moonpoemJune 21, 20141min25211
အဆိုတော် မိစန္ဒီ၏ ရေခဲရိုက်အပြုံးသီချင်းကို ရေခဲချောင်းစက်ရုံတွင် MTV ရိုက်မည် ပြုစဉ် မီးပျက်သွားသဖြင့်ရေခဲမရိုက်နိုင်တော့ဘဲအရည်ပျော်သွားကြောင်း သိရပါတယ်။ ထို ့အတွက် ရိုက်ကွင်းမန်နေဂျာမှရေခဲရိုက်အပြုံး သီချင်းအစား ရေခဲချောင်းများအရည်ပျော်နေသောအပုံပေါ်တွင် မိစန္ဒီအားထိုင်ခိုင်းစေကာ ဇော်ဝင်းထွဋ်၏အရည်တွေ ပျော်ကုန်ပြီ သီချင်းဖြင့် အစားထိုး ရိုက်ကူးလိုက်ရကြောင်း သတင်းရရှိထားပါတယ်။ ထို ့နောက် ခိုင်ထူး၏ အားလုံးကို ကျော်ဖြတ်ရမယ် သီချင်းရိုက်ကွင်းတည်နေရာအဖြစ် ရွေးချယ်ထားသည့် ရန်ကုန်၊မော်လမြိုင် အဝေးပြေးလမ်းသည်လည်း တိုးဂိတ်များပြီး ပိုက်ဆံပေးရလွန်းသောကြောင့် ရိုက်ကွင်းမန်နေဂျာအနေဖြင့် အားလုံးကို မပြောနှင့် တိုးဂိတ်ကိုပင် မကျော်ဖြတ်နိုင်ကြောင်း သိရပါတယ်။ ဒီအတွက်လည်း အားလုံးကို ကျော်ဖြတ်ရမယ်သီချင်း အစား အဆိုတော်ခိုင်ထူးမှ တိုးဂိတ်တစ်ခုတွင် ငွေချေနေပုံကို ရိုက်ကူးကာ အဆိုတော်ကော်နီ၏ ရော့ယူလိုက် သီချင်းဖြင့် အစားထိုးရိုက်ကူးသွားကြောင်းလည်း ထပ်မံ သတင်းရရှိထားပါတယ်။ နောက်ဆုံးရ သတင်းတစ်ရပ်အနေဖြင့် အကယ်ဒမီရ […]