Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ကြောင်လတ်March 27, 20121min3749
ခွေးတစ်ကောင်ရဲ့ခံစားချက် တောထဲမှာ သားကောင်ငယ်တွေရှားပါးတော့ ပုံမှန်ရှာဖွေ စားသောက် ဖို့ရာအခက်အခဲဖြစ်လာတဲ့အခါ ကျားတစ်ကောင်ဟာ တောနဲ့ကပ်လျက် ရွာတစ်ရွာထဲက နွားပေါက်ကလေးကို ဝင်ဆွဲပြီးစားတယ်။ ဒီလိုစားရတာလဲ တစ်ကြိမ်တည်းမဟုတ်ပါဘူး။ အခြေအနေ ပေးရင်ပေးသလို အကြိမ်ကြိမ် သွားပြီး ဆွဲစားခဲ့တာပါ။  နွားပေါက်လေးကို ရွာနောက်ဖက်တောစပ်ကိုဆွဲသွားပြီး ပေါင်သား၊ လက်ပြင်သားနဲ့ အသားကောင်းတွေကို စား၊ ကျန်တာတွေကို ထားပြီး မိုးမလင်းခင်တောထဲပြန်ဝင်သွားပါတယ်။ ကျန်တဲ့ နံရိုး တွေ နဲ့လက်တွေခြေတွေ ကို တောခွေးတစ်အုပ်က ဝိုင်းတုတ်လိုက်ကြပါတယ်။ ဒီလိုနဲ့ အသားနဲ့ အရွတ် အကြောအနည်းငယ်ကျန်တဲ့ အရိုးတွေကို တော့ သိန်းငှက်တစ်ကောင်က ရွာနဲ့ ကပ်လျှက်သချင်္ု ိင်းအနီးကကုက္ကိုပင်ကြီးတစ်ပင်ကို ချီယူလာပြီး စားပါတယ်။ သစ်ပင်ရဲ့အောက်မှာတော့ ခွေးတစ်ကောင်ဟာ စောင့်ကြောင့်ထိုင်ရင် အပင်ပေါ်က သိမ်းငှက် ကိုမော့ကြည့်ရင်း ပါးစပ်ကိုဟ၊ လျှာလေးတစ်လစ်ထုပ်ပြီး သွားရေတမျှားမျှားနဲ့ […]


ကြောင်လတ်March 15, 20121min59618
သမ်မတဂျီး ကယ်ပါ ဝန်ထမ်းလစာတွေ တိုးပေးဖို့ သူရရွှေမန်းကြီးက လွှတ်တော်မှာ တင်တယ်၊ အခြေခံဝန်ထမ်းလစား သုံးသိန်းဖြစ်မယ်လို့  ကောလဟလတွေကြားလိုက်တော့ … ဪ  ငါတော့ ခိုးဖွက် မစားရတော့ဘူး၊ သူများအထင်သေးမခံရတော့ဘူးရယ်လို့ ပျော်လို့မှ မဆုံးသေးခင်  သမ်မတဂျီးက လစာမတိုးနိုင်သေးကြောင်းကြေညာချက်ထုတ်လိုက်တော့ မျှော်လင့်ချက်တွေပျက်၊ ပက်လက်လန်တော့ တာပေါ့။ ဟောမနေ့က ညနေစောင်း ကွန်ပျူတာဖွင့် ဂေဇက်ကိုဝင်လိုက်တော့ NK  ရဲ့လစာတိုးပြီဆိုတာလေးတွေ့လိုက်တော့ ကျန်တာတွေ ဆက်မကြည့် အား၊ အပြင်ကိုထွက်သွားပြီး အပြင်မှာဈေးရောင်းနေတဲ့ မိန်းမကို  “လစာတွေ တိုးပြီတဲ့ဟေ့”  လို့ အားရဝမ်းသာပြောလိုက်တော့ သမီးကြီးက “ဖေကြီးက ခုမှ သိတယ် ၊ ရန်ကုန်က မကြီး သဉ္စာက နေ့ ခင်းကတဲက ဖုန်းဆက်ထားပြီးပြီ” တဲ့။ ဒီစကားက ကျနော်ကို ဘာမှ ဖြစ်မသွားစေပေမဲ့ […]


