်တောင်ကြီးကားပျောက်ရတယ်လို့.. အိမ်ထဲဝင်ပြီးသော့ပါယူသွားတာဆိုတော့..တော်တော်စဉ်းစားရကြပ်ကုန်တယ်… ကျုပ်တို့အိမ်ကလည်း နေ့ဖက်ဆို ဈေးဆိုင်နဲ့အိမ် ကူးချည်သန်းချည်ဆိုတော့ အိမ်ရှေ့တံခါးမကြီးက လော့ချသော့ခတ်လေ့မရှိဘူးဗျ…အဲ့နေ့ကတော့ အိမ်မှာ မဒမ်မိုက်ပါရှိနေတာ…ဒါပေမဲ့သူက ကျုပ်လမ်းထိပ်သွားတော့ အဲကွန်းဖွင့်ပြီး အိပ်ခန်းထဲနှပ်နေတာ… ကျုပ်တို့နေတာကလည်းအိမ်ရာဝင်းလည်းဖြစ်၊ အင်းစိန်လမ်းနဲ့ […]