Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူကြီးမကောင်းရင် သူကြီးကိုရေး..

ဂ်စ္စူJuly 8, 20111min42917

အရင်က MG ဝင်လိုက်ရင် အနက်ရောက် Background နဲ ့အရင် ပေါ်လာတယ်..
ပြီးမှ…အဖြူပြန်ဖြစ်တယ်…ဒီနေ ့တော့ အနက်ရောက် မပေါ်တော့ပဲ..ဒီအောက်ကလိုပေါ်လာ သဗျ..

“ငါမကောင်းရင် ငါ့ကိုရေး၊ငါ့မိဖုရားမကောင်းရင် ငါ့မိဖုရားကိုရေး၊ငါ့သားသမီးမကောင်းရင် ငါ့သားသမီးတွေကိုရေး၊မင်းတို ့သတင်းစာတိုက်၌ အပြစ်မရှိစေရ၊နန်းတော်တွင်းသို ့ သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ဝင်ထွက်စေ”

မင်းတုန်းမင်းတရားကြီး(၁၈၅၃-၁၈၇၈)မှ ရတနာပုံနေပြည်တော် သတင်းစာ (Mandalay gazette) သို ့ပြောကြားလိုက်သော စကား

ခါတိုင်း မတွေ ့မိပါဘူး..ခုမှ mandalaygazette ဝင်လိုက်ရင် အဲသလိုဖတ်မိတာဆိုတော့..ကြည့်ရတာ
သူကြီးက ရွာသားတွေကို မသိမသာ ဆုံးမထားတာများလား..ဟင်..
မကောင်းတာတွေ ့မိရင် မည်သူမဆို လွတ်လပ်စွာလာရောက်ရေးသားနိုင်တဲ့အကြောင်း ပြောတာဖြစ်ရမယ်။
သူကြီးမကောင်းရင် သူကြီးကိုရေး..ကျနော်မကောင်းရင် လဲ သူကြီးကိုရေး..အဲ………အဲ..မရေးနဲ ့..
ကျနော့်ကိုရေး..
ဦးကြောင်ကြီး..မကောင်းရင် ဦးကြောင်ကြီးကိုရေး….
ကိုပုတို ့ ကိုဘီလူးတို ့မကောင်းရင်လဲ..မကောင်းဘူးရေး..
အင်း…
မကောင်းတာတွေ ့တိုင်းလဲ လျှောက်ရေးမနေကြနဲ ့ဦး..သူကြီး ဘဏ္ဌာထဲ အခွန်ပဲ ကျန်သွားပါဦးမယ်..
ဒါပေမဲ့..သူကြီးက ဘောစိဆိုတာ သိကြလို ့လဲ ရွာသား၊သူ တွေ က ယုံယုံကြည်ကြည်နဲ ့ ကြိုးစားပြီးရေးနေကြတာပေါ့လေ..။
ဟုတ်.ဟုတ်..
ဒါပဲနော်..

ငါမှားတာရှိ…..ရင် တောင်းပန်ပါ…..ဒဲး..ဟယ်…..

17 comments

  • ogre

    July 8, 2011 at 11:34 am

    ဟုတ်တယ်ဟေ့..
    ဒီမနက်ဖွင့်တာအဲဒီစာတန်းလေးတွေ့လိုက်တယ် ချက်ချင်းပြန်ပျောက်သွားလို့ဘာမှန်း
    မသိလိုက်ဘူး…….
    သူများမကောင်းကြောင်း …ကိုယ်ကောင်းကြောင်းများများရေးမှ
    ဒါမှ ငါ့မကောင်းကြောင်းပြန်ရေးလို့မရမှာ…………:P

  • manawphyulay

    July 8, 2011 at 11:50 am

    ရှေးတုန်းက နန်းတော်နံရံကို ထုံးသုတ်လို့ လက်ဖြတ်ခံရတာလည်း ကြားဖူးခဲ့ပါတယ်။ ဖိုရမ်တွေမှာတော့ လည်တတ်ရင် ပျော်စရာ အရမ်းကောင်းပါတယ်။