ကြောင်လတ်March 14, 20121min52013
ဒမဆွေး(ဓါးမဆွေး) တစ်ချောင်းရဲ့ခံစားချက်   ကျနော်က ဒမဆွေးတစ်ချောင်းပါ။ တစ်ချိန်တုန်းကတော့ ကျနော်က နောက်ဖေးမီးဆိုဆောင်ထဲမှာ တာဝန်တွေ အများကြီးကို ထမ်းဆောင်ခဲ့ရတဲ့သူပေါ့။ ဝက်သားတုံးကြီးတွေနဲ့ ဝက်လက်တွေကို ဒိုင်းကနဲ မည်အောင်ပိုင်းခဲ့တာကျနော်ပေါ့။ ကြက်ပေါင်တွေကို ဒုတ်ကနဲ ခုတ်ခဲ့တာလည်းကျနော်ပါ။ ငါးတွေရဲ့ ရင်ကိုခွဲ အသဲကိုထုတ်လို့ အသားကို နုတ်နုတ်စဉ်းပေးရတဲ့ အခါတွေလည်းရှိရဲ့။ ဟင်းသီးဟင်းရွက်တွေကို ရွှပ်ကနဲရွှပ်ကနဲ ဖြတ်ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။ ဗူးသီးခရမ်းသီးတွေကို ဗျန်းကနဲ ထက်ခြမ်းခွဲ ခဲ့တဲ့အလုပ်ဆိုလည်းရှောင်မပြေးခဲ့ပါဘူး။ အာလူး၊ကြက်သွန် အခွံသင်ပေးရမယ်ဆိုလည်းလက်မနှေးခဲ့ပါဘူး။ ဒါတင်ဘယ်ကလိမ့်ဦးမလဲ။ ဖိုထဲ ထည့်လို့မရတဲ့ မီးသွေးခဲ အကြီးတွေကိုလည်း ခွမ်းကနဲ ခွဲပေးရတဲ့ အလုပ်ကိုလည်း ကျနော်ကိုပဲ ခိုင်းတာပဲ။ ဒါတွေကို မငြီးငြူခဲ့ပါဘူး။ ကျနော်ကို ဓါးသွေးဆရာဆီကိုပို့ ပြီးကျနော်အသွားကို ထက်မြစေခဲ့ရင် ကျနော် အတော်ကျေနပ်ခဲ့တာပါ။ နောက်ပိုင်းတော့ ဓါးသွေးဆရာဆီကိုမပို့ တော့ပဲ အိမ်ရှင်မက […]


ကြောင်လတ်January 26, 20121min2774
ခွေးကတက် တစ်ခုရဲ့ခံစားချက် ကျနော်က ခွေးကတက်တစ်ခုပါ၊ ခွေးကတက်ဆိုလို့ ဘာမှန်းမသိဖြစ်နေသလား၊ တချို့လည်းသိမှာပါ။ တချို့နေရာတွေမှာ အခေါ်အဝေါ်မတူလို့ တမျိုးဖြစ်ရင်ဖြစ်နေပါလိမ့်မယ်။  ခွေးကတက်ဆိုတာ ကျေးလက်က ဝါးအိမ်၊သစ်သားအိမ်ငယ်လေးတွေ မှာ တွေ့ရတတ်တဲ့ အိမ်ရဲ့ အနိမ့်ဆုံး အစိတ်အပိုင်းတစ်ခုပေါ့။ သစ်သားအိမ်ဆိုတော့မြေပြင်ကနေ ဖိနပ်ချွတ်ကိုတက်ဖို့ လှေကားထစ်လေးတွေလိုလုပ်ထားတာမဟုတ်ဘူး။ အိမ်ရှေ့တံခါးမကြီးရဲ့အဝမှာလေးတိုင်စဉ်လေးကို အနောက်မှာ ဖိနပ်ချွတ်နဲ့ တွဲပြီး အရှေ့ကို ခပ်ဆိုင်းဆိုင်းလေးလုပ်ထားတာလေ။ ကျနော့ပေါ်မှာ ခွေးတွေ အိပ်ပြီးညစောင့်တတ်လို့ လူတွေက ခွေးကတက်လို့ခေါ်တာဖြစ်မယ်။ အံမယ် နိမ့်တယ်ဆိုပြီး အထင်တော့မသေးလိုက်နဲ့ ၊ကိုယ့်ကိုယ် ကို ကြံဖန်ပြီး ဂုဏ်ယူရမယ်ဆိုရင်  အိမ်တစ်အိမ်မှာ ကျနော်က အရှေ့ဆုံးမှာရှိပြီး ထင်သာမြင်သာဆုံးပေါ့၊ အဲဒီအိမ်ကို အိမ်ရှေ့ပေါက်ကဝင်မယ်ဆိုရင် ကျနော်ကိုဖြတ်ကျော် နင်းတက်ပြီးမှ သွားရမှာလေ။ ကျနော်အကြောင်းပြန်ပြောရရင် ကျနော်က လေးပင်သုံးခန်း သစ်သားအိမ်လေးရဲ့ ခွေးကတက်တစ်ခုပါ။ အိမ်ကတော့ ရာသီဥတုရဲ့ […]


ကြောင်လတ်January 11, 20121min3244
မြန်မာပြည်တွင်းမှာ gmail account သစ်တွေ ဖွင့်လို့ရနေတယ်ဗျို့ ၊ သိပြီးကြရင်လည်း ဆောဒီးပါခင်ဗျာ့ ၊ မသိသေးသူများအတွက် အသိပေးလိုက်ပါတယ်ဗျို့။


ကြောင်လတ်January 1, 20121min1590
ဟက်ပီးနယူးရီးယား……. တစ်နှစ်ကူးလို့သွား…… သေဖို့တစ်နှစ် နီးသွား………. နေဖို့တစ်နှစ်လျော့သွား………… မကောင်းမှုတွေချန်လို့ထား…………. ကောင်းမှုတွေကို ဆက်လုပ်သွား………….. အသိလေးများ ရရဲ့လား……………. သတိကလေးပေးလိုက်ပါရဲ့ဗျား……………..။ သူများတွေကို ပြောတဲ့စကား………. ဆင်ခြင်ကာစဉ်းစား…………… ကိုယ် ကိုယ် တိုင် ကော လိုက်နာနိုင်ပါ့မလား…..???????????


ကြောင်လတ်December 17, 20111min31710
ဂေါင်း(ဦးခေါင်း) ခြင်းဆက်အမွှာအားခွဲစိတ်ကုသလိုခြင်း ဦးခေါင်းခြင်းဆက် အမွှာ ထဲမှ တစ်ဦးရဲ့ပြောကြားချက်ကို ရွာသူားများသိစေရန်နှင့် အကြံပေးနိုင်ရန် ဖော်ပြလိုက်ပါတယ်။     ကျနော်တို့ က ဦးခေါင်းဆက် အမွှာညီနောင်ပါ၊ ကျနော်က အကြီးပါ။ ကျနော်တို့မှာ အကိုနှစ်ဦးနဲ့ ညီမတစ်ဦးရှိသေးတော့ စုစုပေါင်းမောင်နှမ ငါးဦးပေါ့။ ကျနော်တို့အမွှာနှစ်ဦးမှာ ဦးနှောက် ကတော့တစ်ခုတည်းဖြစ်နေပြီး အဲဒါကို တခြမ်းစီ  ခွဲသုံးနေရတာ အရမ်းအခက်အခဲရှိပါတယ်။မလွယ်ပါဘူး။ ဒါကြောင့်  ခွဲစိတ်ကုသမှုခံ ချင်နေတာပါ။ တကယ်လို့ခွဲစိတ်ကုသမယ်ဆိုရင် ဒီဦးနှောက် ကိုတခြမ်းစီပါအောင် ခွဲစိတ်မှ နှစ်ဦးစလုံးအတွက်အဆင်ပြေမှာပါ။  အဲလိုခွဲစိပ်လို့ ရနိုင်ပါ့မလား။ နှစ်ဦးစ လုံးသေများသွားနိုင်သလား၊ ရှင် ရင်ကော ဦးနှောက်တခြမ်းစီဆိုတော့ ကျပ်မပြည့်ပဲ ရူးများ ရူးသွားမလား။ ဘာဖြစ်လု့ိ ခွဲစိပ်ချင်ရတာလည်းဆိုတော့ ကျနော်တို့တွေက စာရေးရတာဝါသနာပါတယ်လေ။ ဒါကိုဟိုကောင်ပြောပြီးလို့ ခင်ဗျားတို့လည်းသိလောက်နေပါပြီ။ စာရေးတယ်ဆိုတာ အရမ်းခေါင်းသုံးရတာမဟုတ်လား။ […]


