ဪ ယောက်ျား တန်ခူးလ သင်္ကြန်ပွဲ ၊ ကဆုန်လ ညောင်ရေသွန်းပွဲ…… …………………………………… …………………………………….. တပေါင်းလ သဲပုံစေတီပွဲ။ မြန်မာ တွေဟာ တော်တော်အပျော်အပါးမက်ပါတယ်။ တနှစ်မှာ ဆယ့်နှစ်လရှိပါတယ်၊ဆယ့်နှစ်လ လုံးမှာ ပွဲတော်နဲ့၊နေပူရင်လဲ နေပူထဲ။မိုးရွာရင်လဲမိုးရွာထဲ၊ နှင်းဝေရင်လဲ နှင်းတွေထဲ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေကြတာပါ။ ဒါနဲ့တင်အားမရသေးဘူး၊ ဒေသလိုက်သီးခြားပွဲတွေလုပ်ပါသေးတယ်၊ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ၊ ပုသိမ်မှာထင်ရှားတဲ့ နိဂြောဓါ ဘုရားပွဲ၊ ရှမ်းကုန်သည်လှဲ့ပွဲ၊ရဟန္တာပွဲ ၊ကုသိန္နာရုံဘုရားပွဲ၊အိုအများကြီးမှ အများကြီးပါ၊ ဒါနဲ့တင်မကျေနပ်သေးပါဘူး၊ တရုပ်ကူးလဲမြန်မာ မူးတာပဲ၊ ကရင်ကူးလည်းမြန်မာမြူးတာပဲ၊ ကုလားကူးလဲ၊ မြန်မာထူးတာပဲဗျ၊ဒီလောက်ပွဲတွေလုပ်ရတာ အားမရသေးဘူး၊ ဟောပွင့်လင်းရာသီရောက်လာရင် ဟိုမြို့ ဒီမြို့လိုက်ပြီး ဈေးပွဲတော် တဲ့ လုပ်ကြပြန်ပါရောလား။ “ကိုရင်ကြောင်ရေ၊ဒီနေ့ကစပြီး ဈေးပွဲတော် တစ်ပတ်လုပ်မယ်တဲ့၊ အိမ်အသုံးအဆောင်လေးဘာလေးသွားဝယ်ကြရအောင်” ကြောင်လတ်ရဲ့အိမ်သူသက်ထားဇနီးမယားက […]