(အေ)ကိုက်နာ(ဇာတ်သိမ်း)……။။။
(အေ)ကိုက်နာ(ဇာတ်သိမ်း)……။။။
ဘုရားရိပ်ကအေးချမ်းပေမယ့် ………
ရင်ထဲမှာ တော့ပူလောင်နေတယ် တစ်ခါတစ်ခါထထပြီးဆုတွေပေးနေတဲ့ တန်းဆောင်းထဲက အလှူခံလူကြီးရဲ့ လော်စပီကာထဲက အသံက
ကျွန်မကိုလှောင်ပြောင်နေသလိုပဲ…….။။။။။။။။ ဇောတိက အနာထပိဏ် တို့လိုပြည့်စုံကြွယ်ဝပြီးလျှင် အနာမဲ့သူရှင်ဗာကူကဲ့သို့ စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြလျှက်
ဒီလင် ဒီမယားဒီသားသမီးနဲ့ အိုအောင်မင်းအောင်ပေါင်းသင်းနိုင်ကြကာ ဆတက်တပိုးတိုးလို့လှူဒါန်းနိုင်ကြပါစေဗျာ။။။။။။။……..
ကျွန်မ ဇောတိက သူဌေးကြီးကိုမမြင်ဘူးပါ ၊ ရှင်ဗာကူ ကိုလည်း မဖူးခဲ့ရပါ ၊ ဒီလင်ဒီမယားကိုရော …..သားလေးကိုရော မိသားစုကိုရော….
တံဆောင်းတိုင်ကိုမှီပြီး အချိန်အတန်ကြာ..ငိုနေမိခဲ့တယ်။။။။မိသားစုကို ဒီရောဂါအကြောင်းပြောပြဘို့ ကျွန်မသတ္တိမရှိပါဘူး…
သူတို့ကရော ကြားဝံပါ့မလား။။။။။။
ပတ်ဝန်းကျင်ကရောဘာပြောမလဲ ။။။။
မိသားစုအရေးကိုဆင်ခြေပေး ဆင်းရဲခြင်းကိုခုတုံးလုပ်ပြီး
မကောင်းမှုနဲ့စီးပွားရှာတာကို အပြစ်လို့မသတ်မှတ်ကြရင်တောင်
ဒီရောဂါဆိုးကြီးအတွက် ဘယ်လိုဝေဖန်ကြမလဲ…။။။။။။။။။။။
ဒီရောဂါရတဲ့ ..အမေကို..သားကရောဘယ်လိုမျက်နှာနဲ့ကြည့်နေရှာမလဲ…….ဒါပေမယ့်
အရာအားလုံးဟာနောက်ကျခဲ့ပြီဆိုတာကို……ကျမသိတယ်။။။။
လုံးချေဆုတ်ကိုင်ထားတဲ့စာရွက်လေးကိုဖြန့်ကြည့်မိတယ်….ခပ်သော့သော့ရေးထားတဲ့ဆရာဝန်လက်ရေးတွေနဲ့
ဆေးစစ်ချက်ကလေးဟာ…ကျွန်မဘဝရဲ့ သေမိန့် စာရွက်ကလေးမှန်း ကျွန်မအခုသိခဲ့ရပြီ။။။။။။။
မိုက်မဲတယ်လို့ပဲပြောပြော လူသားမဆန်ဘူးပဲပြောပြော။။။။။ကျွန်မအမိုက်မဲဆုံး ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။။။။
အဲဒီဆုံးဖြတ်ချက်ဟာ…ကျွန်မကို လူ့လောက ကနေအကျိုးမဲ့ မြန်မြန်ထွက်ခွာသွားစေလိမ့်မယ်လို့ အဲဒီတုန်းကမစဉ်းစားမိခဲ့ဘူး
အခုတော့။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စိတ်ဓါတ်ကျဆင်းခြင်းဟာ..ဒီဝေဒနာကို …ပိုဆိုးဝါးစေတယ်ဆိုတာ ကျွန်မမသိဘူး
ဒါပေမယ့် အိမ်သားတွေရှေ့မှာ ကျွန်မဘာမှမဖြစ်သလိုပဲနေတယ် ..အရင်ကဖောက်သယ်တွေ လာခေါ်ရင် လိုက်သွားတယ်
မိသားစုစားဝတ်နေရေးရှိသေးတယ်လေ…ကျွန်မ မိသားစုရဲ့ ဝင်ငွေဟာ ကျွန်မဆီကပဲဖြတ်သန်းဆီးဆင်းလာခဲ့တာကြာခဲ့ပြီကိုး..
ဒီအခြေအနေကျမှ ဒီလုပ်ငန်းကိုရပ်ပြီး ကျွန်မဆေးကုဘို့ နားလိုက်ရင် ဒီဝင်ငွေကဘယ်သူ့ဆီကဝင်လာရမလဲ…
အဲဒီလိုလုပ်ဘို့မဖြစ်နိုင်ပါဘူး..နားလိုက်လို့လုံးဝမရဘူးလေ။။။။
အရင်ဆက်ဆံနေကြလူတွေ ကိုတော့ ကွန်ဒုံး သုံးဘို့ ကျွန်မနဲ့ ဆက်ဆံတိုင်းသတိပေးတယ်
တစ်ခါတစ်လေ……. ကြားဖေါက် လာခေါ်တဲ့လူတွေကိုလည်းပြောပါတယ် ဒါပေမယ့်တစ်ချို့က ငြင်းဆန်ကြတယ်
တစ်ချို့က ……..လူစိတ်ပျောက်အောင်မူးနေကြတယ် လေ ..ဒါပေမယ့်မိသားစုအရေးထက်တော့
ကျွန်မဘယ်သူ့ကိုမှမညှာတာနိုင်ခဲ့ဘူး…ကျွန်မသိပ်မိုက်မဲခဲ့တယ်။။။။။။။
အဲဒီလို လိင်ဆက်ဆံမှုတွေဟာ ဝေဒနာသည် တစ်ယောက်အနေနဲ့ အားအင်ကို လျှင်မြန်စွာဆုတ်ယုတ်စေတယ်လို့ကျမထင်တယ်
အဲဒီလိုလုပ်ပြီးပြန်လာတိုင်း အိမ်ပေါ်ကိုရောက်အောင်မတက်နိုင်ဘူး မောမောနေတယ်
အိမ်ရှေ့ဖိနပ်ချွတ်မှာခဏလေးနား ပြီးမှ အိမ်ပေါ်တက်နိုင်တယ်….
