thihayarzarJune 5, 20121min1646
အပျော်ဆုံးအချိန် ကျောင်းတော်ရယ် ဖွင့်ကာစမှာ ကျွန်တော်ဘဝစိုပြည်လာ မျိုးတကာ ပေးပါတဲ့ မုန့်  ဖိုးပေါင်း အိတ်ကပ်ဖောင်း သယ်မနိုင်အောင်ပါပဲ တွန်းလှည်းဖြင့်ကူ။ ဒါပေမယ့် ဘာကြာလိုက်သလဲ မန်ယူ ပွဲ အဆွယ်ကောင်းရယ်နဲ့ ပိုကာတွဲ အတော်မလိုက်သပ တစ်ပြားမှ မကျန် …။ မျက်ဖြူလန် အကြံအိုက်လှသပေါ့ ညဉ့်နက်ထိ အိပ်မပျော် ဪ မထူးတော့ပါဟု လက်စွပ်ရယ် ထုခွဲလို့  ရယ်မှ ဆိုင်ကယ်က အပေါင်ဆိုင် ဒီတစ်ခါမနိုင်ရင်တော့ ဟောင်ပေတော့ တဝုတ်ဝုတ်နဲ့ ခွေးဖြစ်ချည်ရဲ့ နာရီတွေတကြည့်ကြည့် နေမထိထိုင်လို့  မသာ ပေါ်ပါပြီ G0al Score မန်ယူပွဲ ( ၄ – ဝ ) တဲ့ အလုံးကြီးရင်မှာကျ လက်ခုပ်တီးထလို့ ခုန် ပုံအောကာယုံမိသူ ကျွန်တော်မှာလ ဂိုးသွင်းသူ […]


thihayarzarJune 2, 20121min1617
ဆွေမျိုးဉာတိ၊ ငွေမရှိက ခင်မင်တရား၊ လွန်နည်းပါးရွေ့ လောကလူ့ရွာ၊ ငွေမျက်နှာသည် လူကိုမခင်၊ ငွေကိုခင်၏  …. လူတို့သည် ဆွေမျိုးရင်းပင်ဖြစ်လင့်ကစား ငွေမရှိလျှင် အပေါင်းအသင်းမလုပ်ချင်ကြ၊ မခေါ်မပြောချင်ကြ၊ ရွှေရှိမှမျိုးတော်ချင်ကြသည်။ ငွေရှိမှလူရာဝင်ကြသည်။ ရွှေငွေရှိသော အမျိုးအိမ် နှင့် ရွှေငွေမရှိသော အမျိုးအိမ် နှစ်အိမ်ယှဉ်ကြည့်ပါ .. ရွှေငွေရှိတဲ့အိမ်မှာ အမျိုးတွေ ဝင်ချီထွက်ချီပါ  ကောင်းတာလေးတွေပြောသွား မြှောက်ပင့်ပြီး ဆန် ဆီ ဆား ကြက်သွန် စတာတွေကို တောင်းရမ်းယူဆောင်လို့ရသောကြောင့်ဖြစ်သည်။မရှိတဲ့အိမ်ကတော့ သွားရင်ကိုယ့်ဆီကပါ ပြန်ပါမှာစိုးလို့ မသွားကြဘူး ..ဒါကြောင့်ငွေသည် လူတိုင်းအတွက် ရင်အေးစေသောဆေး အသက်ရှည်စေသောဆေး ဖြစ်ပါသည်။ ငွေမရှိလို့ ဒုက္ခရောက်ကြတဲ့သူတွေ မြန်မာပြည်မှာ အများကြီးပါ … လူသားအချင်းချင်း မိမိရှိတာလေးတွေကို ခွဲဝေမျှတ သုံးစွဲကြပါ။ မိမိကတော့ ကေတီဗီ နေ့တိုင်းသွား ဘီယာဆိုင်နေ့တိုင်းရောက် […]


