ခင္ခNovember 15, 20131min21412
မေးပါရစေ မိတ်ဆွေတို့ရေ   စက်ရုံတစ်ခုကို အကြီးအကဲတွေ လာကြည့်တော့မယ်ဆိုရင် ဧည့်ခံဖို့နေရာ ကျွေးဖို့စားစရာ လှည့်ကာကြည့်မဲ့ ဝန်းကျင် စိမ်းလန်းစိုပြေရေး သားသားနားနားအမြင်တင့်တယ်ရေးအတွက် စက်ရုံကသူတွေ အလုပ်တွေရှုပ် ယောက်ယှက်တွေခတ်နဲ့ လူတိုင်းနီးပါးအလုပ်ကိုယ်စီ တာဝန်ကိုယ်စီ လုပ်နေကြပေမယ့် မောင်ပြူးတစ်ယောက် ကတော့ စီးကရက်လေးဖွာကာခဲပြီး လဘက်ရည်ဇိမ်နဲ့သောက် မပျက် အေးဆေးထိုင်နေလျှက်ပေါ့။ စက်ရုံမှုးကပြောလည်းသူကတော့ မဖြုန်နဲနဲမှမလှုပ် ဟီးဟားနဲ့ ငုတ်တုတ်ရှိလေတဲ့သူပါဘဲ။ အဲ အကြီးအကဲ ရောက်လာပြီဆိုရင် ဝန်ထမ်းဆိုတဲ့အတွင်း စိတ်သဘောကလည်း အကြီးအကဲကို မျက်နှာလုပ်ကာ ဖားချင် ပြုချင် အကြီးအကဲမမြင်မှာစိုးလို့ မြင်သာတဲ့နေရာကနေ နုတ်ဆက်ချင်ကြတာလေ အဲဒီအချိန်မှာတော့ မောင်ပြူး တစ်ယောက်ဘာလုပ်နေလဲသိလား အကြီးအကဲ သွားလာနေထိုင်ရာနေရာကနေ ခပ်ဝေးဝေးလည်း မဟုတ် အနီးနားလည်းမဟုတ် မြင်သာထင်သာတဲ့နေရာမှာ ချွေးတစ်လုံးလုံးကျအောင် အလုပ်တွေကို ခေါင်းမ ဖော်တမ်း လုပ်ပြနေသပေါ့ဗျာ။ အဲဒီကျ […]