manawphyulayJuly 8, 20111min16110
အမြင်ဒီဇိုင်းပညာရပ်ဆိုတဲ့ Visual Art & Design ကိုတော့ အခြေခံအားဖြင့် သိနားလည်ထားဖို့လိုပါတယ်။ အမြင်ဒီဇိုင်းပညာဟာလည်း အနုပညာက ရှေးဆုံးကလို့ ဆိုလို့ရပါတယ်။ အင်း ဒါကြောင့် အနုပညာ ပါရမီရှင်များအဖို့တော့ အမြင်ဒီဇိုင်းဆိုင်ရာ အမြင် ခံစားနိုင်မှု၊ နားလည်သဘောပေါက်မှု၊ ဖန်တီးနိုင်စွမ်းဆိုတဲ့ အရာတွေဟာ မွေးကတည်းက ပါလာကြတာမို့ ဒီပညာရပ်ကို သိမထားပဲ ဖန်တီးနိုင်ကြပါတယ်။ ထူးခြားတဲ့ အနုပညာပါရမီရှင်များကို ချွင်းချက်ထားပြီး ဒီဇိုင်းပညာရပ်ကို တကယ်ဝါသနာပါ လိုက်စားလိုသူတွေအတွက် အမြင်ဒီဇိုင်းပညာရပ်ရဲ့ အခြေခံတွေကို မသိလို့ မဖြစ်နိုင်ပါဘူး။ ဒီပညာရပ်မှာ အရေးအကြီးဆုံးထားပြီး ပထမဆုံးအနေနဲ့ သိနားလည်ဖို့ လိုအပ်တာကတော့ ခံစားနားလည်မှု၊ ဝေဖန်အကဲဖြတ်နိုင်မှု စွမ်းရည် Appreciation ပါပဲ။ ဒီဇိုင်းတစ်ခုကို မြင်တဲ့အခါ ဒီဇိုင်းရဲ့အလှအပကို ခံစားနားလည်နိုင်မှု စွမ်းရည်ရှိမှသာ ကိုယ်ကိုယ်တိုင် ဒီဇိုင်းဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် […]