ညဘက်တွေဆိုလည်း ဘာမှန်းမသိချောင်းတွေဆိုးလာတယ်….
တစ်ရက်ထမင်းစားရင် သိပ်စပ်နေလို့ မှန်ထဲမှာပါးစပ်ဟကြည့်တော့…..အနီရောင်အစက်အစက်နဲ့ တစ်ချို့အကွက်ကလေးတွေထနေတယ်
ထမင်းစားလို့မရတော့အောင်စပ်တယ်။။။။။။
အရင်က စိုပြေနေတဲ့အသားရေဟာမွဲခြောက်လာတယ် မျက်နှာတစ်ဝိုက်ကအသားတွေမှာမည်းလာလို့ မိတ်ကပ်ကိုထူထူလိမ်းထားရတယ်
မျက်တွင်းကျလာတယ် မျက်ကွင်းတစ်ဝိုက်ဟာညိုမည်းလာတယ်…
လည်ပင်းနားတစ်ဝိုက်မှာအကြိတ်တစ်ချို့နဲ့ စမ်းကြည့်ရင်နာနေတတ်တဲ့ အဖုတွေထွက်လာတယ်
ဖျားနေသလိုမျိုး ကိုယ်အပူက တရှိန်းရှိန်း နဲ့ အိပ်ယာထဲမှာပဲခွေနေချင်တယ်..
ညဖက်ချောင်းဆိုးတဲ့ အရှိန်နဲ့ အိပ်ရေးပျက်တဲ့ညတွေများလာခဲ့တယ် အပြင်ဆေးဆိုင်က အဖျားပျောက်ဆေး
ချောင်ဆိုးပျောက်ဆေး တွေကဘယ်လိုမှမသက်သာနိုင်ပါဘူး ။။။။။။ ဒီလောက်ကြီးမြန်မြန် ဖြစ်လာလိမ်မယ်လို့မထင်မိဘူး
နှစ်လအတွင်း နာတာရှည်လူမမာတစ်ယောက်လို အိပ်ယာထဲမှာပဲ လဲနေရတော့မယ်နဲ့တူတယ်
တစ်ခါတစ်လေ အပြင်လေးဘာလေးသွားရင်တောင်အရမ်းမောနေတော့တာ
တစ်ခါတစ်လေများ လမ်းထိပ်ဖုန်းဆိုင်ကိုတောင်မသွားနိုင်ဘူး
”’ မမ ကြီးဖုန်းလာနေတယ်တဲ့”’အငယ်မအသံကြောင့်အားယူထရင်း ဖုန်အိမ်ရှိရာကိုသွားခဲ့တယ် လမ်းကိုလည်းဖြည်းဖြည်းပဲလျှောက်နိုင်တော့တယ်
အင်းဒီတစ်ခါလည်း နေမကောင်းလို့ လိုက်နိုင်မယ်မထင်ဘူးအဆင်ပြေအောင်ငြင်းလွတ်ရမှာပဲ။။။
တစ်ခါတစ်လေများ တစ်ရက်ထဲကို ဖုန်းက လေးငါးကြိမ်လောက်လာတာ နေ့တိုင်းငြင်းလွတ်နေရတယ်
မထမ ကတော့ လိုက်လိုက်သွားသေးတယ် အဲဒီလိုလိုက်ပြီး ပြန်လာတိုင်း ခံစားရတဲ့ဝေဒနာက အသက်ထွက်မတတ်ပါပဲ
ရင်တစ်ခုလုံးမွန်းကြပ်နေတတ်ပြီး အသက်ရှုကလည်းမဝဘူး ဖားဖိုကြီးတစ်ခုလို အားယူပြီးအသက်ရှုနေရတယ် မျက်လုံတွေလည်းပြာဝေနေတာပဲ
ခေါင်းတွေတစ်ခုလုံကြိမ်းကိုက်နေပြီး အားအင်ကုန်ခမ်းတဲ့လူလို ပြောခွေနေရတယ် အဲဒီလိုတွေဖြစ်ပြီးကထဲက ကျွန်မ ဒီလိုလိုက်သွားရမှာကိုကြောက်လာခဲ့တယ်
ဒါကြောင်းအကြိမ်ကြိမ် ငြင်းနေရတာ ဖုန်းဆက်တဲသူတိုင်းကို နေမကောင်းဘူးပြောနေရတော့ သူတို့လည်းမယုံခြင်ကြတော့ဘူး
အငယ်မကိုပဲဖုန်းသွားပြောခိုင်းရတဲ့ အခါတွေကများလာပြီ…။။။။။။။။။။
တစ်နေ့ တော့။။။။။။။
” မမကြီးဖုန်းလာတယ်တဲ့ ….။။။။။အငယ်မ ငါနေမကောင်းဘူးလို့ နင်ပဲသွားပြောလိုက်။။။။အိတ်ထဲမှာပိုက်ဆံယူသွားလိုက် ။။။။
အငယ်မပြန်လာတော့ မျက်ရည်လေးဝဲလို့ ။။။ဟဲအငယ်မ ဘာပြောလဲ..။။။။ အဲလိုမေးလိုက်ခါမှ အငယ်မဆီကငိုရှိုက်သံထွက်လာပါတော့တယ်
ဟဲ..ဒီကောင်တွေနင်ကိုဘာပြောလို့လဲ ပြောစမ်း……။။။။.သူတို့က နင့်အမ နေမကောင်းရင် နင်လိုက်မလားတဲ့ နင့်အမထက်ပိုပေးမယ်တဲ့..အီး …ဟီး..ဟီး…။။။။
တောက်။။။။။။မိုက်ရိုင်းတဲ့ကောင်တွေ ……တောက်တစ်ချက်ကို ပြင်းပြင်းခေါက်မိပေမယ့်…အရာအားလုံးဟာဘယ်သူမပြုမိမိမှုပါပဲ…..။။။
