ဂေါင်း(ဦးခေါင်း) ခြင်းဆက်အမွှာအားခွဲစိတ်ကုသလိုခြင်း
ဂေါင်း(ဦးခေါင်း) ခြင်းဆက်အမွှာအားခွဲစိတ်ကုသလိုခြင်း
ဦးခေါင်းခြင်းဆက် အမွှာ ထဲမှ တစ်ဦးရဲ့ပြောကြားချက်ကို ရွာသူားများသိစေရန်နှင့်
အကြံပေးနိုင်ရန် ဖော်ပြလိုက်ပါတယ်။
ကျနော်တို့ က ဦးခေါင်းဆက် အမွှာညီနောင်ပါ၊ ကျနော်က အကြီးပါ။
ကျနော်တို့မှာ အကိုနှစ်ဦးနဲ့ ညီမတစ်ဦးရှိသေးတော့ စုစုပေါင်းမောင်နှမ ငါးဦးပေါ့။
ကျနော်တို့အမွှာနှစ်ဦးမှာ ဦးနှောက် ကတော့တစ်ခုတည်းဖြစ်နေပြီး
အဲဒါကို တခြမ်းစီ ခွဲသုံးနေရတာ အရမ်းအခက်အခဲရှိပါတယ်။မလွယ်ပါဘူး။
ဒါကြောင့် ခွဲစိတ်ကုသမှုခံ ချင်နေတာပါ။
တကယ်လို့ခွဲစိတ်ကုသမယ်ဆိုရင် ဒီဦးနှောက် ကိုတခြမ်းစီပါအောင် ခွဲစိတ်မှ
နှစ်ဦးစလုံးအတွက်အဆင်ပြေမှာပါ။ အဲလိုခွဲစိပ်လို့ ရနိုင်ပါ့မလား။
နှစ်ဦးစ လုံးသေများသွားနိုင်သလား၊ ရှင် ရင်ကော ဦးနှောက်တခြမ်းစီဆိုတော့
ကျပ်မပြည့်ပဲ ရူးများ ရူးသွားမလား။
ဘာဖြစ်လု့ိ ခွဲစိပ်ချင်ရတာလည်းဆိုတော့ ကျနော်တို့တွေက စာရေးရတာဝါသနာပါတယ်လေ။
ဒါကိုဟိုကောင်ပြောပြီးလို့ ခင်ဗျားတို့လည်းသိလောက်နေပါပြီ။
စာရေးတယ်ဆိုတာ အရမ်းခေါင်းသုံးရတာမဟုတ်လား။
စာရေးဆရာတွေဟာ အပျင်းတွေလို့ တချို့ကပြောသေးတယ်၊ဘယ်ကဟုတ်ရမလဲ။
တခြားအလုပ်တစ်ခုလုပ်နေရင် ဘာရေးရမလဲ၊ဘယ်လိုရေးရမလဲ အမြဲတွေးနေရတာပါ။
တခါတလေ လုပ်နေတဲ့အလုပ်ထဲတောင် အာရုံမရောက်ပါဘူး။ လဘက်ရည်ဆိုင်ထိုင်ရင်း
မိတ်ဆွေက ပြောနေတာကို အင်းလိုက်နေပေမဲ့ ခေါင်းက
ဇာတ်ကွက်အလှည့်အပြောင်းကိုစဉ်းစားနေရတော့လူက အူကြောင်ကြောင်
လိုဖြစ်နေတယ်။မိတ်ဆွေကတောင် ဟေ့လူခင်ဗျားဘယ်လိုဖြစ်နေတာလဲ၊
နေမကောင်းဘူးလားလို့ မေးရလောက်အောင်ကို အမူအရာပျက်တာပါ။
စာရေးတာကတော့ ဟိုကောင်က စာအရင်ရေးတာပါ။ ကျနော်က နောက်ကျမှရေးတာ။
ကျနော်တို့က အမွှာမို့ စာရေးဝါသနာပါတာ တူနေတာမဟုတ်ပါဘူး။
မျိုးရိုးလိုက်တယ်ခေါ်မလား၊ ကျနော်အကိုတွေလည်း စာရေးပါတယ်။
ညီမကလည်းစာရေးပါတယ်။ အဲဒါကထားပါတော့။
တကယ်လို့ ဦးနှောက်ကိုတခြမ်းစီခွဲလို့ မရဘူးဆိုဘယ်လိုလုပ်ရမလဲ။
ဒီလိုပဲ မခွဲမစိပ်ပဲ ရေရင်းအတိုင်း နေလိုက်ရမှာလား။
တစ်ဦးအသေခံရမယ်ဆိုရင် ဘယ်ကောင်ကို သေခိုင်းရမလဲ။
ဟိုကောင်ကိုသေခိုင်းတာကောင်းမယ်ထင်တယ်။
ဟိုကောင်ကတော့ ကျနော်ကိုသေခိုင်းနေတယ်။
