alinsettJune 3, 20121min1155
ကျွန်တော်ပြောသော စကားလုံးသည် ဘာဘာ … ဟက်ဆန်ပြောသော စကားလုံးသည် အေမား … ။ ကျွန်တော့်အမည် အေမား။ အတိတ်ကို ပြန်တူးလိုက်တော့ ၁၉၇၅ခု ဆောင်းဥတုနှင့် အလုံးစုံသော နောက်ဆက်တွဲကိစ္စများ ဖြစ်ပေါ်လာခြင်းအကြောင်းအတွက် အခြေခံအချက် အလက်များကို ကျွန်တော် ပြောပြပြီးပြီဟုထင်သည် xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း (၃) အစဉ်အလာစကားတို့အရ ကျွန်တော့်အဖေ ဘာဘာသည် ဘော်လူချစ္စတန်နယ်တွင် ဝက်ဝံတစ်ကောင်ကို လက်နက်မဲ့နပန်းလုံးခဲ့ဖူးသည်။ အကယ်၍သာ ဤပုံပြင်သည် ဘာဘာမဟုတ်ဘဲ အခြားတစ်ယောက်ဖြစ်နေပါက အာဖဂန်တို့၏ ချဲ့ကားတတ်သော သဘောလေးပါဟု ခေါင်းထဲရှင်းထုတ်ပစ်လိုက်မည်မလွဲ။ ကြွားချင်တဲ့ဝေဒနာပါ တကားဟုပင် ယူဆခံရနိုင်သည်။ တစ်ယောက်ယောက်က ငါ့သား ဆရာဝန်ကွ ဟုဆိုလျှင် ဖြစ်နိုင်ချေရှိသည်မှာ သူ့သားသည် အထက်တန်းကျောင်းတွင် ဇီဝဗေဒကို တစ်ကြိမ်တစ်ခါအောင်ခဲ့နိုင်သည်။ သို့သော် ဘာဘာနှင့် ပတ်သက်သည့်ပုံပြင်ဆိုလျှင် မယုံသူမရှိကြ။ […]