thihayarzarJune 1, 20121min39535
ပြိုလဲနေတဲ့ အိမ်ကိုလည်း ပြန်ဆောက်ပေးမယ် ကျောင်းထုက်ထားတဲ့ကလေးတွေကိုလည်း ကျောင်းပြန်တက်နိုင်အောင်ဆက်ထားပေးမယ် ခင်ဗျားဖြစ်နေတဲ့ ရောဂါကိုလည်း ကျွန်တော်တို့ဘုရားရဲ့မေတ္တာနဲ့ပေါင်းစပ်ပြီး သက်သာပျောက်ကင်းတဲ့အထိအထူးကုဆရာသန်တွေနဲ့ကုသပေးပါ့မယ် … အခုလိုပြောရတာကလဲ ခင်ဗျားတို့ရဲ့ ဒုက္ခတွေကို ကယ်တင်ချင်လို့ပါ .. ဒီလိုကယ်တင်တဲ့နေရာမှာလည်း ကျွန်တော်တို့ဘုရားကို ကိုးကွယ်ယုံကြည်မှ ဖြစ်နိုင်မှာမို့ပါ … အဲဒါ ခင်ဗျားတို့မိသားစုအနေနဲ့ စဉ်းစားပြီးရင် ကျွန်တော်တို့ နောက်တစ်ခေါက်ထပ်လာရင် အကြောင်းကြားပေးပါ … ကိုကြည်လွင်တို့မိသားစု မမျှော်လင့်တဲ့အချိန်မှာ မမျှော်လင့်တဲ့စကားကို ကြားလိုက်ရတော့ စိတ်ထဲမှာ တုန်လှုပ်ခြောက်ခြားသွားပါတယ် .. မိမိတို့ ငယ်ငယ်လေးထဲက အရိုးစွဲအောင် ယုံကြည်ခဲ့တဲ့ ဘာသာတရားကို စွန့်လွှက်ပြီး စားဝတ်နေရေး၊ ကျန်းမာရေးကြောင့် အခြားဘာသာတရားကို ကိုးကွယ်ယုံကြည်ရမယ်ဆိုတာ အိမ်မက်တောင်မမက်ခဲ့ပါဘူး .. အခုတော့ဘယ်လိုမှ ထင်မထားတဲ့အရာတွေက စိတ်ကို မွန်းကြပ်စေခဲ့ပါတယ် … ကိုကြည်လွင်အနေနဲ့ စဉ်းစားစရာအချက် နှစ်ချက်ပေါ်လာပါတယ် အဲဒါကတော့ […]


thihayarzarJune 1, 20121min18613
ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာနေတဲ့ ကိုကြည်လွင်+မခင်အုံးမြင့် မိသားစုအကြောင်းကို ပြောပြချင်ပါတယ်..သူတို့မှာ သားသမီး ခြောက်ယောက်ရှိပါတယ် .. အကြီးနှစ်ယောက်က အိမ်ထောင်ကျသွားလို့ မိဘတွေနဲ့အတူတူမနေတော့ဘူး …ကျန်တဲ့လေးယောက်ကတော့ မိဘတွေနဲ့ အတူတူနေတယ် .. သုံးယောက်ကကျောင်းတက်နေတုန်းပဲရှိသေးတယ် ..ကိုကြည်လွင်ဟာရိုးသားဖြူစင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်.. အရက် ဆေးလိပ် ကွမ်း လုံးဝ မစားပဲ သားသမီးတွေအပေါ်မှာ အလွန်တာဝန်ကျေပွန်တဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ် .. အသက်ငါးဆယ်လောက်အရောက်မှာတော့ ကိုကြည်လွင်ရဲ့ဘသကျဆုံးချိန်ကို ရောက်လာခဲ့တယ်… တစ်နေ့မှာ ကိုကြည်လွင် ခန္ခာကိုယ်တစ်ခြမ်း လေဖြတ်သွားပြီး အိပ်ယာထဲမှာပဲ ဘုန်းဘုန်းလဲခဲ့ရပါတယ် … တစ်မိသားစုလုံးက ကိုကြည်လွင် လုပ်စာနဲ့ ဘဝရပ်တည်နေရတော့ မိသားစုစားဝတ်နေရေးဟာ တော်တော်လေးကျပ်တည်းသွားခဲ့ရပါတယ် ..ကိုကြည်လွင်ရဲ့ရောဂါကိုလည်း ရှိတာလေးထုခွဲရောင်းချပြီး ကုသပေးပေမယ့် ထူးခြားခြင်း မရှိခဲ့ပါဘူး.. မခင်အုံးမြင့် အနေနဲ့လည်း အိမ်ထောင်ကျတာကတည်းက ဘာလုပ်ငန်းမှ လုပ်ကိုင်ဖူးတာမဟုတ်ပါဘူး..ဒါပေမယ့် မိသားစု စားဝတ်နေရေး အတွက် […]