ကြောင်လတ်December 14, 20111min2586
အမေ (နှင့် အဖေ) သို့ ကန်တော့ပန်း ပင်ပင် ပန်းပန်းနဲ့ ဈေးဗန်းခေါင်းပေါ်ရွက်၊အဖေနဲ့အတူ တဖက်တလမ်းကဝင်ငွေရှာ၊          သားသမီးတွေပညာရေးအတွက် ရုံးကန်ခဲ့တဲ့အမေ။                                                      အမေ့ရဲ့ကျေးဇူးကြောင့် ကျနော် မပင်ပန်းပဲ ဝင်ငွေရှာနိုင်ခဲ့ပြီ။ မနက်စောစောအိပ်ရေးအပျက်ခံ ဈေးထွက်ရောင်းဖို့ ပြင်ဆင်ရင်း                        သားသမီးတွေ စာထကျက်ဖို့  ချော့တခါ ဆူတလှည့် သွန်သင်ခဲ့တဲ့အမေ။                            အမေ့ရဲ့ကျေးဇူးကြောင့် ကျနော် အိပ်ရေးမပျက်ပဲ ဘဝရပ်တည်နိုင်ခဲ့ပြီ။ အိမ်ရဲ့ဝင်ငွေကိုချင့်ချိန်ရင်း အဝတ်နွမ်းလေးတွေ ထည်လဲဝတ်လို့                   သားသမီးတွေကောင်းစားရေးအတွက် အနစ်နာခံခဲ့တဲ့အမေ။                                           အမေ့ရဲ့ကျေးဇူးကြောင့် ကျနော် ဝတ်ကောင်းစားလှနဲ့ တင့်တင့် တယ်တယ်နေနိုင်ခဲ့ပြီ။ ရသမျှ ဝင်ငွေ ကိုခြစ်ခြစ်ကုပ်ကုပ် ချိုးခြံချွေတာရင်း ဝန်ထမ်းလိုင်းခန်းကနေ                           ကိုယ်ပိုင်အိမ်လေးနဲ့မိသားစုနေနိုင်အောင်ဦးဆောင်လမ်းပြကြိုးပမ်းခဲ့တဲ့အမေ။                                    အမေ့ရဲ့ ကျေးဇူးကြောင့် ကျနော် ဝန်ထမ်းလိုင်းခန်းမှာ မနေပဲ              ကိုယ်ပိုင်အိမ်နဲ့ နေနိုင်အောင် ကြိုးစားနိုင်ခဲ့ပြီ။ သားသမီးခုနစ်ယောက် ဝမ်းဝပြီး ခါးလှဖို့၊  ရောင်းခြင်းဝယ်ခြင်း […]


ကြောင်လတ်December 11, 20111min4128
မာယာများတဲ့ ကျားရဲတောကိုပဲ ယုံသူငယ်မလေး ခြေဦးပြန်လှည့်ရပြန်ပြီပေါ့။ ကျမ မြို့ပေါ်က ကေတီဗွီဆိုင်ကို တစ်ခေါက်ထပ်ရောက်ရပြန်ပါပြီ။ အရင်က လုပ်ခဲ့တဲ့ဆိုင်တော့မဟုတ်ပါဘူး၊ အခြားဆိုင်တစ်ဆိုင်ပါ။ အရင်အတွေ့အကြုံရှိထားသူမို့ ဒီတစ်ခါတော့ အခက်အခဲသိပ်မရှိတော့ပါဘူး။ ဟိုဆိုင်မှာလုပ်ခဲ့တုန်းကဖောက်သည်တွေကလည်း သတင်းကြားတော့ ရောက်လာကြပါတယ်။ ကျမ အရင်ဆိုင်မှာလုပ်ခဲ့တုန်းကလို လူတစ်ယောက်နဲ့ ထပ်ဆုံရပါတယ်။ ကျမရဲ့ ဘိုင်ကိုကိုပေါ့။ အစတော့ ရိုးရိုး နောက်တော့ တမျိုးတိုးလို့ ချစ်ပြန်ဆိုပဲ  ဆိုပဲ…….  