တော်ပြီနောက်ဆိုငါပဲဖုန်းသွားပြောမယ်…..။။အငယ်မငိုရှိုက်သံကိုမျက်ကွယ်ပြုလိုက်မိတယ်…အိပ်ခန်းထဲကိုရောက်မှအားရပါးရငိုချလိုက်တော့တယ်။။
ဖုန်းဖိုးပေးလိုက်စဉ်က ပြားကပ်နေတဲ့ ပိုက်ဆံအိတ်လေးဟာ ကျွန်မကိုအချက်ပေးနေပါပြီ ဒီတစ်ခေါက်တော့လိုက်သွားအုံးမှ။။။။
တစ်ပါတ်လောက်အတွင်း ဖောက်သည်တွေနဲ့ နှစ်ကြိမ်လောက် လိုက်ခဲ့ပြီးတဲနောက်ကျမအခြေအနေ တော်တော်ဆိုရွားလာခဲ့တယ် လမ်းတောင်ထမလျှောက်နိုင်
လောက်အောင်ဖြစ်လာခဲပြီလေ။။ အဲဒီဝင်ငွေလေးနဲ့ အိမ်ကမိသားစုတွေအတွက်ကျွန်မရင်လေးနေမိတယ် အခုကျွန်မအိပ်ယာထဲလဲနေပြီလေ….
ကျွန်မလူမမာလုံးလုံးဖြစ်ခဲရပြီး လုံးဝ မထနိုင်တော့ဘူး။။စကားပြောတာတောင်အားယူပြီးပြောနေရတယ်။။
အိမ်သားတွေက အကြိမ်ကြိမ် ဆေးခန်းပြဘို့ တိုက်တွန်းပေမယ့် ကျမဘာမှမဖြစ်ကြောင်းမသွားချင်ကြောင်းသာအကြိမ်ကြိမ်ငြင်းဆန်လိုက်တယ်
သူတို့ရဲ့ သံသယ မျက်ဝန်းတွေကိုကျမသိနေတယ်လေ သူတို့တစ်ခုခု ကိုမသင်္ကာဖြစ်နေကြပုံရတယ်။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။နောက်ဆုံးနေ့။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အိပ်ယာထက်မှာပက်လက်ပဲလေးပဲနေနိုင်တယ်….နည်းနည်းရွှေပြောင်းလိုက်တာနဲ့ မောတယ်
အငယ်မ ခပ်တိုက်တဲ့ဇွန်းလေးထဲကဆန်ပြုတ်ကိုကြည်ပြီး…ထမင်းစားလို့မရတဲ့ ပါးစပ်ထဲကအနာတွေကိုစိတ်တိုနေမိတယ်
အရင်ကလှပခဲ့တဲကျမ ……အခုတော့ ညိုမဲမွဲခြောက်တဲ့အသားရေတွေနဲ့
အလုပ်လုပ်ဖို့လား အောင်မလေးသေရုံပဲရှိတော့မယ်။။။။။
“”သမီးရေ….ခေါင်ရင်းအိမ်က ရေဖိုးလာတောင်းတယ်”” အဖေ့အသံ ။။။.အားတင်းပြီး အိပ်ယာအောက်ကပိုက်ဆံအိတ်ကို
နှိုက်ယူလိုက်တယ် ။။။..ရော့အငယ်မ….သွားပေးလိုက်။။။။။
ဒုက္ခ ပိုက်ဆံပြတ်တော့မယ် မဖြစ်သေးပါဘူးတစ်ခုခုတော့လုပ်အုံးမှပါ။။။
ဖောက်သည်တွေကလဲ ဖုန်းဆက်ခေါ်တိုင်း မလိုက်ကြတော့ သိပ်မခေါ်ကြတော့ဘူး
အခုဆို..ဒီအခြေအနေနဲ့အလုပ်လုပ်ဖို့မဖြစ်နိုင်တော့ဘူး … ဒါပေမယ့် ဒီအသုံးစရိတ်တွေက ကျမတာဝန်တွေဖြစ်လာမှာလေ
အချိန်တန်လို့ လက်ဝါးဖျန့်လာမယ့် မျက်နှာတွေနဲ့ မီးဖိုချောင်ထဲက အိုးတွေ အိုးမဲ မပေနိုင်တဲ့ရက်တွေရောက်လာတော့မယ်
အလုပ်လုပ်ဘို့အင်အားကမရှိ ခေါ်မယ့်သူ့ရှိရင်တောင်လိုက်နိုင်ပါ့မလား
အားတင်းပြီးတော့ သွားရမှာပဲလေ….အားလုံးတော့အငတ်မခံနိုင်ဘူး။။။။
”’ အမရေ ဖုန်းလာနေတယ်တဲ့…ပြောခိုင်းလိုက်လို့””
ဘေးအိမ်က ကလေးတစ်ယောက်ရဲ့အသံ။။။။။။”” အငယ် မ မမကြီးကိုတွဲစမ်း ဖုန်းအိမ်ကိုလိုက်ပို့။။။
လမ်းတစ်လျှောက်ဖြည်းဖြည်းလျှောက်နေရတယ် မောလိုက်တာ ခေါင်းတွေလည်းခြာခြာလည်အောင်မူးနေတာပဲ။။
ဖုန်းခွက်ကိုကိုင်လိုက်တော့ ဟိုသူဌေးသားလေ ကားနဲ့လာခေါ်မယ်တဲ့ ။။အင်းလို့ ပဲပြောလိုက်ရတယ်လူကအရမ်းမောနေပြီ။။။
