moonpoemJanuary 28, 20141min2559
ရန်ကုန်မြို ့အနှ ံ့Tourသွားသည့် တစ်ရက်ကဖြစ်သည်။ထုံးစံအတိုင်း မီးပွိုင့်မိချိန်တွင် ဂျာနယ် လက်ပွေ ့ရောင်းသူ၊ပန်းရောင်းသူ၊ ပြက္ခဒိန်ရောင်းသူတွေကို တွေ ့ရသည်။ရုတ်တရတ်ဧည့်သည်များက ဟယ် ဒီဟာကဘာလေးတွေလဲ မသိဘူးဟု ရေရွတ်သံကို ကြားလိုက်ရသည်။ကားဘေးနားတွင် ဖြတ်လျှောက်သွားသည်ကို လှည့်ကြည့်လိုက်တော့ ပိတောက်ပန်းခြောက်ခြင်းလေး တွေဖြစ်နေသည်ကို တွေ ့ရသည်။ အခုမှ ဇန်နဝါရီလပင်ရှိသေးသော်လည်း ဧပြီတန်ခူးအတွက်ကြိုတင်ပြီး ရောင်းနေကြပြီ။ ကားဒရိုင်ဘာကတော့ သင်္ကြန်ရောက်ရန်စောနေသည့် အတွက်ပဲလား၊သင်္ကြန်ကို ရင်မခုန်တတ်တာပဲလားတော့ မသိ။ အမလေးဗျာ ဘယ်နှယ့် ပိတောက်ပန်းခြောက်တွေ စောစောစီးစီး ရောင်းနေတယ်မပြောတတ်ပေါင်ဗျာ ပြာသိုရှိသေးတဲ့ဟာကိုဆိုပြီး ပြောသံကိုကြားလိုက်သည်။ ကျွန်မကတော့ မန ္တလေးသူ ဖြစ်နေသည့်အတွက်ပဲလားတော့ မပြောတတ်။ သင်္ကြန်ကို ပိုပြီး ချစ်တတ်သည်ဟု ဆိုလျှင် တခြားမြို ့သူမြို ့သားတွေ ဝိုင်းအော်ကြတာ ခံရမည်လား မသိ။ကိုယ့်မြို ့ ကိုယ့်ရွာအလိုက် […]