thihayarzarMay 24, 20121min32818
ကျွန်တော်တို့မြန်မာနိုင်ငံရှိသူများသည် အလိုလောဘ အလွန်ကြီးကြသည် … အကုန်လုံးကိုတော့ မဆိုလိုပါ … ရတာလေး ရှိတာလေးနဲ့ ရောင့်ရဲ တင်းတိမ် အောင် မနေထိုင်ကြဘူး … ဗုဒ်ဓရဲ့တရားတော်ကို မလိုက်နာရာ ဆန့်ကျင်ရာလည်း ကျတယ် ….. သူများမကောင်းတာကိုပဲ မြင်ပြီး မိမိ မကောင်းတာကိုကျတော့ မမြင်တက်တဲ့ တစ်ဖက်ကန်းတွေပဲဖြစ်ပါတယ် …. မန်းလေး ရန်ကုန်မှာ မီးမလာတဲ့ကိစ္စနဲ့ ဆန္ဒပြတယ် တစ်ခြားမြို့တွေတော့ မသိပါဘူး …. အားလုံးကိုတော့ အကောင်းဆုံးဖြစ်စေချင်တာပေါ့ … တစ်နိုင်ငံလုံးကို အလင်းရောင်တွေပေးချင်တာပါပဲ ….. မဖြစ်နိုင်လို့ မပေးနိုင်လို့ မရှိလို့ မရလို့ မီးမလင်းတာကို ဆန္ဒပြကြတယ် … တော်တော်လည်း စိတ်ပျက်စရာကောင်းတဲ့သူတွေ ထမင်းစားပြီး ဗုဒ်ဓဘာသာနိုင်ငံမှာနေပြီးတော့ အသိတရားမရှိတဲ့သူတွေဖြစ်နေကြတယ် …. ဒီမိုကရေစီကျလိုချင်တယ် မီးကျ၂၄နာရီလိုချင်တယ် လောဘတွေကတော့ […]


thihayarzarSeptember 6, 20101min831
လူမထွက်ဘူး ဒကာမတစ်ယောက်သည် ဘုန်းတော်ကြီးကျောင်းသို့လာရာ ဘုန်းကြီးက ။ ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုံး။ ဒကာမ ။ ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။ ဘုန်းကြီး ။ ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှမရှိဘူးဟ။ တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက် ဟာဘယ်သူက မွေးတာတုံးဟ။ ဒကာမ ။ ။ တပည့်တော်မက မွေးတာပါဘုရား။ ဘုန်းကြီး ။ ။ အိမ်း တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။ ဒါကဒီလိုရှိပါတယ်။ မောင်ခွေးသည် အိမ်စာစာအုပ်ကို ဆရာအားပေးလိုက်ရာ ဆရာက မောင်ခွေး၏ စာအုပ်ကို သေသေချာချာ ကြည့်ပြီးနောက် “ဟေ့ မောင်ခွေး။ ဒီဟာ မင်းရေးတာလား။ မင့်အဖေလက်ရေးနဲ့တူနေပါလား။ မင်းဘာပြောချင်သေးသလဲ။” မောင်ခွေးသည်အတန်ငယ်တွေနေပြီးနောက် […]