အိမ်ပြန်လာခဲတယ် ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ မျက်နှာကို အစွမ်းကုန် ချယ်သလိုက်တယ် ဒါပေမယ်မျက်တွင်ကျတာတွေကဖျောက်လို့မရနိုင်ဘူးလေ
နေကာမျက်မှန် လှလှလေးတစ်ခုထုတ်ပြီးတပ်ကြည့်တယ်။။။။။။။။။။။။။။ အင်း။……အဆင်ပြေသားပဲ။။။။။။။။
အဖေနဲ့ ညီမလေးကမသွားပါနဲ့ သမီးရယ်တဲ့ ကျမ်းမာရေးကောင်းတာမဟုတ်ပဲနဲ့တဲ့ ..သူတို့ကိုဘာမှပြန်မပြောလိုက်တော့ဘူး
ဟယ်မေ့တော့ မလို့ …ဟိုဆေးစာလေး ဗီရို အံဝှက်လေးထဲက က ဆေးစာရွက်ထပ်ကလေးကိုဆွဲထုတ်လိုက်တယ်
မတတ်နိုင်ဘူး ..အရင်စစ်ခဲ့ဖူးတဲ့ ဆေးစာတွေထဲက အနီးစပ်ဆုံးတစ်ရွက်ကိုရွေးယူလိုက်တယ်။။။။
“””””မောင်လေးရေ …မမကိုဆိုက်ကားခေါ်ပေးနော် လမ်းလျှောက်ရတာမောလို့””””””
။။။။။။။အတန်ကြာတော့ ဆိုက်ကားရောက်လာတာနဲ့ လမ်းထိပ်ထွက်လာလိုက်တယ် …ကားအကောင်းစားကြီးကအဆင်သင့်။။။။။။
။။။။။။။။။။။။။။။ကုတင်ပေါ်မှာ။။။။။။။။။။။။
အသက်ရှုကြပ်တယ် အား မောလိုက်တာ ကျွန်မကိုပြန်ပို့ပေးပါနော် ….. ကျွန်မကိုပြန်ပိုပေးပါ….
ကျမ လုံးဝ မခံစားနိုင်တော့ဘူး အမေရေး …….. အား ……..မောတယ်မောတယ်…. မြန်မြန်ပြန်ပို့ပေးပါရှင် ….
ကျွန်မသေတော့မယ်…အမလေး….ကယ်ကြပါ။။။
ကားစက်နိုးသံ ကြားလိုက်ပြီးတဲ့နောက်မှာ …မျက်လုံးထဲမှောင်မိုက်သွားပြီးဘာကိုမှမသိနိုင်တော့ပါ။။။။။
******************************************************************************************************************
သတိရတဲ့အချိန်မှာ အိမ်ပေါ်မှာ…… ကျမ လက်ထဲမှာမလွတ်တမ်း ဆုတ်ကိုင်ထားတဲ့ ဆေးစာ စာရွက်နဲ့ပိုက်ဆံတစ်ထပ်ကို
အဖေ့လက်ထဲထည့်လိုက်တယ် …အားငယ်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေကြတဲ …မိသားစုတွေရဲမျက်နှာကို မျက်ဝန်းထဲမှာဝေဝေဝါးဝါးပဲမြင်ရတော့
သားလေး…လက်တစ်ဖက်နဲစမ်းသပ်ရှာဖွေရင်း…သားလက်လေးကိုဆုပ်ကိုင်ထားမိတယ်….အမေ့ကိုခွင့်လွတ်ပါသားရယ်…..။။။။။။။။။။။
******************************************************************************************************************
နဒီ(ခ) မဝင့်ဝါအေး
အသက်(၃၃)နှစ်
(…/../..)ရက်နေ့ နေလည်(၂း၂၅)တွင်ကွယ်လွန်သည်။။။။
မွေးလာကတည်းက …လမ်းလျှောက်ဖို့ကြိုးစားကြတယ်
ပထမ ဝမ်းယားထိုးသွားတယ်…ဒီလိုသွားရတာကိုမကြေနပ်နိုင်ဘူးလေ
နောက်မတ်တပ်စမ်းလျှောက်တယ်….အကြိမ်ကြိမ်လဲလို့နာကျင်ပေမယ့်
အမှတ်မထားနိုင်ဘူးလေ…..လူ့ဘဝမှာကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးသွားနိုင်တဲ့နေ့ကို
လူသားတိုင်းမှတ်မိကြမယ်ဆိုရင်…..အဲဒီနေ့ဟာလူ့ဘဝအတွက် ပျော်စရာအကောင်းဆုံးနေ့လို့ပဲထင်တယ်
လူပီသ အောင်ခြေဖဝါးနှစ်ဖက်ပေါ် …လမ်းလျှောက်ကြရတယ်..။။။။။။