  • moethidasoe

    July 8, 2011 at 12:04 pm

    အရေးမှားရင် သိန်း ၅ဝ စပေါ်တင်ရမယ် ဆိုလို့ စာနယ်ဇင်း ထုတ်ဝေသူတွေ လှုပ်တုတ်လှုပ်တုတ် ဖြစ်နေကြတယ် .. ဘာနဲ့ ဆော်မယ် ဆိုတာ မသိလို့ တဲ့ .. ညွှန်ချုပ်ကပြောတာတော့ ဒီလောက် မကျပ်ပါဘူးလို့ ဆိုတာပဲ

    MG မှာတော့ ဆော်နေတီးနေတာလဲ ရှိ နှုတ်ထွက်သွားကြတာလဲ ရှိ ပျော်ပျော်ရွှင်ရွှင် ရှိနေကြတာပဲ
    သဂျီး .. ဆုပေးဒဏ်ပေး လုပ်ဦးမှာလား

  • etone

    July 8, 2011 at 12:55 pm

    ဖွင့်ဖွင့်ချင်း အဲ့လိုပေါ်တာဟုတ်တယ် … ဒါပေမဲ့ ခဏပဲ ပေါ်ပြီး အရင်တိုင်းပေါ်လာတယ်လေ…။

  • chitpyae

    July 8, 2011 at 1:00 pm

    MG မှာ စည်းကမ်းအသစ်တွေတိုးတာလား … အဟောင်းတွေကိုပဲ သေချာ မသိတော့လို့လား မသိဘူး။
    သူကြီး က စည်းကမ်းအသစ်ထုတ်မယ်ဆိုရင်တော့ ကြိုပြောမှာပါ နော် …

  • စည်းကမ်းကတော့ လဲ ထုတ်တော့လဲထုတ်မှာဘဲ။
    ဒါပေမယ့်စည်းကမ်းလိုက်တာဘို့ကတော့ ရွာသားတွေရဲ့တာဝန်လေ။
    တစ်ချို့ကတော့ လူကြားကောင်းအောင်သာ ပြောကြတာ ကိုယ်တိုင်စည်းကမ်းဖောက်နေသူတွေလဲတပုံကြီးပါ။
    တစ်ရက်ထဲကို ပိုစ်(2)ပုဒ်ထက်ပိုမတင်ရလို့ လူတိုင်းမြင်အောင်မြန်မာစာနဲ့ရေးထားပေမယ့်
    တစ်ချို့တော့
    မြန်မာစာဘဲမတတ်တာလား?
    ဒါမှမဟုတ်ရွာထဲကထုတ်တဲ့အမိန့်သူနဲ့မသက်ဆိုင်တာလား?
    ဒါမှမဟုတ်ရှေးတုန်းကလို သက်တော်ရှည်အမတ်စာရင်းထဲပါနေလား?
    ဆိုတဲ့ လားတွေထပ်မေးရလောက်အောင်ကို တစ်ရက်နှစ်ပုဒ်ကိုချိုးဖောက်
    တင်ပြီးသားကို နာမယ်ပြောင်းပြီးတင်လိုတင်
    အင်း………….ပြောရမယ်ဆိုပြန်ရင်တော့လဲ အမှတ်ရတာ မနာလို လို့ဆိုဖြစ်လာပြန်အုံးမယ်နော်။

  • pooch

    July 8, 2011 at 4:53 pm

    အဲဒါဆို ရေးပြီ သူကြီးမကောင်းဘူး စည်းကမ်းဖောက်တဲ့ အတွက် ရွာသူရွာသားတွေ အားလုံးကို ပွိုင့် ၅၀၀
    စီ တိုးပေးပါ ပြစ်ဒဏ်ခံတဲ့ အနေနဲ့ ……… လို့ ရေးမိရင်ရော ရလားဟင်…. 🙂
    မရဘူး ဆိုရင်လည်း ဒီစာကို မဖတ်မိဘူး လို့ပဲ သဘောထားလိုက်ပါနော် သူကြီး … ဟဲဟဲ….

