Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သဒ္ဓါမချို့တဲ့ မြန်မာတို့ရဲ့ ရေဘေးကူညီမှု

ေဟသီAugust 4, 20152min74613

မိတ်ဆက်စာရေးပြီးမှ ရုတ်တရက် နှစ်ရက်လောက် ပျောက်သွားတဲ့ ကျွန်မကို ရွာသူ ရွာသား အားလုံး ထူးဆန်း နေကြလိမ့်မည်ဟု ထင်မိသည်။ တကယ်တော့ ပီပီပြင်ပြင် စာရေးမယ်လို့ စိတ်ကူးပြီးကာမှ အားလုံးသိကြတဲ့ အတိုင်း မြန်မာ တစ်ပြည်လုံး ရေကြီး ရေလျှံ ရေမြှုပ်မှု သတင်းတွေကို မကြားချင်မှ အဆုံး (အစိုးရပိုင် Media များမှလွဲ၍) မြင်သိ ကြားနေကြရသည်။ အတိုးချ နားမယ်လို့ စိတ်ကူးထားတဲ့ သုံးရက်အတွင်း ကွန်ပျူတာ မဖွင့်နိုင်အောင်ကို စိတ်ထဲလေး နေတာက ဒီရေဘေး ကိစ္စ ဖြစ်သည်။ ညဆိုလည်း အိပ်လို့ မပျော်တော့၊ မျက်စိမှိတ်ပြီး အိပ်ဖို့ ကြိုးစားတိုင်း မြန်မာ နိုင်ငံ၏ (၇၈.၆%)က ရေဘေး ခံစားနေရကြောင်း၊ တိုင်းနှင့်ပြည်နယ် (၁၁) ခု မှာ အကူအညီ လိုအပ်နေကြောင်းတွေပဲ ပေါ်ပေါ်လာတော့သည်။ ထို့ထက် ပိုဆိုးသည်က မဟာ အစိုးရ လူကြီးမင်းတို့ က တုတ်တုတ်မျှ မလှုပ်ဘဲငြိမ်နေတော့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ပိုတိုးလာတော့မှာကို စိုးရိမ်ရတော့သည်။

မတတ်သာသည့် အဆုံး ကိုယ်တွေပဲ နိုင်သလောက် ကူကြရအောင် ဆိုပြီး တွေးရင်း နီးစပ်ရာ လက်တို့ရင်း လှူကြဖို့ ပြင်ရပြန်သည်။ တကယ်တမ်းတော့ ထိုကိစ္စက ထင်သလောက် မလွယ်ကူ။ ရေဘေး အထိလည်း မသွားရောက်နိုင်၊ ငွေအင်အားက တိတိပပ မရှိ ဖြစ်ပါ့မလား အတွေးနဲ့ ထပြီး လှုံ့ဆော်ဖို့ မနည်းကို အားမွေးရသည်။ ကျွန်မလက်ထဲ ကံဆိုးစွာနဲ့ လစာက မရောက်သေးတော့ သူများတွေ အလှူငွေ အားကိုးနဲ့ ဘယ်သူ ဦးဆောင်၍ လှူသည်မျိုး လည်း မဖြစ်ချင်တာလည်း ပါပါသည်။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက် ကောင်းမှုကြောင့် ရေဘေးအတွက် ကူဖို့ရာမှာ လုပ်အားပါဖို့ အကြောင်းဖန်ဖြစ်သွားသည်။

