လူသားအားလုံး နေ့စဉ်အလုပ်အကိုင်များနဲ့မအားမလပ် စားသောက်နေထိုင်ရေးတွက်ကြိုးစားနေကြရပါတယ် ။ လူဝင်ဆံ့နေနိုုင်ရေး လူတန်းစေ့နေနိင်ရေးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရုန်းကန်လှုပ်ရှားနေကြပါတယ် ။ ပစ္စည်းဥစ္စာ ပြည့်စုံကြွယ်ဝသူတွေကလဲ ပိုပြီးပြည့်စုံအောင် လှူတန်းနိင်အောင် ရှာဖွေကြိုးစားနေကြပါတယ် ။ လူ့သက်တန်းတစ်လျှောက်အလှုတွေပြုကြတာ ဘယ်ဘာသာတရားမှာမဆိုပါ ။ အလှူရေစက်လက်နဲ့မကွာလှူနိုင်ဖို့တွက်ကလဲ ဥစ္စာငွေကြေးဆိုတာ လိုလာပြန်ပါတယ် ။ ဥစ္စာရှာတော့လည်း နောက်ကွယ်က လောဘဆိုတာလေးပါလာပြန်တော့တာပါပဲ ။ တစ်ချို့ပြောကြပါတယ် အလှူလုပ်တာ ကုသိုလ်လုပ်တာဘာတွက်လုပ်သလဲမေးရင် သေရင်ကိုယ့်နောက်ပါမှာမို့လို့တဲ့ ။ အဲဒါကျတော့ အတ္တစိတ်ဖြစ်မသွားပါဘူးလား ။ ကိုယ့်အတွက်ရည်ရွယ်ပြီးလှူနေတာပါပဲလေ ။ ဒါဆိုအကုသိုလ်လုပ်သူတွေကရော သေရင်ကိုယ့်နောက်ပါအောင် အကုသိုလ်လုပ်နေတာပဲလား ။ အဲလိုမေးရင်တော့ မတတ်သာလို့လုပ်ရတာပါ စိတ်ထဲကမပါဘူးလို့ဖြေကြမှာမလွဲပါဘူး ။ သေရင်ကိုယ့်နောက်ကို ပါပါ မပါပါ စေတနာသုံးတန်ပြတ်သားပြီး လှူနိုင်ဖို့တွက်ပဲ လိုပါတယ် ။ သေခြင်းတရားရဲ့နောက်ကွယ်မှာဘာတွေရှိနေလို့များလူတွေကြောက်နေကြတာပါလဲ ။ သေခြင်းတရားရဲ့နောက်ကွယ်မှာ ပူလောင်တဲ့အရာတွေရှိသလို […]