  • ကိုကိုလူဆိုး

    July 8, 2011 at 5:19 pm

    အော် ပွိုင့်ဆိုတာက အရေးမကြီးပါဘူး.အားလုံးက ပရော်ဖက်ရှင်နယ်ကြီးတွေလည်းဟုတ်ကြဘူးလေ..
    မန်းကေဇတ်ကြီးကို လူများများသိ ကျွန်တော်တို့ဆိုဒ်က ပထမဆုံးထူးခြားသတင်းတင်တဲ့ဆိုဒ်ဖြစ်မယ်ဆိုရင်
    တခြားပရိတ်သတ်ကလည်း ပိုသိလာမှာပါ။ မန်းကေဇတ်က သတင်းဦးစားပေးပါ ..သတင်းများများကို ဦးစားပေးပီးတင်စေချင်တယ် အကြံပေးတာပါ.. အနုတ်ပြလည်းပြပေါ့။ အနုတ်ပြတဲ့လူတွေကိုတော့စိတ်မကောင်းဘူးဗျာ.. လူတိုင်းကလည်း လူဆိုးလိုထင်ပါတယ် ပွိုင့်ကဘာလုပ်မှာလည်းဗျာ.. ကိုတင်လိုက်တဲ့ပို့ သူများက ဖတ်လို့ တစ်ခုခုအကျိုးရှိမယ်.အသိလေးတစ်ခုရှိ
    မယ်ဆိုရင် တင်ရကျိုးနပ်ပါတယ်..တစ်နာရီလေးရာပေးပီးသုံးရတဲ့ မြန်မာပြည်အင်တာနက်မှာ သုံးတဲ့
    ကျွန်တော်တို့ မန်ဘာဝင်တွေ စေတနာကို အဓိက ထားပီး ပို့စ်တွေကို တင်ပေးတာပါ။
    တစ်ခုတော့ပြောဦးမယ် သူကြီးရေ… ယူနီကုဒ်ယူနီကုဒ်ကြီးဆိုတာကို မန်းကေဇတ်မှာ မချိန်းလိုက်နဲ့ဦးနော်
    အရင်က မြန်မာအိုင်တီမှာ လူဆိုးက မန်ဘာဝင်ပါ .ညတိုင်းပြောဖြစ်တယ်.. http://www.mmitd.com ပါ
    အဲလို မျိုးချက်ဝန်းလေးလုပ်ပေးထားမယ်ဆိုရင် မန်ဘာအချင်းချင်းပိုပီးရင်းနှီးမယ်ထင်တယ်။
    သူကြီးရေ အဲဒါမျိုးလေး လုပ်ပေးပါလား အကြံပြုချက်သက်သက်သာဖြစ်ပါတယ်..

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 8, 2011 at 6:44 pm

    အလို!!!!!!!!!!!!!!!!
    ကျုပ်လို ရုပ်ကချော
    သဘောကကောင်း
    တဲ့လူတစ်ယောက်ကို
    ရုပ်ကဆိုး သဘောကရုပ်မာ 😀
    လုပ်တာကညစ်ပတ်
    ရှစ်စပ်က ဂျင်ဂျင်လည်တဲ့လူက
    ပြောထားလိုက်တာရစရာတောင်မရှိတော့ပါလား
    …………………
    …………………

  • nature

    July 8, 2011 at 7:05 pm

    “ငါမကောင်းရင် ငါ့ကိုရေး၊ငါ့မိဖုရားမကောင်းရင် ငါ့မိဖုရားကိုရေး၊ငါ့သားသမီးမကောင်းရင် ငါ့သားသမီးတွေကိုရေး၊မင်းတို ့သတင်းစာတိုက်အကျဉ်းထောင်အတွင်းသို ့ ဝင်စေ မထွက်စေရ”

  • naywoonni

    July 8, 2011 at 9:20 pm

    စည်းကမ်း ခဏခဏ ထုတ်တယ်ဆိုတာ စည်းကမ်းမဲ့နေသူတွေ များနေကြောင်း ပြယုဒ် တစ်ခုဖြစ်ပါတယ်..။

  • ဆူး

    July 8, 2011 at 9:35 pm

    http://www.myanmargazette.net/54043/computers-technology/learn-more-about-ulcerative-colitis-symptoms-how-it-is-diagnosed