ဆိုတဲ့ သီချင်းထဲ ကလိုပေါ့၊ တပတ်တစ်ခါလောက်ရောက်လာတတ်ပြီး ကျမကို အပျော့ဆွဲ ဆွဲပါတယ်။ ကျမကလည်းနပ်နေပြီလေ၊ ဒါမျိုးဆို လာထား၊ အာဘွားလေးပေးပြီး စပိုင်များများသောက် ၊မုန့်ဘိုးများများတောင်းလိုက်တာပေါ့။ စပိုင် ဝိုင်ဆိုတာသိတယ်မလား၊ ခဏပဲမူးတယ်၊အလေ့အကျင့်ရှိရင် ၄၅ မိနစ် တဆက်ရှင်တစ်လုံးလောက် သောက်နိုင်တယ်၊ အဲ့လူမျိုးက ၃ ချိန်လောက်နေတာ။ စပိုင်တစ်လုံးကို အပြင်ဆိုင်မှာ ထောင့်ငါးရာလောက်ပဲရှိတာ။ […]


ကြောင်လတ်December 10, 20111min5679
ကြက်မတစ်ကောင်ရဲ့ခံစားချက် (ပြည်တွင်းလူကုန်ကူးမှုအကြောင်း) -၂ ကျမလည်းပွဲစားအဒေါ်ကြီးကိုဖုန်းလှမ်းဆက်ပြီး သူလာခေါ်တဲ့ ရက်မှာ ကျမလုပ်အားခ ကျန်တဲ့ငွေ တောင်မယူတော့ပဲနဲ့ အလုပ်ကထွက်လိုက်ပါတယ်။ ပွဲစားအဒေါ်ကြီးက ရန်ကုန် အထည်ချုပ်စက်ရုံမှာတော့ အလုပ်ရမယ်ပြောတယ်၊ ကျမက စက်မှ မချုပ်တတ်တာ ဆိုတော့ စက်နင်းတတ်ရင်၊ ချုပ်ကြောင်းဖြောင့် ရင်ဖြစ်တယ်လို့ပြောတယ်၊ စက်ရုံမှာက နယ်ဆိုင်တွေမှာလို အင်္ကျ ီ တစ်ထည်လုံး ချုပ်ရတာမဟုတ်ဘူးတဲ့၊ သူ့အပိုင်းနဲ့ သူ တခုခြင်းတွဲရတာ တဲ့၊ ကျွမ်းကျင်လာမှ တဆင့်ခြင်းတက်ရတယ်ဆိုတော့အဆင်ပြေတာပေါ့။ ကျမက အားရင် ဂျီးတော် မကျော့ တို့ အိမ်မှာစက်သွားနင်းနေကျ၊ အပ်ကြောင်းဖြောင့်ရုံတင်မက ပုဆိုးတို့ ထမိန်တို့ တော့ကောင်းကောင်းချုပ်တတ်တယ်။ ဒါနဲ့ ကျမ လှိုင်သာယာက အထည်ချုပ်စက်ရုံတစ်ခုကိုရောက်ခဲ့တယ်။ ပွဲစားကိုတော့ ထုံးစံအတိုင်းတလစာပေးရတာပေါ့။ စက်ရုံမှာ အဆောင်နေရင်လည်းရတယ်၊ အဆောင်ကြေးနဲ့ စားစရိတ်ကိုလစာထဲကဖြတ်ယူတယ်၊ ဒါပေမဲ့ ကျွေးတဲ့ဟင်းကမကောင်းဘူးဆိုတော့ […]


ကြောင်လတ်December 9, 20111min4639