လူသားတိုင်းလမ်းလျှောက်ကြတယ်……အဲဒီလိုလျှောက်တဲ့….လမ်းတွေခြင်းသာ မတူကြတာပါ
အားလုံးကတော့ …..လူသားဖြစ်ရေးအတွက် ခြေဖဝါးနှစ်ဖက်ပေါ် မတ်မတ်ရပ်
လမ်းလျှောက် နေကြရတုံးပါပဲ။။။။။
လမ်းလျှောက်သူတိုင်း ..လူသားဆန်နိုင်ကြပါစေ။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
21 comments
etone
July 8, 2011 at 11:42 am
ပိုက်ဆံဆိုတာမျိုးက သူဌေး သူကြွယ်တောင် အမြဲလိုနေတာမျိုးပါ … ရောင်ရဲ တင်းတိမ်မှူမရှိလျှင် ဘဝပျက်ရတာပဲ … ။ ဘယ်သူ့အတွက်ပဲ ရှာရှာ … မျက်လုံးထဲ ပိုက်ဆံပဲ မြင်နေတာကြောင့်….. အလွယ်လမ်းလိုက်မိတာ ။ ဇာတ်လမ်းထဲက ဇာတ်ကောင်ရဲ့ အဓိက ပြသနာက ထိုင်စားမဲ့လူတွေကို ရှာကျွေးရတာမို့လို့ ဒီလိုလမ်းကို ရွှေးရတာလေ.. ။ ဒီအလုပ်က ဝင်ငွေကောင်းလို့ ရွေးချယ်ခဲ့တယ် ဆိုပေမဲ့ … တခြား အလုပ်တွေလည်း အင်တိုက်အားတိုက် ကြိုးစား အားထုတ်မှူရှိလျှင် ဝင်ငွေကောင်းတာပဲ မဟုတ်ဘူးလား ။ အိမ်က ထိုင်စားတဲ့လူတွေ ၊ ရောဂါသည်တွေ အပြင်ထွက်ပြီး အလုပ်မလုပ်နိုင်ဘူး ထားဦးတော ့ တပိုင်တနိုင် အိမ်မှာနေရင်းလုပ်လို့ ရတဲ့ စီးပွားရေးတွေ ဒုနဲ့ ဒေးပါပဲ … ။ ဘယ်လို မိဘမျိုးက သားသမီး xxx အလုပ်လုပ်ပြီး ကျွေးတာ စားရတာ မျိုကျမှာလဲ … ။ ဇာတ်လမ်းမို့ ဆင်ရေးလို့ရတာပါ ။
နောက်ပြီး အလွှာပါးပေမဲ့ ကမာ္ဘခြားသလိုပဲ ဆိုတဲ့လူတွေနဲ့ ကွန်ဒုံး အသုံးပြုပုံ မမှန်လို့ ဒန်းမေ့ချ်ဖြစ်သွားတဲ့ လူတွေလည်း HIV (+) ဖြစ်ပြီး သူထပ်တွေ့မှာပဲ …… ရောဂါလေးတွေ ပိုက်ဆံပေးပြီး ဝယ်ယူလိုက်တာ ဒင်းတို့ မသိလိုက်ပါလားနော် 🙄
နွယ်ပင်
July 8, 2011 at 11:55 am
ဇာတ်လမ်းလေးက အရမ်းကောင်းပါတယ်
ဇာတ်လမ်းထဲကလို နေမကောင်းရက်နဲ့ အလုပ်လုပ်မယ်ဆိုရင်တော့
သူ့ဆီက လေးလုံးရောဂါကို လူဘယ်နှစ်ယောက်လောက် လင့်ဆင့်ကမ်းလိုက်တာလဲ
အပြင်မှာဆိုရင်တော့ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပေါ့
ဇာတ်လမ်း အနေနဲ့ဆိုရင်တော့ အရမ်းကိုဇာတ်နာပြီး မိသားစုအတွက် ကြည့်တဲ့မိန်းကလေး
တစ်ယောက်ရဲ့ ဘဝက သနားစရာပါ ……
char too lan
July 8, 2011 at 12:08 pm
ခံစား……… ကြေကွဲ………… ကြောက်ရွံ ့…………….
တွေးတော…….. ဆင်ခြင်………. ထိန်းသိမ်း…………… သင့်နေပါပီဗျာ…
moethidasoe
July 8, 2011 at 12:52 pm
ဇာတ်လမ်း ဆုံးသွားတော့မှ နည်းနည်း လေကန်ချင်လို့ ..
သူ့ မိသားစု နောက်ခံ ဇာတ်လမ်းမှာ အလုပ်လုပ်တဲ့လူ ရှားနေတာ နည်းနည်း ဘဝင် မကျဘူး ..
မိဘတွေအတွက် .. နောက်ပြီး ဒီအလုပ်လုပ်ရင် .. ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘာလို့များ မလုပ်ခဲ့တာလဲ ..
သူ positive ဖြစ်ပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံတာကြောင့် ဘယ်နှယောက်များ ကူးသွားပြီလဲ ..
