ချွေတာရေးနဲ့ ငွေရှာရေးအတွက် ကိုယ်တိုင်ကျင့်သုံးနေတဲ့ reduce, reuse, recycle နည်းလေးတွေကို ပြောပြချင်ပါတယ်။ ချွေတာရေးဆိုတာနဲ့ စားနေသုံးနေတာတွေကို လျှော့ချရမယ်လို့ ထင်တတ်ကြပါတယ်။ ထင်သလောက် လျှော့စရာမလိုပဲ မလိုတာတွေ၊ ပိုလျှံနေတာတွေကို reduce လုပ်နိုင်ကြောင်း သိစေချင်ပါတယ်။ အတွေ့အကြုံတစ်ခုအနေနဲ့ ပြောပြချင်တာကတော့ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ရှိတယ်။ ကျောင်းတူတူတက် ထမင်းတူတူစားကြတယ်။ သူက သူ့ထမင်းဘူးမှာ ပါလာတာတွေကို ကုန်အောင်အမြဲ စားနေကျပါပဲ။ ဒါပေမယ့် အလှူတစ်ခုကို တူတူသွားကြတဲ့အခါကျတော့ ထမင်းတွေ ဟင်းတွေကို ကုန်အောင်မစားဘူး။ ပန်းကန်ထဲမှာ အများကြီးပဲ ချန်ထားခဲ့တယ်။ ဘာဖြစ်လို့လဲမေးတော့ ကုန်အောင်စားရင် ရှက်စရာကြီးတဲ့။ အဲဒါနဲ့ ကျမကလည်း မနေနိုင်ပဲ နင်ဒီလို ထားခဲ့တာကမှ အလှူရှင်ကို စော်ကားရာရောက်မှာ။ သူက စေတနာနဲ့ အကုန်ခံပြီး ကျွေးမွေးတာကို နင်က လွှင့်ပစ်တယ် […]