ယုံကြည်မှု နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာတရားက ကတိကဝတ်နဲ့ ရိုက်ချိုးခံရတယ်။။ လူတွေက သစ္စာတရားကို စာရွက်တစ်ခုပေါ်က ခြစ်ရာတစ်ခုထက် ပိုမြတ်နိုးကြတယ် အဖေ………… ကန်တော့ပွဲနဲ့ မိသားဖသားပီပီ အဖေလာခဲ့စဉ်တုန်းက ပေးခဲ့တဲ့ ကတိနဲ့ ဘုရားသခင်ရှေ့မှာ အမေက နာသည်ဖျားသည် အိုမင်းသည်ထိလို့ ပြောခဲ့တဲ့စကား အဖေရုပ်ခန္ဓာ မီးသဂြိုလ်စက်ထဲ ထည့်တဲ့အထိ တည်ပါတယ်……. ဖောက်ပြားတဲ့ ယောကျာင်္းတွေကြောင့်ပါလို့ ပြောတယ် ဒါပေမယ့် သူတို့တွေ အဲ့ဒီ ကျန်ခဲ့တဲ့ မိန်းမတွေကိုပဲ မြေနိမ့်ရာ လှံစိုက်ခဲ့တာပါ…. တစ်ခုလပ် တစ်လင်ကွာ သုံးလင်ပြောင်းတဲ့ မယား အို…..စုံလို့ သူတို့ပဲ အမည်တပ်ကြတာ… တံခွန်မရှိတဲ့ ရထား လင်မရှိတဲ့ မယား ပြီးတော့ နစ်နာမှာစိုးလို့ ဆိုပြီး သူတို့ပဲ စည်းတွေတားနေကြတယ်…… ငွေရှိမယ့် […]