ပြီးခဲ့တဲ့ သောကြာနေ့မှ စတင်ပြီး Facebook ကနေ နီးစပ်ရာ သူငယ်ချင်းတွေကို လက်တို့လို့ ရေဘေးအတွက် အလှူခံသည်။ ကျွန်မရော သူငယ်ချင်းတွေပါ ရေဘေး ကျရောက်နေသည့် ဒေသများအထိ မသွားနိုင်ကြသည့်အတွက် သီတဂူ ဆရာတော်ဘုရားကြီး၏ သီတဂူရေဘေးအလှူသို့ တဆင့် ပေးပို့လှူဒါန်းရန် ဆုံးဖြတ်လိုက်ကြသည်။ သောကြာနေ့ညမှ စတင်ကောက်ခံ၍ တနင်္ဂနွေ ညနေ  နောက်ဆုံးထား ပေးပို့ရမည် ဖြစ်သည်။ ထို့အတွက် စနေရော တနင်္ဂနွေပါ ရန်ကုန်မြို့အနှံ့ အလှူခံထွက်တော့သည်။ သဒ္ဓါကောင်းကောင်းနဲ့ လှူဒါန်းကြသည့်အတွက် အဝတ်ထုပ် သုံးထုပ် နှင့် အလှူငွေ ဆယ်သိန်း ကျော်ကျော်လောက်တော့ နှစ်ရက်အတွင်း လှူနိုင်ခဲ့သည်။ သာဓုခေါ်နိုင်ရန်အတွက် သီတဂူ ဗုဒ္ဓတက္ကသိုလ်က အလှူမြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။

DSC_0027[1]

DSC_0031[1]

DSC_0034[1]

 ငွေနှင့် ပစ္စည်း အလှူရှင်တွေက ဤသို့ ဝင်လာမစဲ တသဲသဲ

 DSC_0035[1]

ချယ်ရီရိုးမ ကုမ္ပဏီက သယ်ယူပို့ဆောင်ရေး ဒါနပြုသည်။

DSC_0036[1]

DSC_0025[1]

DSC_0037[1]