    အဲဒီ ပိုစ် တင်ပြီး ကတည်းက တော်တော် စိတ်ကုန်သွားတယ်။
    ရွာသားတွေ စည်းကမ်း မလိုက်နာလို့ အချင်းချင်း ဝိုင်းပြောလည်း သဂျီ ဆီက အသံ မထွက်ဘူး အားလုံး အေးဆေး.. ဒီတော့.. ရွာသား အချင်းချင်း လိုက်ပြီး စည်းကမ်းနဲ့ လိုက်ညှိတဲ့ လူက လူပေါကြီးလိုလို ဖြစ်နေတယ် ခံစားလာရတယ်။ စည်းကမ်း ပျက်တယ်ဆိုတာ ကူးစက်မြန် ရောဂါ တခုလိုပါပဲ သူလုပ်မှတော့ ငါလည်း လုပ်မယ် ဆိုတဲ့ စိတ်ရှိတတ်ကြတယ်။
    လုပ်ချင်တဲ့ လူတွေ လုပ်ပလေ့စေ.. ကိုယ်တိုင်တော့ မလုပ်မိအောင် နေမယ်လို့သာ တွေးလိုက်တော့တယ်။ အဲဒီထက် ဆိုးဝါးလာရင်တော့ ရွာကို စွန့်ခွာဖို့သာ ရှိတော့တယ်။ ဘာမှ လိုက်မညှိတော့ဘူး။
    ပိုစ်တခုမှာ မန်းထားသလိုပဲ.. စာအုပ်ကြီးသမား စာအုပ်ဆွဲဖြဲ လိုက်လို့ မရှိတော့ဘူးသာ သဘောထားလိုက်တော့မယ်။

  • မင်းပြည့်ရှိန်

    July 9, 2011 at 1:27 am

    “ငါမကောင်းရင် ငါ့ကိုရေး၊ ငါ့မိဖုရားမကောင်းရင် ငါ့မိဖုရားကိုရေး၊ ငါ့သားသမီးမကောင်းရင် ငါ့သားသမီးတွေကိုရေး၊ မင်းတို ့သတင်းစာတိုက်၌ အပြစ်မရှိစေရ၊ နန်းတော်တွင်းသို ့ သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ဝင်ထွက်စေ”

    တိုင်းပြည်ဖွံ့ဖြိုးဖို့ မီဒီယာ သမားတွေ အရမ်း အရေးကြီးပါတယ်…
    သူတို့တွေ အရည်အချင်းရှိသမျှ ပြည်သူက ရတာပါ..
    သူတို့ တင်ပြတဲ့အပေါ်ယုံရတယ်..
    သူတို့ တင်ပြတဲ့အပေါ်မှီခိုနေရတယ်..
    သူတို့ ကောင်းတယ်ပြောရင်.. လိုက်ကောင်းလိုက်ကြပြီး..
    သူတို့က မကောင်းဘူးပြောရင်…လိုက် မကောင်းလိုက်ကြတာပါ..

    မြန်မာနိုင်ငံလို ကိုယ်ပိုင်စဉ်းစားဉာဏ် နည်းသေးသော ပြည်သူတွေ များတဲ့နိုင်ငံဆို မလွယ်လှပါဘူး..
    ပြောသမျှ ယုံတတ်တဲ့သူတွေရယ်…
    ကိုယ့်ခံစားချက်ကို သာ ပြောတတ်တဲ့သူတွေရယ်…

    ဒါကြောင့် သတင်းသမားတွေ…သတင်းဖန်တီးသူတွေက ဘက်လိုက်မှု ကင်းတဲ့သူတွေ များမှ
    ကောင်းစွာ သုံးသပ်ပြနိုင်တဲ့သူ တွေများမှ ဖြစ်မှာပါ..

    ငါမကောင်းရင်.. ငါ့ကိုရေး ဆိုပေမယ့်….
    ကျိုးရှိ ဟုတ်မှန် ဖြစ်ဖို့လိုပါတယ်….
    မှန်တော့မှန်လေရဲ့ အကျိုးမရှိလည်း မကောင်းလှပါဘူး….

    အကျိုးလည်းရှိမယ်.. မှန်လည်းမှန်မယ်ဆိုလို့ကတော့…
    “ငါမကောင်းရင် ငါ့ကိုရေး၊ ငါ့မိဖုရားမကောင်းရင် ငါ့မိဖုရားကိုရေး၊ ငါ့သားသမီးမကောင်းရင် ငါ့သားသမီးတွေကိုရေး၊ မင်းတို ့သတင်းစာတိုက်၌ အပြစ်မရှိစေရ၊ နန်းတော်တွင်းသို ့ သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ဝင်ထွက်စေ”

  • bigcat

    July 9, 2011 at 7:03 am

    သဂျီးမကောင်းရင် လွှတ်တော်အမတ်မင်းထံ သွားရောက်တိုင်ကြားပါ။ ရေးလို့ကတော့ လက်ညောင်းရုံထက် မပို၊ ကီးဘုတ်ပျက်ရုံသာ ရှိပါလိမ့်မယ်….

