တကယ်တော့ ကျွန်တော်တို့တွေဟာ လေထဲမှာ တိုက်ဆောက်နေ ကြတာပါပဲတဲ့။ စိတ်ကူး အိပ်မက်တွေနဲ့ မျောလွင့်နေကြပြီး အဲဒီအိပ်မက်ကနေ နိုးထဖို့ကိုတော့ ဘယ်သူမှ မကြိုးစားခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ရက်တွေ ၊ လတွေ၊ နှစ်တွေနဲ့အချိန်တွေ ကုန်လွန်ခဲ့ကြတယ်။ အိပ်မက်ဟာ အိပ်မက်အဆင့်တွေမှာသာရှိနေပြီး လက်တွေ့လောကမှာတော့ အကောင်အထည်မဖော်ဖြစ်ခဲ့ကြပါဘူး။ ဒါကြောင့် လူတိုင်းက ကျွန်တော်တို့ကို သတ်မှတ်ကြတယ်။ စိတ်ကူးနဲ့ရူးနေကြသူများတဲ့။ နောက်တစ်ခုက လေဖမ်းဒန်းစီးနေကြသူများတဲ့။ ကျွန်တော်တို့ ကိုယ်တိုင်တောင် ဘာမှန်း ခွဲခွဲခြားခြား မသိနိုင်သေးခင်မှာပဲ ပတ်ဝန်းကျင်က တပြေးညီသတ်မှတ်လိုက်ကြတာပါ။ ဒီလိုဆိုတော့ ကျွန်တော်တို့ကိုယ်တိုင်ဟာလည်း…။ (၁) ရည်မှန်းချက်တွေဟာ ကျွန်တော်တို့ရဲ့ အသက်လို့တင်စားကြတယ်။ ပန်းတိုင်တစ်ခုကိုရောက်ဖို့ ရည်မှန်းချက်ဆိုတဲ့ လှေကားတစ်စင်းတော့ လိုအပ်တယ်။ ငယ်ရွယ်စဉ်ကလေးဘဝကနေ ကျွန်တော်တို့ ခုလက်ရှိအထိအောင် ထားခဲ့ကြတဲ့ ရည်မှန်းချက်တွေ ဘယ်နှစ်ခုရှိနေပြီလဲ။ သေချာတာကတော့ တစ်ခုထက်မက […]