moonpoemApril 6, 20111min29718
သမီးရေ အလုပ်ကပြန်လာပြီလား ဟုတ်ကဲ့ ဒေါ်လေး ရာသီဥတု ကလည်း ပူလိုက်တာနော် ဒါဆို အိုက်နေမှာပေါ့ကွယ်။ အေးသွားအောင် အပေါ်ထပ်တက်ပြီးကြမ်းတိုက်လာပါလား ဟမ် အမလေး ရင်ထဲကို ဆို ့နင့်သွားတာပဲ သူပြောတာလည်း ဟုတ်တုတ်တုတ် ရာသီဥတု ပူကြောင်း ပြောမိတဲ့ ကိုယ့်ကိုကိုယ်ပဲ ကျွန်တော်မျိုးကြီး သေသင့်ပါတယ်လို ့ပဲ ပြောလိုက်ချင်ပါရဲ ့။ ဒီလိုနဲ ့ထမင်းစားပြီးတော့ လျှာရှည်တဲ့ ပါးစပ်ကပဲ ဟွန်းစားကောင်းလို့လား မသိပါဘူး ဗိုက်လေးလိုက်တာ ဆိုတော့ ဒေါ်လေးက အေးကွယ် ဒါဆိုလည်း လမ်းလျှောက်ပြီးသားလည်းဖြစ် အိမ်လည်းသန့်ရှင်းသွားအောင် တံမြက်စည်းလေး လှည်းလိုက်ပါလားတဲ့။ အင်း ဒီလျှာတစ်ချောင်းကလည်း အငြိမ်မနေမိပါလား။ ပြောချင်တဲ့ဇာတ်လမ်းက အဲဒီမှာ စတာပဲ။ ခဏနေတော့ ကျွန်မအစ်ကိုပြန်ရောက်လာတယ်။ ယောက်ျားလေးတို့ ထုံစံအတိုင်းပေါ့ ညီမလေး ထမင်းခူးပေး ဒေါ်လေး […]