ဘုရားသားတော်တွေရဲ့ လုပ်အားဒါန

 မြန်မာလူမျိုးများရဲ့ သဒ္ဓါတရားကို ကျွန်မ ချီးမွမ်းမဆုံး ဖြစ်မိသည် (အစိုးရမင်းများ မပါဝင်ချေ)။ ခဏအတွင်း အလှူပစ္စည်း နှင့် အလှူငွေများ တစ်ပုံတစ်ပင် ဖြစ်ကုန်သည်။ ကျွန်မမှာလည်း နားရက်ကလေး သုံးရက် မည်သို့ မည်ပုံ ကုန်လို့ ကုန်မှန်းမသိခဲ့။ သို့သော် အလှူပစ္စည်းနှင့် ငွေများ ပို့ပေးရန်နှင့် မလုံလောက်သေး။ ရှေ့ဆက်ရမည့် လုပ်ငန်းဆောင်တာများကို တိုင်ပင်ဆွေးနွေးရသေးသည်။ လက်ရှိ အချိန်ကာလ တစ်ခုကိုသာ အလှူရှင် အများစုက အာရုံစိုက်လျက် ရှိကြသည်။ ရေဘေးသင့် ပြည်သူများအတွက် ရင်ဆိုင်ရမည့် အနာဂတ်မှာ ဒုက္ခမနည်းမနောက စောင့်ကြိုလျက် ရှိသည်။ ရေမြှုပ်သွားသည့် အိမ်တွေ၊ လယ်တွေ၊ ယာတွေ၊ ကျွဲနွားတိရစာ္ဆန်တွေ က ရှေ့ဆက်ရမည့် မနက်ဖြန်တွင် ဗလာကျင်းလျက် ရှိသည်။ ဒါတောင် သောက်ရေသန့် ရရှိရေး၊ ဝမ်းရောဂါနှင့် မြွေဆိုး အန္တရာယ်တွေ အတွက်လည်း မည်သည့် ကြိုတင် ပြင်ဆင်မှုများ မရှိချေ။ ထို့အတွက် ကျွန်မတို့ ဆုံးဖြတ်ချက်ချလိုက်သည်။ ကျွန်မတို့ ကနဦး ရေဘေး အလှူကို ရပ်နားလိုက်မည် ဖြစ်ပြီး နောက်ဆက်တွဲ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေ စုကာ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ငယ်ငယ်က သင်အံခဲ့ရတဲ့ စာတစ်ချို့ အမှတ်ရမိသည်။ “မြန်မာပြည်သည် တို့ပြည်” ထိုစာကြောင်း တစ်ကြောင်းထဲ စိတ်ထဲစွဲနေသည်။ ဘယ်သူ ဘာလုပ်လုပ် ကျွန်မ ဂရုမစိုက်တော့။ မြန်မာပြည်သည် ကျွန်မပိုင်သည့် တိုင်းပြည်ဖြစ်သည်။ ကျွန်မ ပိုင်သည့် တည်နေရာ တစ်ခုကို ယိမ်းယိုင်မသွားအောင် ကျွန်မမှာသာ တာဝန်ရှိသည်။ မြန်မာနိုင်ငံသားများ၏ ဒုက္ခသည် ကျွန်မ ဒုက္ခသာ ဖြစ်ချေသည်။ ကျွန်မ ဆွေမျိုးတွေအတွက် သဲတစ်ပွင့် ဖြစ်ဖြစ် အုတ်တစ်ချပ် ဖြစ်ဖြစ် ကျွန်မ ပံ့ပိုးပေးချင်သည်။ မနက်ဖြန်သည် ဘာဖြစ်မည် မသိ။ ဘယ်သူက ဦးဆောင်လိမ့်မည် မသိ။ အခြေအနေက ပိုကောင်းမလား ဆိုးမလားလည်း မသိ။ သို့သော် သေချာသိသည်က ကျွန်မတို့ သွေးစည်းဖို့သာ လိုသည်။ ဘယ်သူ့တာဝန် ဖြစ်ဖြစ် ကိုယ့်နိုင်သလောက်ဝန် ဝိုင်းဝန်း ထမ်းရန် လိုအပ်သည်။ ကျွန်မ တစ်ယောက်တည်း ဒီလို စိတ်ဓာတ်ရှိနေဖို့ မလုံလောက်သေး၊ နိုင်ငံသားတိုင်း ထိုစိတ်ဓာတ်ရှိရန် လိုအပ်သည်။ မြန်မာနိုင်ငံသည် လက်ရှိ အချိန်တွင် နိုင်ငံသားတိုင်း၏ အင်အားကို လိုအပ်လျက်ရှိသည်။ ကြော်ငြာစာတမ်းတစ်ခု လို ပြောရမည် ဆိုလျှင်

” မိတ်ဆွေ သင့်၏ ဉာဏအား၊ ကာယအား  များအား မြန်မာနိုင်ငံတော်မှ အလွန်အမင်း လိုအပ်လျက်ရှိပါသည်။”

13 comments

  • kai

    August 4, 2015 at 12:38 pm

    ကမ္ဘာက..တော်တော်ပျက်နေပြီဗျ..။
    အိန္ဒိယလည်းအခြေအနေတော်တော်ဆိုးတာပဲ..။
    ================
    India floods kill more than 100

    3 August 2015
    From the section India

    A cyclone struck the state of West Bengal, killing 48 people in flood-related incidents

    Heavy monsoon rains in India have killed more than 100 people in the past week and forced tens of thousands of people to take shelter in relief camps, India’s home ministry has said.

    A cyclone struck the state of West Bengal, killing 48 people in flood-related incidents. More than 200,000 people have moved to relief camps.

    India regularly witnesses severe floods during the monsoon season.

    In Myanmar (also known as Burma), floods have left at least 47 dead.

    Wind and rain from Cyclone Komen added to damage in India in recent days.

    Nearly four million people in 10,000 villages have been affected by the floods in the worst-affected Indian state of West Bengal, the home ministry said.

    More than 200 medical teams using 120 boats have reached the flood-hit areas in an effort to prevent the outbreak of water-borne diseases.

