မင်္ဂလာရှိသော မြန်မာသက္ကရဇ် ၁၃၇၃ ခုနှစ်မှာ ဂေဇက်မှသူကြီးနှင့်တကွ ရွာသူရွာသားအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည်စုံကြပါစေ။ ကျနော်ဂေဇက်မှာ ပိုစ့်မရေးဖြစ်တာကြာပါပီ။ယခုရေးမယ့်အကြောင်းအရာလေးဟာ ပြည်တွင်း၊ပြည်ပမှာရှိနေကြတဲ့ ညီငယ်၊ညီမငယ်လေးများအတွက်ရည်ရွယ်ပါတယ်။အထူးသဖြင့် စိတ်ဓါတ်ကျပီးမိမိကိုမိမိအားမလို အားမရဖြစ်နေကြတဲ့သူများတွက်ရည်ရွယ်ပါတယ်။ ကျနော်ဟာမည်သူ့ကိုမှ ဆရာလုပ်လိုစိတ်လည်းမရှိပါ။မိမိကိုယ်တိုင်ဖြတ်သန်းလာခဲ့သောဘဝနဲ့ အတွေအကြုံလေးတွေ လက်ဆင့်ကမ်းပေးလိုတဲ့သဘောပဲရှိပါတယ်။လာမည့် စက်တင်ဘာလမှာ ကျနော်အသက်(၄၀)ပြည့်ပါတော့မယ်။ကျနော်အသက်(၁၉)အရွယ်မှစ၍ အနှစ်(၂၀)အတွင်းကြုံတွေ့သမျှ ဗဟုသုတလေးများကို လူငယ်များအတွက်မက်ဆေ့လေးတစ်ခုအဖြစ်ပေးပို့လိုက်တာဖြစ်ပါတယ်။ ယနေ့လူငယ်လေးများ၊များသောအားဖြင့်မိမိရောက်ရှိနေတဲ့ ဘဝအပေါ် အားမရ၊အားမရှိဖြစ်နေကြတာကို ကျနော်ပတ်ဝန်းကျင်မှာရော၊ပြည်တွင်းမှာရှိနေတဲ့ သူတွေရော အွန်လိုင်း စာမျက်နှာပေါ်က အရေးအသားတွေ၊ကဗျာလေးကတဆင့်သိလာရပါတယ်။ဒါကြောင့် စာလေးနည်းနည်းလောက်ရေးချင်တဲ့စိတ်များပေါ်လာခဲ့ပါတယ်။တစ်ချို့က ငါကဘွဲ့လည်းမရ၊စာလည်းမတတ်ဟု မိမိကိုယ်မိမိ အားငယ်သိမ်ငယ်နေကြပါတယ်။ ဘဝမှာ အောင်မြင်ဖို့(သို့)ချမ်းသာဖို့အတွက် ကံ၊ဉာဏ်၊လုံးလ၊ဝီရိယ၊ဇွဲ ဆိုတဲ့ အခြေခံကုန်ကြမ်းတွေကို အချိုးညီစွာနဲ့ အသုံးချတတ်ဖို့ပဲလိုပါတယ်။ ငါကပညာလည်းမတတ်၊အရင်းနှီးလည်းမရှိဘူးဆြိုပီး၊ စိတ်ပျက်အားငယ်နေမဲ့အစား၊ငါဘယ်လို ဒီဘဝကနေရုန်းထွက်မလဲဆိုတာ အရင်ဆုံးစဉ်းစားပါ။အမေရိကန်သမတကြီးလင်ကွန်းဟာ မဟာသိပ္ပံဘွဲ့ရ ပုဂ္ဂိုလ်ကြီးမဟုတ်ပါ။ယနေ့ကမ္ဘာပေါ်မှာချမ်းသာနေသော သန်းကြွယ်သူဠေးကြီးများအားလုံးဟာလည်း ဘွဲ့ရပညာတတ်ကြီးတွေပဲမဟုတ်ပါ။သူတို့ဟာ အသုံးချနည်းပညာတွေနဲ့ ဇွဲ၊လုံ့လ၊ဝီရိယ အားတွေကိုအသုံးပြုပြီး တိုးတက်ကြီးပွါးချမ်းသာလာကြတာပါ။ ဒီနေရာမှာ ကျနော့်ရဲ့ အတွေ့အကြုံလေး […]