  • shweaeimsi

    July 9, 2011 at 9:52 am

    လု လူ လူး

    မည်သို့ပင်ဖြစ်စေ…….

    လူတွေသည်
    အကျိုးအကြောင်းလဲ မသိ
    ကျိုးကြောင်းဆင်ခြင်ခြင်းလဲ မရှိ
    အတ္တစိတ်လဲ များလှသည်။
    မည်သို့ပင်ဖြစ်စေ မေတ္တာထား လိုက်ပါ။

    လူတွေသည်
    ကောင်းသောအမှုကို
    သင်မည်မျှပြုသော်လည်း
    မရိုးမသား
    ကိုယ်ကျိုးစီးပွားရေးအတွက်ပါဟု
    စွပ်စွဲကြလိမ့်ဦးမည်။
    မည်သို့ပင်ဖြစ်စေ
    ကောင်းသောအမှုကိုပြုမြဲပြုပါ။

    -သင်အောင်မြင်ပြီဆိုလျှင်
    သင်၌ မိတ်ဆွေအတုအယောင်များရော
    ရန်သူစစ်စစ်များရော
    ရရှိလာလိမ့်မည်။
    မည်သို့ပင်ဖြစ်စေ
    အောင်မြင်ရန်သာ အားထုတ်ပါ။

    -ရိုးဖြောင့်ခြင်း၊ပွင့်လင်းစွာ
    စကားပြောဆိုခြင်းကြောင့်
    သင့်မှာ ထိခိုက်စရာတွေ
    ကြုံကောင်းကြုံရလိမ့်မည်။
    မည်သို့ပင်ဖြစ်စေ
    ရိုးဖြောင့်ပွင့်လင်းစွာသာ
    ပြောဆိုဆက်ဆံပါ။

    -ယနေ့ သင်ပြုသော
    ကောင်းသောအမှုကို
    မနက်ဖြန်
    သူတို့ မေ့ကောင်းမေ့လျော့ကြလိမ့်မည်။
    မည်သို့ပင်ဖြစ်စေ
    ကောင်းသောအမှုကို ပြုမြဲပြုပါ။

    -အကြီးကျယ်ဆုံး
    စိတ်ကူးဉာဏ်ရှိသည့်
    အမြင့်မားဆုံးပုဂ္ဂိုလ်သည်လည်း
    အနုံချာဆုံး စိတ်ထားရှိသည့်
    အသေးမွှားဆုံးပုဂ္ဂိုလ်ထံမှ
    ဝေဖန်ခြင်း၊
    ကဲ့ရဲ့အပုပ်ချခြင်း ခံချင်ခံရနိုင်သည်။
    မည်သို့ပင်ဖြစ်စေ
    ကြီးကျယ်မြင့်မြတ်စွာသာ
    စဉ်းစားကြံစည်ပါ။

    -လူတွေသည်
    နိမ့်ပါးသူအောက်လူများကို
    စေတနာပိုတတ်ကြသည်ဆိုလဲ
    လက်တွေ့၌
    အပေါ်စီးရသူ၊
    ထိပ်ဆုံးလူများ
    နောက်သို့သာ လိုက်ပါကြသည်။
    မည်သို့ပင်ဖြစ်စေ
    နိမ့်ပါးသူအောက်လူတို့အတွက်သာ
    ရပ်တည်တိုက်ပွဲဝင်ပေးပါ။

    -နှစ်ပေါင်းများစွာ
    သင်တည်ဆောက်ခဲ့သောအရာသည်
    နေချင်းညချင်းပြိုလဲ
    ဖျက်ဆီးခြင်းခံချင်ခံရလိမ့်မည်။
    မည်သို့ပင်ဖြစ်စေ
    တည်ဆောက်စရာရှိတာကို
    ဆက်၍သာတည်ဆောက်ပါ။

  • shweaeimsi

    July 9, 2011 at 10:00 am

    သဘောကျတယ်…..ယူသုံးအုံးမယ်..

  • pan pan

    July 11, 2011 at 2:51 pm

    အဲဒီမင်းတုန်းမင်းကြီးကိုမေးချင်တယ်
    သတင်းစာတိုက်ကလူတွေ မကောင်းရင်ရောလို့ 😀

Leave a Reply