နောက်ပြီး အေ က သူ့ကြောင့် သေတာ မဟုတ်ပဲ နောက်ဆက်တွဲ ရောဂါတွေကြောင့်သာ အသေများတာလေ .. သူ မထနိုင်အောင် ဖြစ်နေတာတောင်မှ .. ဆိုတဲ့အတွက်ကြောင့် စိတ်မျက်စိထဲမှာ တွေးကြည့်လိုက်တော့ အတော် ပိန်ချုံးနေပြီပေါ့ .. သုံးချင်တဲ့လူများ ရှိပါ့မလား ..
စီးပွားရေးနိမ့်ကျလို့ ဆိုတဲ့ အချက်နဲ့ ဒီလို ထွက်ပေါက် ရှာတာ .. မရှိဘူးလို့ မပြောပါဘူး .. များများ ရှိနေတာလဲ သိပါတယ် .. အင်းလေ .. နောက်ဆုံးတော့ အလွယ်လမ်း လိုက်တယ်လို့ပဲ အပြစ်တင်မိပါတယ်
ogre
July 8, 2011 at 1:06 pm
တစ်ကယ့်အဖြစ်လေးပါ
ဒီကောင်မလေးရဲ ဖခင်နဲ့ခင်ပါတယ်
သူတို့မိသားစုမှာအလတ်ကောင်ကဆယ်တန်းကျတယ် အရက်သောက်လိုက်အပေါင်းသင်းတွေနဲ့သွားလိုက်
လုံးဝအားကိုးမရတဲ ဂျလေဘီဗျ…အငယ်မကခုတော့ ကျောင်ထွက်လိုက်ပြီ
စက်ရုံတစ်ခုမှာလုပ်နေတယ်…သေမဲ့နေ့က သူအဖေကမသွားဘိ်ု့တားနေရက်နဲ့
နေလည်ပြန်လာတော့မှ..သေသွားတာ……
လောလောလတ်လတ်ကြီး…ထင်တောင်မထင်ဘူး
သေပြီသတင်းကြားတော့မှ..အိမ်မှာသွားမေးတော့မနက်ကအလုပ်လိုက်သွားပြီးမှ
ပြန်လာတော့သေတာတဲ့ မထင်လိုက်ဘူး….
အရင်နေခဲ့တဲ့ လှိုင် တက္ကသိုလ် နားကရပ်ကွက်တစ်ခုမှာပါ
အမည် တွေလွဲပြောင်းထားပါတယ်။။
လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်ကတော့ အဲဒီရောဂါနဲ ဝေဘာဂီဆေးရုံမှာဆုံးတာ
၄/၅ ရက်ရှိပြီပေါ့ ကြောက်စရာပါပဲ။။။။။
moethidasoe
July 8, 2011 at 2:52 pm
တခြား တီဘီတို့ ဘာတို့ဆိုရင် ရုပ်ပျက်နေမှာ .. အခုတော့ သုံးမယ့်သူတွေတောင်မှ မသဒီအောင် ရုပ် မပျက်သေး ဘူး ဆိုရင် ဖြစ်နိုင်ချေ ရှိတာ နှလုံးရောဂါနဲ့ တွဲသွားလို့သာ ဖြစ်မယ်ထင်တယ် ..
AKKO
July 8, 2011 at 4:33 pm
မိသားစုတွေ များလျှက်နဲ့ တက်ညီလက်ညီ ရုန်းကန်ကြလျှင် ဘယ်လိုမှ လမ်းမှားမရောက်နိုင်ပါဘူး …။ အခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီ … မသေခင် ရောဂါဖြန့်သွားသေးတယ် ။ တားဆီးနေတဲ့ကြားက ကူးတဲ့ပိုး ဘယ်တော့မှ ပျောက်ကွယ်မှာလဲ 🙁
hmee
July 8, 2011 at 1:27 pm
အသိတယောက်လည်း အဲဒီရောဂါနဲ့ ဆုံးတာ။ ဦးနှောက်အမှေးယောင်ရောဂါက နောက်ဆုံးဝင်တာပဲ။ ကျောမှာလည်း မီးလောင်ဖုလို အရည်ကြည်ဖုတွေမှ အကြီးကြီးတွေ။ ဝေဘာဂီဆေးရုံမှာ လူနာသွားမေးတော့ မှတ်တောင်မမှတ်မိဘူး။ အရင်က ထောင်ထောင်မောင်းမောင်း သန်သန်မာမာလူက အရိုးပေါ်အရေတင် ကြောက်ဖို့ ကောင်းလိုက်တာ။ သူ့မိန်းမနဲ့ ကလေးလေးလည်း သိပ်မကြာဘူး ဆုံးသွားတယ်။ မျိုးဆက်ကို ပြတ်သွားတာ။ ကြောက်လွန်းလို့ အသံတောင် မကြားချင်ဘူး။ 🙁
စုံ စုံ
July 8, 2011 at 1:48 pm
ဘာကြောင့်ဘဲဒီအလုပ် လုပ်မိမိ
ဉာဏ်လေးနဲ့ယှဉ်ပြီးလုပ်သင့်တာပေါ့
piti
July 8, 2011 at 2:47 pm
တချို့က ကံဇာတ်ဆရာပေးတဲ့ဇာတ်ညွှန်းအတိုင်း ကပြနေကြရတယ်…
တချို့ကတော့ ကိုယ်တိုင်ပဲ ဇာတ်ညွှန်းခွဲပြီး ကပြကြတယ်….