သူ့ကိုသူလည်း ကိုယ်တိုင်တွေးပြီး ရေးတာ၊ ကိုယ်တွေ့ကြုံတာလေးတွေကို
ချရေးပြတာ ဘာဘာညာညာ ပြောနေသေးတယ်။
အလကားပါ၊ အကြောင်းမရှိအကြောင်းရှာ ဟိုနတ်မကောင်းကြောင်း၊
ဒီနတ်မကောင်းကြောင်းလျှောက်ပြောနေတာ။ ဘယ်အချက် နတ်အကိုင်ခံရမယ်မသိဘူး။
နတ်ကတော့ သူပြောသလို မကိုင်နိုင်ဘူးဆိုရင်တောင် ယုံယုံကြည်ကြည် ကိုးကွယ်နေတဲ့
သူတွေက သောက်မြင်ကတ်ကတ်နဲ့ ကိုင်ထဲ့လိုက်မှာမြင်ယောင်မိသေး။
ကျနော့်ကျ တော့ ဟိုကကူးချ၊ ဒီက ကူးချ၊ ဟိုစာအုပ်မှီညမ်းရေးဒီစာအုပ်ကိုတုပရေးလုပ်နေတာတဲ့။
ဟုတ်တယ်လေ စာရေးတယ်ဆိုတာ” စု တု ပြု “လုပ်ရတယ်လို့
ရှေ့က စာရေးဆရာကြီးများကပြောသွားတာပဲ။
ကျနော်ရေးတဲ့ “ယေ်ာကျားဆိုတာ” ဆိုတဲ့ တပုဒ်က ကလျာအတိုဆုံးဝတ္ထုထဲက
စာတပုဒ်ကို ဇာတ်ကွက်ကိုရှေ့နောက်ပြောင်းပြီး တုရေးထားတာ။ ဇာတ်လမ်းနာမည်တော့
မမှတ်မိတော့ဘူးအဲဒါဘာဖြစ်သလဲ။ ဆာအာသာကိုနင်ဒွိုင်းရေးတဲ့ ရှားလော့ဟုမ်း
ဝတ္ထုတွေကိုတောင် ဦးစံရှားနဲ့ သိန်းမောင် ဆိုပြီးရေးခဲ့ကြသေးတာပဲ။
ကာတွန်းအောင်ရှိန်ကလည်း ဦးရှံစား
ဒိန်းဒေါင်ဆိုပြီးကာတွန်းပြန်ရေးတယ်။ ဆရာကြီးမင်းသိင်္ခ ရေးတဲ့ ဆားပုလင်းနှင်းမောင်
ဝတ္ထုတွေဟာလည်း ဒီဇာတ်ကွက်တွေပါပဲ။ မှီငြမ်းရေးတဲ့ကိစ္စဟာပြဿနာမဟုတ်ပါဘူး ။
ဒါကြောင့် ရသ ရေးတဲ့ ကျနော်ပဲ ရှင်သင့်တာပေါ့၊ ဟုတ်ဘူးလား။
နောက်ပြီး သူက အရင် စာစရေးတာတဲ့၊ အဲဒါဘာဖြစ်သလဲ ။
ကျနော်က ၇.၁၀.၂၀၁၁ နေ့မှ စာစရေးဖြစ်တယ်။
အခုလည်းသူက အရင်ဦးအောင်ရေးထားသေးတယ်လေ။
ဘာပဲဖြစ်ဖြစ် ကျနော်တို့ ကအတူတူမွေးခဲ့ကြတာပဲ။
ရက်ကတော့မမှတ်မိတော့ဘူး။ စက်တင်ဘာလရဲ့ ပထမပတ်ထဲမှာတော့သေချာတယ်။
အခုဆို ကျနော်တို့ အသက်က ၃ လရှိပြီ။ ခွဲစိတ်ဖို့အတွက် ၃ လ ဆိုတာ
ကျနော်တို့ရဲ့သက်တမ်းနဲ့ဆို မငယ်ဘူးထင်ပါတယ်နော်။
ကျနော်တို့ ကလူတွေ မဟုတ်ဘူး၊ ကြောင်တွေဆိုတာ ဟိုကောင်ပြောပြထားလို့
သိတယ်မဟုတ်လား။ ကျနော့် နာမည်ကြောင်လတ်လို့ခေါ်ပါတယ်။
သူသေသင့်သလား၊ကျနော်သေသင့်သလား။ဒီတိုင်းပဲနေရမလား။
ကဲ ဘယ်လိုလုပ်ရမယ်ဆိုတာကို ကူညီပြီးပြောပြပေးကြပါအုံး။
ကျေးဇူးတင်ပါတယ်။
ကြောင်လတ်။
10 comments
htoosan
December 17, 2011 at 9:28 am
Both.
htoosan
December 17, 2011 at 9:31 am
😀 ထုံးစံအတိုင်း စာ ကျန်သွားလို့ ။
“သူသေသင့်သလား၊ကျနော်သေသင့်သလား” Both .
