thit minJanuary 5, 20121min46834
ကိုအောင်ပုရေ ခင်ဗျားနဲ့ကျနော် ပါတ်သက်မှုသိပ်နည်းပါတယ်။ ဒီအချိန်မှာတော့ ရင်းနှီးတယ် ဆိုတဲ့စိတ်နဲ့ ဖတ်ပေးပါ။ ခင်ဗျားက ပွင့်ပွင့်လင်းလင်းပြောတာသဘောကျတဲ့ လူမျိုး ။ အဲဒီလို ပွင့်ပွင့်လင်းလင်းပြောလေ လူဟာအရိုင်းဆန်တတ်လေပါဘဲ။မကောင်းတာကအဲဒါ။ ကောင်းတာက “စေတနာ၊ရိုးသားမှု”ပေါ့။ ဟိတ်ဟန်မထုတ်မှုပေါ့ဗျာ။ ကဲ ကျနော်လဲပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ။ ခင်ဗျား ဆဲပြီးပြောတတ်တာတွေကို ဖယ်လိုက်ရင် အရမ်းကောင်းသွားမှာအမှန်ဗျ။ ကျုပ်လေးစားရတဲ့ ကော်မန့်တေတာသိပ်များများမရှိဘူး။ ခင်ဗျား ပါ တယ်။ ခင်ဗျားအတွေးအခေါ်တွေက ကိုယ်ရည်သွေးမှုကင်းတယ်။ ကောင်းစေချင်တာတွေ တွေ့ ရတယ်။ ပြောပုံဆိုပေါက် မမှန်လို့ နားဝင်ဆိုးနေတာတော့ ရှိတယ်ဗျ။ ကျုပ်ကလူတွေအများကြီးရဲ့ ဆီမီနာတွေနားထောင်ခဲ့၊နားထောင်ဆဲဆိုတော့ ဘယ်စကားဘယ်စိတ်နဲ့ပြောတာ ဆိုတာသိတယ်။ ဘာစကားပြောပြော လွယ်လွယ်နဲ့လဲအထင်မကြီးဘူးဗျာ။ ရှင်းတယ်နော်။ ပြီးတော့အဲဒီလို လူလိမ်မာဆိုတဲ့သူတွေကိုလည်းကျုပ်က သိပ်ပြီးမယုံဘူးဗျ။ဟဲ ဟဲ။ လိ်မ္မာတယ် စာတော်တယ်ဆိုတဲ့သူငယ်ချင်းတယောက်ရယ်။ လူဆိုးလို့နာမည်ကြီးသူငယ်ချင်းတယောက်ရယ် ကျနော်ရယ် သူငယ်ချင်း ၃ယောက်ရှိခဲ့ဘူးတယ်ဗျ။ လိမ်မာကောင် က […]