ဘီလူးရဲ့ဇာတ်လမ်းထဲက ဇာတ်ကောင်ကတော့ ကံဇာတ်ဆရာရဲ့ဇာတ်ညွှန်းကို လိုက်ကရင်းနဲ့ ကိုယ်တိုင်ဇာတ်ညွှန်းကိုလိုလားလို့ ဖြစ်သွားခဲ့တယ်လို့ပဲ မြင်ပါတယ်…
မကောင်းတဲ့အလုပ် လုပ်ရတာကတော့ ကံဇာတ်ဆရာရဲ့ အလိုကျပေါ့…
ကွန်ဒုံးလို အကာအကွယ်မသုံးခဲ့တာကတော့ မိမိဇာတ်ညွှန်း မိမိရေးခဲ့တာပဲပေါ့…
အကာအကွယ်ဆိုတာ သေချာစဉ်းစားကြည့်ရင် ကာယကံရှင်တွေအတွက်ပဲလေ…. ဟုတ်ဘူးလား….
မိမိဇာတ်ညွှန်း မိမိ သေချာပိုင်နိုင်စွာ ရေးသားနိုင်ကြပါစေ….
cherrywine
July 8, 2011 at 3:10 pm
ဖတ်ပြီးတော့ စိတ်ထဲမကောင်းလိုက်တာနော် … ပထမ အပိုင်းတစ်ကို စဖတ်ထဲက စိတ်ထဲတစ်မျိုးကြီးဖြစ်ပြီး ညဘက်ဘုရားရှိခိုးတော့ သတိရပြီး မေတ္တာပို့မိသေးတယ် ။ဘယ်သူကတော့ အဲ့လိုဖြစ်ချင်ပါ့မလဲနော် … ကံတရားပေါ့ 🙁
pooch
July 8, 2011 at 6:45 pm
ပွင့်သော ပန်းတိုင်းလန်းစေချင်……
nature
July 8, 2011 at 7:10 pm
ြုပည့်တန်ဆာဆိုတာ နဂိုတည်းကရှိတာပဲ။ အရင်တုန်းကရော AIDS ရောဂါမရှိဘူးလား။ အရင်တုန်းကတော့ အနာကြီးရောဂါဆိုတာကြားဖူးတယ်။ AIDS နဲ့တူလားတော့မသိဘူး။
maythakhin
July 8, 2011 at 9:56 pm
ပြည့်တာဆန်ဆိုတဲ့ ဘဝကို တကယ်ကို လေးလေးနက်နက်ရေးထားတဲ့ စာအုပ်တစ်အုပ်ဖတ်ဖူးတယ်။ လုံးဝတောင် ပြန်ပြီး ကောမန့် မပေးနိုင်အောင်ဘဲ ရေးထားတာ ။တော်တော်လေးကို ကောင်းပါတယ်။စာပေရသ တော်တော်မြောက်တဲ့ စာအုပ်လေးပါ။ ဆေးပညာအသိတွေလည်းပါတယ်။
ဖတ်ခဲ့ဖူးတာ နှစ်ပေါင်းတော်တော်ကြာပေမဲ့ အခုချိန်ထိ မှတ်မိနေတုန်းပါဘဲ။ “ စမ်းစမ်းအေး(သာယာဝတီ)ရဲ့ ခေါက်ထီးလေးမလုံ့တလုံ ”ဆိုတဲ့ စာအုပ်လေးပါ။ ဗဟုသုတအနေနဲ့ ဖတ်ချင်ရင်ဖတ်လို့ရအောင်ပါ။
kai
July 9, 2011 at 11:43 am
ပြည့်တာဆန် ဆိုတာ.. တမင်တာကာရေးတာလား.. စကားလှည့်နဲ့ရေးလိုက်တာလား သိချင်ပါတယ်..။
ဂေါတမဘုရားရှင်လက်ထက်က.. အလှဆုံးမိန်းကလေးကို လိုချင်သူ ..မင်းသား၊သူကြွယ်တွေများလို့.. တိုင်းပြည်ရဲ့တန်ဆာ (အဆင်တန်ဆာ) အဖြစ်သတ်မှတ်ပြီး ..တလှည့်စီနေနိုင်အောင်… ပြည့်တန်ဆာ လို့အမည်ပေးတယ်လို့ မှတ်ဖူးတယ်..။
ဂေါတမဘုရား အောက်ထပ်မှာတရားဟောနေတုံး..အပေါ်ထပ်မှာ.. အိ်မ်ရှင်ယောက်ျားနဲ့ ကာမဆက်ဆံနေတဲ့ သီရိမာ ဆိုရင်လည်း.. ပြည့်တန်ဆာပဲ…။
ဆိုတော့..
ပြည့်တန်ဆာ က. ပြည့်တန်ဆာနံမယ်နဲ့ တန်သေးရဲ့လား သိချင်မိတာပဲ..။
pan pan
July 11, 2011 at 3:11 pm
အဲဒီတုန်းက ပြည့်တန်ဆာတွေဆိုတာက အိမ်ကြီးရခိုင်နဲ့ ခြွေရံသင်းပင်းနဲ့တဲ့…
မင်းသားတွေ၊ သူဌေးတွေအတွက်ပဲပေ့ါနော်
shwe ni
July 9, 2011 at 4:01 am
လွန်ခဲ့တဲ့ (၂) နှစ်ကျော် လောက် က Bangkok Post ပါတဲ့ သတင်းတပုဒ်ပါဘူးတာ . အဲ တယောက်က ငယ်ငယ်ထဲ က အဲဘဝရောက်ပြီး interview တဲ့အချိန်က သမီးလေးတောင် High School အောင်ပြီးပြီ ။ သူမှာ အဲရောဂါရှိတာကို ဖောက်သည်တွေ သူ့စီမလာတော့မှာစိုးလို့ မပြောဘူးတဲ့ ။ အကာအကွယ် အတွက်ကလည်း သူကပြောပေမဲ့ ဖောက်သည်တွေကမကြိုက်ကြလို့ အကာအကွယ်မယူတာများတယ်တဲ့ ။ ကြောက်စရာကောင်းတာ ဘယ်လောက်တွေကူးပြီးပြီလဲတွေးတောင်မကြည့်ရဲဘူး ။
bigcat
July 9, 2011 at 7:10 am
ငွေအလွယ်ရနေတော့လည်း အခြားအလုပ်တွေကို မစဉ်းစားတော့ဘူးပေါ့။ အသိပညာနဲတာလည်း ပါလိမ့်မယ်။ ဝင်ငွေကောင်းစဉ်၊ ကျန်းမာစဉ်မှာ အိမ်ဆိုင်လိုမျိုး လုပ်ထားရမှာ။ သူ့ကံလို့ပဲ ဆိုကြပါစို့…..
intro
July 9, 2011 at 8:32 pm
လောကမှာ တာဝန်သိတဲ့လူက တာဝန်ပိုတယ်… လူချင်းတူပေမယ့် လူ့တန်ဖိုးချင်း မတူပါဘူး၊ တစ်ချို့တွေက မိမိတစ်ကိုယ်စာ အတွက် အကျိုးပြုနိုင်အောင်လုပ်တယ်၊ တစ်ချို့က မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်အောင် လုပ်တယ်၊ တစ်ချို့ကတော့ အတိုင်းအတာ တစ်ခုအထိ အကျိုး ပြုနိုင်အောင်လုပ်တယ်၊ အချို့ကတော့ မိမိကိုယ်တိုင်လဲ အကျိုးပြုနိုင်အောင် မနေဘူး၊ သူတစ်ပါးကို အကျိုးမပြုနိုင်တဲ့ အပြင် အလုပ်ပိုအောင်ပါ လုပ်ကြတယ်…. ဇာတ်လမ်းက အမျိုးသမီးကတော့ သူ့မိသားစု အတွက် တတ်နိုင်သလောက် အကျိုးပြုဖို့ ကြိုးစားရင်း သူ့ဘဝကို စတေးခဲ့ရတာပါ (အကြမ်းဖျင်းဝေဖန်ချက်ပေါ့လေ)… မိသားစု အတွက် လတ်တလော ဝင်ငွေ ကောင်းတဲ့အလုပ် ကို မလွဲသာလို့ လုပ်ရပါတယ် ဆိုပေမယ့် မိမိလုပ်တဲ့အလုပ်ရဲ့ကောင်းတဲ့အချက်ရော၊ ဆိုးတဲ့အချက်ပါ ထည့်သွင်းစဉ်းစားဖို့သင့်ပါတယ်… သူ့ဟာသူ ရွေးချယ်ခဲ့ တဲ့အလုပ်လား၊ တစ်ယောက်ယောက်ရဲ့ စည်းရုံးမှုမှာ နားယောင်မိလို့လား ဆိုတာကို မဝေဖန်ချင်ပေမယ့်… ဒီဘဝထဲက ရုန်းမထွက်နိုင်ခဲ့တာကတော့ ကံတရားကြောင့်လား၊ သူ့ကို မှီခိုနေတဲ့ ပတ်ဝန်းကျင်ရဲ့ ဒဏ်ကို ခါးစည်းခံခဲ့ရလို့လား၊ တစ်ခြားအလုပ်ကို မလုပ်ချင်ခဲ့လို့လား၊ တစ်ခြားအလုပ်ကို လုပ်ဖို့ အရည်အချင်း မရှိခဲ့လို့လား ဆိုတာကတော့ သူကိုယ်တိုင်သိမယ်ထင်ပါတယ်…..
windtalker
July 9, 2011 at 9:58 pm
အင်း တစ်ကယ့်အဖြစ်အပျက်လေး တစ်ခု ကို ရေးပြထားတယ် လို ့ခံစားရပါတယ်ဗျာ
Yan Shin
July 11, 2011 at 4:24 pm
ဟုတ်တယ်ဗျ။ ကိုကြောင်ကြီးပြောသလိုပဲ။
သေခြာတာတစ်ခုကတော့ သူတို့ကိုယ်တိုင် အခံပညာနည်းကြတာပဲ။(အသိပညာ)
တွေ့ဘူးတယ်၊ အကြံလည်းပြုဘူးတယ်။
အဲဒီကလေးမဆို KTV ကနေပြီး ဓါတ်ဆီဆိုင်မန်နေဂျာနဲ့ညား တိုက်ခန်းနဲ့ ဟန်းဖုန်းနဲ့
တည်တည်ငြိမ်ငြိမ်နေတော့ဘို့ နောင်ရေးစဉ်းစားဘို့။
ဒီလုပ်ငန်းမျိုးဆိုတာ အချိန် အရွယ်က တန်ဘိုးပဲလို့။
ကြာလာလေ ဈေးမရလေပဲလို့။ နောက်ဆုံး ကြေးနဲလာလေ ငွေပိုလိုလာလေပဲလို့( ကျန်းမာရေး)
မောင်လေးတွေကို လမ်းကြောင်း(အသက်မွေးဝမ်းကြောင်းသင်ဘို့)ပေါ်တင်ပေးဘို့။
အလကားပါပဲ။
တစ်မိသားစုလုံးပဲ ဆိုပါတော့ ပေါ့ပေါ့ပါပဲ။
ခုတော့ ယောကျားနဲ့ကွဲ
သူပျော်ရာဘဝထဲမှာပဲ ဆတ်ကော့ လတ်ကော့…………….