ကြက်မတစ်ကောင်ရဲ့ခံစားချက်  (ပြည်တွင်းလူကုန်ကူးမှု အကြောင်း) ကျေးရွာတွေက ဆင်းဆင်းရဲရဲ အမျိုးကောင်းသမီးလေးတွေ ဘဝပျက်ရတဲ့အကြောင်းလေးကိုရေးထားတာပါ။ ဒုတိယပိုင်းမှာပါမဲ့ တကယ့်အဖြစ်မှန်လေးကိုအခြေခံပြီး ရှေ့ပိုင်းကိုအစာထည့်ထားပါတယ်။                    အစာထည့်တယ်ဆိုပေမဲ့ အဲဒါတွေလည်းတကယ်ရှိပါတယ်။ ရွာသူများဖတ်မိလို့ မသင့်တော်တဲ့အသုံးအနှုန်းတွေပါခဲ့ရင် မေတ္တာဖြင့် ဖတ်ရှုအားပေးပါလို့ကြိုတင်တောင်းပန်ပါရစေ။ ကြောင်လတ်။     ကျမဟာ ကြက်မတစ်ကောင်ပါ။ တချို့ကပြောကြတယ်၊ ရှူးပေါက်တဲ့ ကြက်တဲ့၊တချို့ကတော့ ဖိနပ်စီးတဲ့ကြက်တဲ့။ သူတို့ကြိုက်သလိုပြောကြပါစေ၊ ကျမကတော့ ကျမကိုယ်ကျမ ကဗျာဆန်ဆန်လေးပြောချင်တယ်။ စိုင်းထီးဆိုင်ရဲ့သီချင်းကို ဖျက်ဆိုထားတဲ့ ဟိုသီချင်းကြားဖူးလားမသိဘူး၊ “နင်ဟာ…….အတောင်မပါတဲ့ကြက်ပါ…..ငါက …အမွှေးနှုတ်တဲ့ ကြက်ကုလားပါ” အဲ့ဒီသီချင်းထဲက လို  အမွှေးနှုတ်တဲ့ ကြက်ကုလားတွေကြာထဲက အတောင်မပါတဲ့ကြက်ပေါ့၊ ဟင်း…ဟင်း…ဟင်း…. ဒီလိုပြောလို့ ကျမကို  အရမ်းပျော်နေတယ်လို့မထင်လိုက်ပါနဲ့၊ ရောက်ရာဘဝမှာ စိတ်သက်သာအောင် ကြံဖန်ပြီးနေရတာပါ။ ရှင်တို့သိပါတယ်၊ကျမဘဝဟာ  ယောက်ျားတကာရဲ့ရင်ခွင်မှာဝင်ပြီး သူတို့အလိုကျ ပျော်တော်ဆက်နေရတယ်ဆိုတာ။ တချို့ယောက်ျားတွေက ကိုယ်ချင်းစာတရားရှိကြတယ်၊ သူ့လိုအပ်ချက် ကိုယ့်လိုအပ်ချက်အပြန်အလှန်ဖြည့်ပေးကြရတာလေ၊ […]


ကြောင်လတ်December 1, 20111min36510
တော်,မတတ် တနေ့ ကျနော် ကွန်ပျူတာရှေ့ထိုင်နေတုန်း ဒုတိယတန်း တက်နေတဲ့ သားလေးရောက်လာပြီး သချင်္ာ ပုစ္ဆာတစ်ပုဒ် မတွက်တတ်လို့ လာမေးပါတယ်။ ကျနော်က ရှင်းပြပေးပြီးသူ့ ကိုလိုက်ရေးခိုင်းပါတယ်။ လိုက်မရေးပါဘူး။ သူ့ဆရာမ သင်တာနဲ့မတူဘူးလို့ပြောပါတယ်။ သချင်္ာဆိုတာ ပုံစံအမျိုးမျိုးတွက်လို့ရတယ်၊ တွက်နည်းအဆင့်နဲ့ အဖြေမှန်ဖို့လိုတယ်လို့ ထပ်ရှင်းပြပါတယ်။လက်မခံပါဘူး၊လိုက်မရေးပါဘူး။ ဒါနဲ့အတင်းအော်ငေါက်ပြီးရေးခိုင်းရပါတယ်။ သဘောတရားကိုလည်း နားလည်အောင်ရှင်းပြပါတယ်။ ပုံစံတူ တစ်ပုဒ်ကိုလည်းထပ်တွက်ခိုင်းလိုက်တော့ သဘောပေါက်ပြီးတွက်လို့ရပါတယ်။ ဒါပေမဲ့ စာအုပ်ထဲမှာ ရေးထားတွက်ထားတဲ့ဟာကို