“ဒီနေ့ဘယ်လောက်ရခဲ့သလဲ သမီး” “ခြောက်ထောင်ရခဲ့တယ် အဖေ…။ ဒီလောက်နဲ့တော့ မရသေးဘူးအဖေ။ ဒီတစ်ပတ်တော့ပိုရအောင် ပိုကောက်မှရမယ် အဖေရဲ့” ပိုရအောင် ပိုကောက်ရမယ်တဲ့။ ဒီခြောက်ထောင်ရအောင် ဘယ်လောက် အချိန်တွေပေးရတယ် ဆိုတာ မသိကြဘူး။ မနက်စောစောလေးကတင်ပဲ တဲထောင့်မှာထောင်ထားတဲ့ လေးပုံးဝင်ဆာလာအိတ် သုံးအိတ်ကိုထုတ်ပေးလိုက်တဲ့ မပွေးကိုပဲ သူကတော့ အပြစ်တွေတင်နေမိတော့တယ်။ “ငါ့သမီးက အဲဒီခြောက်ထောင်ရအောင် ဖေဖေတို့ဘယ်လိုလုပ်နေခဲ့ရသလဲဆိုတာ မသိဘူးမို့လား။ အဲဒီပိုက်ဆံတွေကိုလွယ်လွယ်ရလို့ ငါ့သမီးတို့ကို လွယ်လွယ်ပေးနေတယ်လို့တော့ မထင်လိုက်နဲ့။ မကြည့်ရက်လို့ပေးနေတယ်ဆိုတာ သဘောပေါက်ရတယ်။ “ “ကိုစိန်” “အသာနေ မပွေး..။ ဒီနေ့တော့ပြောမှရတော့မှာမို့ ငါပြောတော့မယ်။ ငါ့လာမတားနဲ့” မပွေးက စိတ်ပျက်လက်ပျက်အမူအရာနဲ့ မျက်စောင်းတွေပိတ်ထိုးနေတယ်။ ထိုးလည်းမတတ်နိုင်ဘူး။ တဆိတ်ရှိ ဒီအမေ ဒီအဖေကိုတ ၊ ပြီးတော့လည်း အပြစ်တင်ချင်တဲ့ သားသမီးတွေကို သူကြည့်မရတော့တာတော့ သူ့အလွန်မဟုတ်ဘူးလို့ သူထင်တယ်။ စားစရာရှိစားမယ်။ […]