(အေ)ကိုက်နာ(ဇာတ်သိမ်း)……။။။ ဘုရားရိပ်ကအေးချမ်းပေမယ့် ……… ရင်ထဲမှာ တော့ပူလောင်နေတယ် တစ်ခါတစ်ခါထထပြီးဆုတွေပေးနေတဲ့ တန်းဆောင်းထဲက အလှူခံလူကြီးရဲ့ လော်စပီကာထဲက အသံက ကျွန်မကိုလှောင်ပြောင်နေသလိုပဲ…….။။။။။။။။ ဇောတိက အနာထပိဏ် တို့လိုပြည့်စုံကြွယ်ဝပြီးလျှင် အနာမဲ့သူရှင်ဗာကူကဲ့သို့ စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြလျှက် ဒီလင် ဒီမယားဒီသားသမီးနဲ့ အိုအောင်မင်းအောင်ပေါင်းသင်းနိုင်ကြကာ ဆတက်တပိုးတိုးလို့လှူဒါန်းနိုင်ကြပါစေဗျာ။။။။။။။…….. ကျွန်မ ဇောတိက သူဌေးကြီးကိုမမြင်ဘူးပါ ၊ ရှင်ဗာကူ ကိုလည်း မဖူးခဲ့ရပါ ၊ ဒီလင်ဒီမယားကိုရော …..သားလေးကိုရော မိသားစုကိုရော…. တံဆောင်းတိုင်ကိုမှီပြီး အချိန်အတန်ကြာ..ငိုနေမိခဲ့တယ်။။။။မိသားစုကို ဒီရောဂါအကြောင်းပြောပြဘို့ ကျွန်မသတ္တိမရှိပါဘူး… သူတို့ကရော ကြားဝံပါ့မလား။။။။။။ ပတ်ဝန်းကျင်ကရောဘာပြောမလဲ ။။။။ မိသားစုအရေးကိုဆင်ခြေပေး ဆင်းရဲခြင်းကိုခုတုံးလုပ်ပြီး မကောင်းမှုနဲ့စီးပွားရှာတာကို အပြစ်လို့မသတ်မှတ်ကြရင်တောင် ဒီရောဂါဆိုးကြီးအတွက် ဘယ်လိုဝေဖန်ကြမလဲ…။။။။။။။။။။။ ဒီရောဂါရတဲ့ ..အမေကို..သားကရောဘယ်လိုမျက်နှာနဲ့ကြည့်နေရှာမလဲ…….ဒါပေမယ့် အရာအားလုံးဟာနောက်ကျခဲ့ပြီဆိုတာကို……ကျမသိတယ်။။။။ လုံးချေဆုတ်ကိုင်ထားတဲ့စာရွက်လေးကိုဖြန့်ကြည့်မိတယ်….ခပ်သော့သော့ရေးထားတဲ့ဆရာဝန်လက်ရေးတွေနဲ့ ဆေးစစ်ချက်ကလေးဟာ…ကျွန်မဘဝရဲ့ သေမိန့် စာရွက်ကလေးမှန်း ကျွန်မအခုသိခဲ့ရပြီ။။။။။။။ မိုက်မဲတယ်လို့ပဲပြောပြော လူသားမဆန်ဘူးပဲပြောပြော။။။။။ကျွန်မအမိုက်မဲဆုံး […]