သူသံသယ ရှိနေပုံရပါတယ်။ တအောင့်ကြာတော့ သူ့သူငယ်ချင်းရောက်လာပြီး မင်းတွက်ထားတာမှားတယ်၊ ဆရာမက အဲလိုမတွက်ဘူးလို့ပြောနေသံကြားရပါတယ်၊ ကျနော့ သားက တိုးတိုးပြန်ပြောပါတယ်။ ခနကြာတော့ ကျနော် မသင်္ကာလို့အပြင်ထွက်ကြည့်တော့ စာအုပ်ထဲက ရေးထားတာကို ခဲဖျက်နဲ့ ဖျက်နေတာတွေ့ပါတယ်။ ကျနော်က သားကို မဖျက်ရဘူး ဒီအတိုင်းထားလို့ပြောလိုက်မှ ငိုမဲ့မဲ့နဲ့ ပြန်ရေးနေပါတယ်၊သူ့သူငယ်ချင်းလဲ ပြန်သွားပါတယ်။ […]


ကြောင်လတ်November 24, 20111min2865
ကိုစိန်သော့ ရဲ့   မန္တလေးလမ်းပေါ်က အန္တရာယ်တွေ    ပို့ စ် နဲ့ ပတ်သက်ပြီးဆွေးနွေးချင်ပါတယ်။ဒီနေရာမှာ ပြောချင်တာကတော့ ကိုစိန်သော့ တို့ လို ပြည်သူ့လိုအပ်ချက်တွေကို ထောက်ပြပေးနေတဲ့ သူတွေကို တိုက်ခိုက်အပစ်ပြောချင်တဲ့ဆန္ဒလုံးဝမရှိကြောင်းဦးစွာပြောပါရစေ။ အများအတွက်ကောင်းမယ်ထင်တာလေးကိုပဲ ကျနော် ဉာဏ်မီသလောက် အကြံပြုဆွေးနွေးခြင်းဖြစ်ပါတယ်။   ဒီကိစ္စကို နှစ်ဖက် မျှပြီးဆွေးနွေးချင်ပါတယ်။ လမ်းပေါက်တွေ (ပြည်သူပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြားအထွေထွေလိုအပ်ချက်များအားလုံး) နဲ့ပတ်သက်ပြီး ပြည်သူတွေကသက်ဆို်င်ရာဌာနကိုပဲ အော်နေမဲ့အစား၊   နိုင်သလောက်လေးဝင်ကူလိုက်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်၊ ဌာနကလည်း လုပ်ချင်တဲ့ပြည်သူကိုလက်ခံရမှာပါ။တတ်နိုင်တဲ့ လုပ်ငန်းရှင်တွေအများကြီးရှိပါတယ်။ ဒီတံတားပေါ်က အရေးပါတဲ့နေရာမျိုးကိုဆိုလိုတာမဟုတ်ပါ၊ အခြားလမ်းတွေကအပေါက်တွေပါ။ ကတ္တရာ နဲ့တစ်ခါတည်းမလုပ်နိုင်ရင်တောင် အုတ်ခဲကျိုးလေးတွေ ထည့်ပြီးထုထားလိုက်ရင် အပေါက်ပြေသွားတဲ့အပြင် ထပ်ပြီးတော့လည်းကြီးမလာနိုင်တော့ပါ။အပေါက်သေးလေးတွေကိုမပြုပြင်ပဲထားလို့ တဖြည်းဖြည်းကြီးလာရတာပါ။ ဒီနေရာမှာဌာအခန်းကဏ္ဍက အရေးကြီးလာပါပြီ။ စိတ်ပါဝင်စားတဲ့ ပြည်သူက ကောင်းအောင်လုပ်တာကို လုပ်ခွင့် မရှိဘူးဆိုပြီးပြဿနာရှာတတ်ကြတာပါ။ လုပ်ချင်တယ်ဆိုရင် ဌာနကိုအသိမပေးပဲလုပ်ခွင့်မပြုတဲ့ကိစ္စပါ။တကယ်ဆိုကြိုဆိုရမှာပါ […]