alinsettJuly 18, 20121min1716
”နေကောင်းရဲ့လား ကာကာ။ ကျွန်တော်တကယ်မေးနေတာ၊ နေကောင်းရဲ့ လား” ” တကယ်ပြောရရင် သေတော့မှာ” ဟု တဂွီးဂွီးမြည်သောအသံဖြင့်ပြောသည်။ နောက်တစ်ကြိမ်ချောင်းဆိုးပြန်ရာ လက်ကိုင်ပုဝါထဲ သွေးပိုများလာသည်။ ရာဟင်ခန်သည် ပါးစပ်ကိုသုတ်သည်။ ချွေးရွှဲနေသောနားထင်ကို အကျႌလက်စဖြင့် ဆွဲသပ်ပြီး ကျွန်တော့်ကို ဖျပ်ခနဲကြည့်သည်။ သူခေါင်းညိတ်ပြချိန်တွင် ကျွန်တော့် မျက်နှာပေါ်မှ နောက်ထပ်မေးခွန်းကို သူဖတ်ပြီးဖြစ်ကြောင်းသိရသည်။ ”သိပ်မခံတော့ဘူး” ဟု ရာဟင်ခန် လေသံဖြင့်ပြောသည်။ ”ဘယ်လောက်ခံမလဲ” …………………… …………………….. ……………………… ____________________ ”သိပ်မခံတော့ဘူး” ဟု ရာဟင်ခန် လေသံဖြင့်ပြောသည်။ ”ဘယ်လောက်ခံမလဲ” ရာဟင်ခန် ပခုံးတွန့်ပြသည်။ ချောင်းဆိုးပြန်သည်။ ”ဒီနွေအကုန်ကို မတွေ့နိုင်တော့ဘူးထင်တယ်” ”ကျွန်တော်နဲ့အတူ အိမ်လိုက်ခဲ့ပါ ကာကာ။ သမားတော်ကောင်းကောင်း ပြမယ်။ ဆေးပညာတွေ တချိန်လုံးတိုးတက်နေတာ။ ဆေးဝါးအသစ်တွေရှိတယ်။ ကုထုံးအသစ်တွေရှိတယ်။ ကာကာ့ကိုလည်း စာရင်းသွင်း-” […]