ဦးဦးပါလေရာ
December 17, 2011 at 10:53 am
ကျုပ်က တခြားနည်းနဲ့ ခွဲစိတ်ကြည့်ချင်တယ်။
ကြောင်တကောင်ကို ခေါင်းအခွံချည်းပဲ (မျက်နှာပါထည့်)ပေးလိုက်။
နောက်တကောင်ကို ဦးနှောက်ချည်းပဲ ဖန်လုံးထဲထည့်ပြီး တပ်ပေးလိုက်။
ပထမကြောင်က ဦးထုပ်ဆောင်းပြီး စစ်ဗိုလ်လုပ်-
ဒုတိယကြောင်က (ဖန်လုံးကြီးမို့)မျက်နှာပြောင်ပြောင်နဲ့ ကုန်သည်လုပ်-
ဘယ့်နှယ်လဲ
သဘောတူရင်မြန်မြန်လက်မှတ်ထိုးကြ
သူများတွေ နှစ်ဆယ့်သုံးနှစ်ရှိပြီ
နောက်ကျနေမယ်နော 😀 😀
ကြောင်ကြီး
December 17, 2011 at 11:40 am
ကြောင်လတ်၊ ကြောင်လေး နှစ်ကောင်စလုံး သေလို့မဖြစ်သေးဘူးကွဲ့။ ….. မသေရခြင်း အကြောင်းက အချိန်မတန်သေးလို့။ မြန်မာပြည်မှာ တောက်တဲ့ မျိုးတုန်းသွားရင် တရုတ်ကြီး ကြောင်တွေဖက် လှည့်လာလိမ့်မယ်။ အဲဒီကြရင် မသေချင်လို့ကို မရဘူး၊ သေရစေ့မယ်။ 😎
windtalker
December 17, 2011 at 2:22 pm
တစ်ယောက် ဓါးတစ်ချောင်းစီ နဲ ့ ခုတ်ကြ ရင် တစ်ခြမ်းစီတော့ ဖြစ်လောက်တယ် ထင်ပါရဲ ့
ကြေးမလောင်
December 17, 2011 at 5:46 pm
ဟယ် ကြောက်စရာ ကောင်းလိုက်တာ.. ဟိုမှာလဲ ကြောင်ကို ဘာလုပ်မယ် ညာလုပ်မယ်တဲ့.. ဒီလူကြီး စိတ်ဓါတ် တော်တော် ကြမ်းတမ်းတာပဲ..
small cat
December 17, 2011 at 2:51 pm
ကိုထူးဆန်းက တ္တောထားတယ်လာ့။
ဦးဦးပါလေရာ ပြောချင်တဲ့အဓိပ္ပါယ်ကိုရေးတေးတေးပဲသဘောပေါက်တယ်။
သေချာလေးအဓိပ္ပါယ်ဖွင့်ပြပါလား၊ခွစ်ခွစ်
ကိုကြောင်ကြီး က အမေလိကားမှာနေတယ်ဆိုတော့ အသက်ဘေးမပူရဘူးပေါ့။
ကိုပေ ကကြောင်သေား အမြည်းလုပ်ဖို့ ထိုင်စောင့်နေတာထင်တယ်။
MaMa
December 17, 2011 at 5:37 pm
တကယ်များလားလို့ ဝင်ဖတ်ကြည့်လိုက်တာ 🙂
jaryitt
December 17, 2011 at 6:30 pm
windtalker ရေ….။ ကြောင်ကို မကင်ခင် လက်မောင်ကြားထဲမှာရှိတဲ့ ညှီ ဘုလေးကို အရင်ဖယ်ဦး နို့မို့ ကြောင်သားက အရမ်းညှီတာ………….။
windtalker
December 18, 2011 at 12:22 pm
ဟုတ်ကဲ့
အခုလို နည်းပေးလမ်းပြ ရေးပေးတဲ့ အတွက်
အထူးကျေးဇူးတင်ပါသည်
ကျွန်ုပ် မှာ ကြောင်သား မစားသော်လည်း
ကျွန်ုပ် မိတ်ဆွေ ပေါက်၊လူး၊ဂီ၊မှော်၊အီး စသူများအတွက် မှတ်သားသွားပါသည် ။