    Elsewhere:

    Another 28 flood-related deaths have been reported from northern Rajasthan state. Rescue workers have evacuated nearly 10,000 people to higher ground there.

    Some four million people living in 14 districts in the western state of Gujarat have been affected by floods after heavy rainfall in the last few days.

    At least five people have died in the eastern state of Orissa, where more than 400,000 people are affected by the floods.

    On Saturday, at least 20 people were killed after a landslide in the north-eastern state of Manipur buried a while village.

    India receives 80% of its annual rainfall during the monsoon between June and September.

    Meanwhile, incessant rain over several weeks has led to flooding and landslides in much of Myanmar.

    The refugee camps in Rakhine near the nation’s capital Sitwe – which has been declared a disaster zone – have been damaged. The UN said 140,000 people are living in the camps. Most are Rohingya Muslims.

  • ဟေသီ

    August 4, 2015 at 1:00 pm

    ဟုတ်တယ် ရေတိုနဲ့ သွားလို့ မရတော့ဘူး။ ရေရှည် စီမံကိန်းဆွဲ၊ ပြီး တစ်ယောက်တည်းနဲ့လည်း မရ၊ အများပေါင်းရန် လိုပြီး အဓိက အတ္တသမားနဲ့ ပြီးစလွယ် သမား နည်းအောင်ကို လုပ်ရတော့မယ် ဗျို့

  • မြစပဲရိုး

    August 4, 2015 at 1:15 pm

    ဒီအချိန် မှာ အားလုံး သွေးနီးပြီး စည်းလုံး ကူညီကြတာ တကယ်ဘဲ အားရ စရာပါဘဲ။
    အဆိုးထဲ က အကောင်း တစ်ခုပါ။
    သာဓုခေါ်ပါတယ် ဟေသီ။

    သူကြီး မင်း – မနေ့က အိုဘားမား ရဲ့ ငိုမတတ် ပြောသွားတဲ့ speech ကို နားထောင်ရတယ်။
    ပါတ်ဝန်းကျင်ထိန်းဖို့ ရှင် တို့ US မှာ သူ့လက်ထက် ဥပဒေပြု ဖို့ လုပ်နေတာ။
    ရီပါပလစ်ကန် တွေ ကတော့ အကြီးအကျယ် ကန့်ကွက်နေတာ။

  • ဟေသီ

    August 4, 2015 at 1:27 pm

    ဟုတ်တယ် အရီးရေ၊ ခက်တာက မြန်မာပြည်မှာက ဥပဒေ ထုတ် ပြီးရင် လုပ်ချင်မှ လုပ်တော့တာ၊ ဥပဒေရဲ့ စည်းနှောင်အားက အရမ်းလျော့ရဲနေတယ်။ နောက် နိုင်ငံသားတိုင်း အသိပညာလိုအပ်တယ်။ တကယ်ပြောရင်တော့ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်သွားလိမ့်မယ် ထင်တယ်

  • ကျွန်မတို့ ကနဦး ရေဘေး အလှူကို ရပ်နားလိုက်မည် ဖြစ်ပြီး နောက်ဆက်တွဲ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေ စုကာ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

    ဒီအချက်ကပိုပြီးလိုအပ်တယ်လို့ ကျနော်ထင်ပါတယ်

  • Alinsett @ Maung Thura

    August 5, 2015 at 6:54 am

    ကမ႓ာကြီးဖျားနာအောင် လူတွေပဲ လုပ်ခဲ့တာ
    အခု အဖျားပျောက်အောင် ကမ႓ာကို ကုကြပါအုန်းးး
    နလန်ထူပါအုန်းအံ့

  • ဇီဇီခင်ဇော်

    August 5, 2015 at 9:52 am

    သာဓု သာဓု သာဓု

  • Mike

    August 5, 2015 at 10:58 am

    .အလှူအတွက် သာဓု သာဓု သာဓုပါဗျာ

Leave a Reply