black chawNovember 18, 20111min35922
ကျွန်တော် ဒီနေ့ တံခါးစောင့်ကြီးပို့စ် ရေးနေတင်နေရင်း ကမ္ဘာ့ အကြီးဆုံးကျားရိုင်းဥယာဉ်ကြီး ဆိုတာလေးတွေ့လို့ ဖွင့်ကြည့်မိပါတယ်။ အောင်မလေး လှလိုက်တဲ့ ကျားပုံလေးတွေ။ လန်းတယ်ဗျာ။ ပို့စ်တင်သူနာမည် ကြည့်တော့ weiwei တဲ့။ ဒါနဲ့ မနေ့ကလည်း ဧဝရက်တောင်သွားတောလားဆိုလား တွေ့လိုက်ရပါတယ်ပေါ့။ အခုကျွန်တော် ပြန်လည်တူးဆွကြည့်လိုက်တော့ တိမ်မြုတ်မနေသင့်သော အန်တီဝေ ရဲ့ ဓါတ်ပုံပို့စ်လေးတွေရဲ့လင့်လေးတွေကို စုတင်ပေးဖြစ်ပါတယ်။ တစ်နေ့က ကျွန်တော်တင်တဲ့ ဆာဖာရီရိုက်ချက်များဆိုတဲ့ ပို့စ်က ကျားမကြီးကိုတောင် အားနာသွားပါတယ် အန်တီဝေခင်ဗျား။ Weiwei ရဲ့ ပို့စ်တွေကို ပြန်ကြည့်မိတော့ ဂဇက် ရဲ့ အမာခံတစ်ယောက်ဆိုတာ ထင်ရှားပါတယ်။ သူတို့ လုပ်သလောက် ကျွန်တော်တို့ မီဘို့ အများကြီး ကြိုးစားရပါဦးမည်။ ဂဇက် စီနီယာ တစ်ယောက်ရဲ့ ဓါတ်ပုံပို့စ်လေးများကို တတ်နိုင်သလောက် စုစည်းတင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ […]