မောင်ဆန်းNovember 28, 20115min27317
အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းဆိုတာကို ရွာထဲမှာ ၂၀၀ဝ အဖွဲ့နဲ့ ဒေါ်ပဒုမ္မာ တို့ ကျေးဇူးကြောင့် သိနေခဲ့တာ ကြာပါပြီ ရောက်ဖူးတဲ့ မိတ်ဆွေတွေ ပြောပြလို့လဲ ပါတာပေါ့ ဖတ်ဖူး ကြားဖူးကတဲက သွားချင်နေတာ အရင်ပတ် ပိတ်ရက်ကတော့ အလှူအတန်း ကိစ္စနဲ့ ရောက်သွားခဲ့ပါတယ် ၊ ရောက်ပုံက ဂျပန်က အဘိုးကြီး အဘွားကြီးတွေ စုပြီး သူတို့နိုင်သလောက် မြန်မာနိုင်ငံကို နှစ်စဉ်လာ ပညာသင်ထောက်ပံ့ကြေးပေး၊ လှူတန်းနေတဲ့ အလှူရှင်အဖွဲ့လေး တစ်ဖွဲ့ ရှိပါတယ် ၊ မနှစ်က သူတို့ရောက်လာတော့ အောင်ဇေယျာမင်း ဘုန်းကြီးကျောင်း အကြောင်း ပြောပြတာ စိတ်ဝင်စားတာနဲ့ ဘုန်းကြီးကျောင်းကို ရောက်ပြီး ဝတ္ထုငွေ လှူကြပါတယ် ၊ နောက် ဘုန်းကြီးကျောင်းထဲမှာ စာသင်ကျောင်းရှိတော့ တချို့ ဖိနပ် စီးကြပေမဲ့ […]